• International News
    ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး ရာထူးမှနုတ်ထွက်
Ko John
[Unicode Version]

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း နစ်ကီဟာလေး အံ့အားသင့်ဖွယ် နုတ်ထွက်မှုကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

DpFJoIjXUAAyKy7.jpg

အိမ်ဖြူတော်မှာ သမ္မတထရန့်နှင့် အတူတွေ့ရသည့် နစ်ကီ (Photo: Newsweek)



နစ်ကီဟာ မယုံကြည်နိုင်လောက်အောင် အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ်ကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သမ္မတထရန့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ နစ်ကီနဲ့အတူ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သမ္မတထရန့် အစိုးရအဖွဲ့မှ အနည်းငယ်သော အမျိုးသမီးတွေအနက် တစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

_103784511_gettyimages-1040815514.jpg

ကုလသမဂ္ဂ အထွေထွညီလာခံမှာ သမ္မတထရန့်နှင့်အတူ တွေ့ရသည့် နစ်ကီ (Photo: Getty Images)



ရာထူးမှနုတ်ထွက်ရတဲ့ အကြောင်းပြချက်ကိုတော့ နစ်ကီက ပြောကြားခြင်းမရှိခဲ့ပါဘူး။ သို့သော် လာမယ့် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုတွေကိုတော့ နစ်ကီက ပယ်ချခဲ့ပါတယ်။ နစ်ကီက သမ္မတထရန့်အတွက် စည်းရုံးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

"ကျွန်မ ဘာလုပ်သွားမယ်ဆိုတာ စီစဉ်မထားရသေးပါဘူး" လို့လည်း နစ်ကီက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့မှုအတွက် သမ္မတထရန့်ကို ကျေးဇူးတင်ကြောင်းနဲ့ သူမရဲ့ဘဝမှာ ဂုဏ်ယူစရာတစ်ခု ဖြစ်ကြောင်းလည်း နစ်ကီက ပြေပါတယ်။

2018-10-09_235813.jpg

အိမ်ဖြူတော်မှာ သမ္မတထရန့်နှင့် အတူတွေ့ရသည့် နစ်ကီ (Photo: Newsweek)

နစ်ကီဟာလေး (Nikki Haley)

- Nimrata Randhawa အမည်ဖြင့် ရွှေ့ပြောင်းနေထိုင်သူ အိန္ဒိယမိဘနှစ်ဦးက မွေးဖွားခဲ့ပါတယ်။ တောင်ကာရိုလိုင်းနားပြည်နယ် Bamberg မှာ ဆစ်ခ်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းခဲ့ပြီး နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ပါတယ်။

- သူမရဲ့ ပထမဆုံး အလုပ်ဟာ အသက် ၁၃ နှစ်အရွယ်က မိသားစုပိုင် အဝတ်အထည်စတိုးဆိုင်မှာ စာရင်းမှတ်ရတဲ့အလုပ် ဖြစ်ခဲ့ပါတယ်။

DpFSJKvWsAExihE.jpg

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး (Photo: Xinhua)



- ၂၀၁၀ ခုနှစ်မှာ တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ပထမဆုံးအမျိုးသမီးနဲ့ ပထမဆုံး လူနည်းစုမှဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့တဲ့ နစ်ကီဟာ အမေရိကန်ရဲ့ အသက်အငယ်ဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။

- ၂၀၁၅ ခုနှစ်အတွင်း တောင်ကာရိုလိုင်းနားပြည်နယ် Charleston မြို့မှာ ဘုရားကျောင်းသွားတဲ့ လူမည်းတွေကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်လွှတ်တော် အဆောက်အအုံမှာ လွှင့်ထူထားတဲ့ မဟာမိတ်အလံကို နစ်ကီက ဖယ်ရှားပစ်ခဲ့မှုအပေါ် အမေရိကန်တစ်ဝှမ်း ဝိုင်းဝန်းချီးမွှမ်းခဲ့ကြပါတယ်။

- ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း အစောပိုင်းမှာ နစ်ကီက ဒေါ်နယ်ထရန့်ကို ထောက်ခံအားပေးခဲ့ခြင်းမရှိဘဲ ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ် မာကိုရူဘီအိုကို ထောက်ခံခဲ့ပါတယ်။

- နစ်ကီဟာ Army National Guard တပ်ဖွဲ့မှ ဗိုလ်ကြီးမိုက်ကယ်ဟာလေးနဲ့ လက်ထပ်ခဲ့ပြီး ၎င်းတို့မှာ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးရှိပါတယ်။

[Zawgyi Version]

ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ နစ္ကီဟာေလးက ရာထူးကေန ႏုတ္ထြက္စာတင္ခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရန္႕ကလည္း နစ္ကီဟာေလး အံ့အားသင့္ဖြယ္ ႏုတ္ထြက္မႈကို လက္ခံခဲ့တယ္လို႕ ဆုိပါတယ္။

အိမ္ျဖဴေတာ္မွာ သမၼတထရန္႕ႏွင့္ အတူေတြ႕ရသည့္ နစ္ကီ (Photo: Newsweek)



နစ္ကီဟာ မယုံၾကည္ႏုိင္ေလာက္ေအာင္ အေကာင္းဆုံး တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ယခုႏွစ္ကုန္မွာ ရာထူးကေန ႏုတ္ထြက္ေတာ့မယ္လုိ႕ သမၼတထရန္႕က အိမ္ျဖဴေတာ္ ဘဲဥပုံ႐ုံးခန္းမွာ နစ္ကီနဲ႕အတူ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

သမၼတထရန္႕ အစုိးရအဖြဲ႕မွ အနည္းငယ္ေသာ အမ်ဳိးသမီးေတြအနက္ တစ္ဦးျဖစ္တဲ့ အသက္ ၄၆ ႏွစ္အ႐ြယ္ ေတာင္ကာ႐ုိလုိင္းနားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နစ္ကီဟာ ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္အျဖစ္ ၂ ႏွစ္ၾကာ တာဝန္ယူခဲ့ၿပီးေနာက္ ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

ကုလသမဂၢ အေထြထြညီလာခံမွာ သမၼတထရန္႕ႏွင့္အတူ ေတြ႕ရသည့္ နစ္ကီ (Photo: Getty Images)



ရာထူးမွႏုတ္ထြက္ရတဲ့ အေၾကာင္းျပခ်က္ကုိေတာ့ နစ္ကီက ေျပာၾကားျခင္းမ႐ွိခဲ့ပါဘူး။ သုိ႕ေသာ္ လာမယ့္ ၂၀၂၀ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပဳိင္ရန္ျဖစ္ေၾကာင္း ခန္႕မွန္းေျပာဆုိမႈေတြကုိေတာ့ နစ္ကီက ပယ္ခ်ခဲ့ပါတယ္။ နစ္ကီက သမၼတထရန္႕အတြက္ စည္း႐ုံးမႈေတြ လုပ္ေဆာင္သြားမယ္လုိ႕ ဆုိပါတယ္။

"ကၽြန္မ ဘာလုပ္သြားမယ္ဆုိတာ စီစဥ္မထားရေသးပါဘူး" လုိ႕လည္း နစ္ကီက ေျပာခဲ့ပါတယ္။ ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ရခဲ့မႈအတြက္ သမၼတထရန္႕ကုိ ေက်းဇူးတင္ေၾကာင္းနဲ႕ သူမရဲ႕ဘဝမွာ ဂုဏ္ယူစရာတစ္ခု ျဖစ္ေၾကာင္းလည္း နစ္ကီက ေျပပါတယ္။

အိမ္ျဖဴေတာ္မွာ သမၼတထရန္႕ႏွင့္ အတူေတြ႕ရသည့္ နစ္ကီ (Photo: Newsweek)

နစ္ကီဟာေလး (Nikki Haley)

- Nimrata Randhawa အမည္ျဖင့္ ေ႐ႊ႕ေျပာင္းေနထုိင္သူ အိႏၵိယမိဘႏွစ္ဦးက ေမြးဖြားခဲ့ပါတယ္။ ေတာင္ကာ႐ုိလုိင္းနားျပည္နယ္ Bamberg မွာ ဆစ္ခ္ဘာသာဝင္တစ္ဦးအျဖစ္ ႀကီးျပင္းခဲ့ၿပီး ေနာက္ပုိင္းမွာ ခရစ္ယာန္ဘာသာကုိ ကူးေျပာင္းခဲ့ပါတယ္။

- သူမရဲ႕ ပထမဆုံး အလုပ္ဟာ အသက္ ၁၃ ႏွစ္အ႐ြယ္က မိသားစုပုိင္ အဝတ္အထည္စတုိးဆုိင္မွာ စာရင္းမွတ္ရတဲ့အလုပ္ ျဖစ္ခဲ့ပါတယ္။

ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ နစ္ကီဟာေလး (Photo: Xinhua)



- ၂၀၁၀ ခုႏွစ္မွာ ေတာင္ကာ႐ုိလုိင္းနားျပည္နယ္ရဲ႕ ပထမဆုံးအမ်ဳိးသမီးနဲ႕ ပထမဆုံး လူနည္းစုမွျဖစ္တဲ့ အုပ္ခ်ဳပ္ေရးမွဴး ျဖစ္လာခဲ့တဲ့ နစ္ကီဟာ အေမရိကန္ရဲ႕ အသက္အငယ္ဆုံး ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ သူမဟာ ၂၀၁၄ ခုႏွစ္မွာလည္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ျပန္လည္ေ႐ြးေကာက္ခံခဲ့ရပါတယ္။

- ၂၀၁၅ ခုႏွစ္အတြင္း ေတာင္ကာ႐ုိလုိင္းနားျပည္နယ္ Charleston ၿမဳိ႕မွာ ဘုရားေက်ာင္းသြားတဲ့ လူမည္းေတြကုိ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ျပည္နယ္လႊတ္ေတာ္ အေဆာက္အအုံမွာ လႊင့္ထူထားတဲ့ မဟာမိတ္အလံကုိ နစ္ကီက ဖယ္႐ွားပစ္ခဲ့မႈအေပၚ အေမရိကန္တစ္ဝွမ္း ဝုိင္းဝန္းခ်ီးမႊမ္းခဲ့ၾကပါတယ္။

- ၂၀၁၆ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈအတြင္း အေစာပုိင္းမွာ နစ္ကီက ေဒၚနယ္ထရန္႕ကုိ ေထာက္ခံအားေပးခဲ့ျခင္းမ႐ွိဘဲ ဖေလာ္ရီဒါျပည္နယ္ လႊတ္ေတာ္အမတ္ မာကုိ႐ူဘီအုိကုိ ေထာက္ခံခဲ့ပါတယ္။

- နစ္ကီဟာ Army National Guard တပ္ဖြဲ႕မွ ဗုိလ္ႀကီးမုိက္ကယ္ဟာေလးနဲ႕ လက္ထပ္ခဲ့ၿပီး ၎တုိ႕မွာ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးႏွစ္ဦး႐ွိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs