• International News
    အိန္ဒိယလေဆိပ်ရဲတပ်ဖွဲ့ဝင်များ လိုအပ်သလောက်သာ ပြုံးရယ်ကြရန် ညွန်ကြားချက်ထုတ်
Ko John
[Unicode Version]

အိန္ဒိယနိုင်ငံ လေဆိပ်တွေမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အလွန်အကျွံ ပြုံးရယ်ခြင်းမပြုကြရန် ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။

Indian-Airport-960x540.png

Photo: Reuters



၂၀၀၁ ခုနှစ် အမေရိကန် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရခြင်းဟာ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တာထက်ပိုပြီး တရင်းတနှီး ပြုမူဆက်ဆံခဲ့မှုကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက အပြစ်ဖို့ပြောကြားကြောင်း ဒေသခံမီဒီယာတွေက ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။

အိန္ဒိယ လေကြောင်းပျံသန်းမှု ဘေးကင်းလုံခြုံရေး အာဏာပိုင်အဖွဲ့ Central Industrial Security Force (CISF) က လေဆိပ်လုံခြံရေး ရဲတပ်ဖွဲ့ဝင်တွေကို 'အလွန်အကျွံပြုံးရယ်မှု' မှ 'လိုအပ်သလောက်သာ ပြုံးရယ်မှု' သို့ ပြောင်းလဲကျင့်သုံးရန် ညွန်ကြားထားကြောင်း Indian Express သတင်းက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။

d3b983d9-1db2-4950-9b4e-f889556a7e51_16x9_788x442.jpg

Photo: AFP



ယခု အပြောင်းအလဲက CISF အနေနဲ့ ဖော်ရွေမှုထက် သတိဝီရိယ ပိုမိုရှိနေစေရန် ရည်ရွယ်ကြောင်းလည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေတဲ့ Indian Express သတင်းစာက ပြောပါတယ်။

"ကျွန်တော်တို့ ခရီးသည်တွေနဲ့ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီး မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်မှာ ၉/၁၁ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟာ ခရီးသည်တွေကို လိုအပ်တာထက်ပိုပြီး တရင်းတနှီးဆက်ဆံမှုနဲ့ ယုံကြည်မှုကြောင့်ပဲ ဖြစ်ပါတယ်" လို့ CISF အကြီးအကဲ ရာဂျက်ရှ်ရန်ဂျန်က ပြောခဲ့ပါတယ်။

indian-airport-police-will-move-from-a-broad-smile-system-to-a-sufficient-smile-system-over-fears-that-friendly-behaviour-was-compromising-safety-1539068836020-2.jpg

Photo: AFP



လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အပြုအမူပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအကြံပေးသူများနဲ့ သင်ကြားစေမယ်လို့ ရန်ဂျန်ကဆိုပါတယ်။ အိန္ဒိယမှာ ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာမှုနဲ့ ခရီးသွားစရိတ် ပိုမိုသက်သာလာမှုကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ခရီးသည်ဝင်ရောက်မှု ခြောက်ဆတိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။

သို့သော် ခရီးသည်များပြားလာမှုနဲ့အတူ အိန္ဒိယတဝှမ်းရှိ လေဆိပ်တွေမှာ ဝန်ဆောင်မှုနဲ့ ဘေးကင်းလုံခြုံမှု တိုးမြှင့်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲရန်လိုအပ်နေကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

[Zawgyi Version]

အိႏၵိယႏိုင္ငံ ေလဆိပ္ေတြမွာ လုံၿခဳံေရးတာဝန္က်တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကုိ အလြန္အကၽြံ ၿပဳံးရယ္ျခင္းမျပဳၾကရန္ ညြန္ၾကားခ်က္ထုတ္ျပန္ထားေၾကာင္း ေဒသခံမီဒီယာေတြက ေျပာပါတယ္။

