• International News
    အမေရိကန်ကိုဝင်မယ့် ဟာရီကိန်းမုန်တိုင်း လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၅ မိုင်ဖြင့် တိုက်ခတ်နေ
Ko John
[Unicode Version]

အမေရိကန်ကို ဦးတည်တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်ဟာ ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အလွန်အန္တရာယ်ကြီးတဲ့ ပြင်းအားအဆင့် ၄ (category 4) မုန်တိုင်းကြီးအဖြစ်သို့ ပိုမိုအားကောင်းလာခဲ့ကြောင်း သိရပါတယ်။

_103796234_mediaitem103796232.jpg

Photo: AFP



ဟာရီကိန်းမိုက်ကယ် (Hurricane Michael) ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် တိုက်ခတ်နေပြီး ဒေသစံတော်ချိန် ယနေ့ (အောက်တိုဘာ ၉ ရက်) နေ့လယ်ပိုင်းမှာ ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ လူဦးရေ ၃၇၀,၀၀၀ ကို ပိုမိုမြင့်တဲ့ နေရာများသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

DpJd5RyUcAAMadJ.jpg

Photo: OkaloosaSheriff/Twitter



နောက်ဆုံး သတင်းတွေအရ ဟာရီကိန်းမိုက်ကယ် ဖြတ်သန်းတိုက်ခတ်မယ့် လမ်းကြောင်းတစ်လျှောက် နေထိုင်ကြသူတွေဟာ ရွှေ့ပြောင်းရန် အချိန်မမီတော့ကြောင်းနဲ့ နေအိမ်အတွင်း သို့မဟုတ် အကာအကွယ်ရှိတဲ့ နေရာတွေမှာ နေထိုင်ကြရန် အမေရိကန် အာဏာပိုင်တွေကပြောကြောင်း သိရပါတယ်။

[No available link text]