Indian-Airport-960x540.png

Photo: Reuters



၂၀၀၁ ခုႏွစ္ အေမရိကန္ အၾကမ္းဖက္တုိက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ရျခင္းဟာ တာဝန္က် လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက လိုအပ္တာထက္ပုိၿပီး တရင္းတႏွီး ျပဳမူဆက္ဆံခဲ့မႈကလည္း အေၾကာင္းရင္းတစ္ရပ္ ျဖစ္ခဲ့တယ္လို႕ အိႏၵိယအာဏာပုိင္ေတြက အျပစ္ဖုိ႕ေျပာၾကားေၾကာင္း ေဒသခံမီဒီယာေတြက ယေန႕ (ေအာက္တုိဘာ ၉ ရက္) ေျပာပါတယ္။

အိႏၵိယ ေလေၾကာင္းပ်ံသန္းမႈ ေဘးကင္းလုံၿခဳံေရး အာဏာပိုင္အဖြဲ႕ Central Industrial Security Force (CISF) က ေလဆိပ္လုံၿခံေရး ရဲတပ္ဖြဲ႕ဝင္ေတြကုိ 'အလြန္အကၽြံၿပဳံးရယ္မႈ' မွ 'လုိအပ္သေလာက္သာ ၿပဳံးရယ္မႈ' သုိ႕ ေျပာင္းလဲက်င့္သုံးရန္ ညြန္ၾကားထားေၾကာင္း Indian Express သတင္းက မ်က္ႏွာဖုံးသတင္းအျဖစ္ ေဖာ္ျပခဲ့ပါတယ္။

d3b983d9-1db2-4950-9b4e-f889556a7e51_16x9_788x442.jpg

Photo: AFP



ယခု အေျပာင္းအလဲက CISF အေနနဲ႕ ေဖာ္ေ႐ြမႈထက္ သတိဝီရိယ ပုိမုိ႐ွိေနေစရန္ ရည္႐ြယ္ေၾကာင္းလည္း အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝေနတဲ့ Indian Express သတင္းစာက ေျပာပါတယ္။

"ကၽြန္ေတာ္တုိ႕ ခရီးသည္ေတြနဲ႕ လုိတာထက္ပုိၿပီး ရင္းရင္းႏွီးႏွီး မျဖစ္ႏုိင္ပါဘူး၊ ဘာေၾကာင့္လဲဆုိေတာ့ အေမရိကန္မွာ ၉/၁၁ အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့ရတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုဟာ ခရီးသည္ေတြကုိ လိုအပ္တာထက္ပုိၿပီး တရင္းတႏွီးဆက္ဆံမႈနဲ႕ ယုံၾကည္မႈေၾကာင့္ပဲ ျဖစ္ပါတယ္" လုိ႕ CISF အႀကီးအကဲ ရာဂ်က္႐ွ္ရန္ဂ်န္က ေျပာခဲ့ပါတယ္။

indian-airport-police-will-move-from-a-broad-smile-system-to-a-sufficient-smile-system-over-fears-that-friendly-behaviour-was-compromising-safety-1539068836020-2.jpg

Photo: AFP



ေလဆိပ္လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ေတြကုိလည္း အျပဳအမူပုိင္းဆုိင္ရာနဲ႕ ပတ္သက္ၿပီး ႏုိင္ငံတကာအႀကံေပးသူမ်ားနဲ႕ သင္ၾကားေစမယ္လုိ႕ ရန္ဂ်န္ကဆုိပါတယ္။ အိႏိၵယမွာ ဆက္သြယ္ေရးစနစ္ ပိုမုိေကာင္းမြန္လာမႈနဲ႕ ခရီးသြားစရိတ္ ပုိမုိသက္သာလာမႈေၾကာင့္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ခရီးသည္ဝင္ေရာက္မႈ ေျခာက္ဆတုိးျမင့္လာခဲ့တယ္လို႕ သိရပါတယ္။

သုိ႕ေသာ္ ခရီးသည္မ်ားျပားလာမႈနဲ႕အတူ အိႏၵိယတဝွမ္း႐ွိ ေလဆိပ္ေတြမွာ ဝန္ေဆာင္မႈနဲ႕ ေဘးကင္းလုံၿခဳံမႈ တုိးျမွင့္ေရးအတြက္ အေမရိကန္ေဒၚလာ ဘီလီယံနဲ႕ခ်ီၿပီး သုံးစြဲရန္လုိအပ္ေနေၾကာင္း ေထာက္ျပမႈေတြလည္း ႐ွိေနပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs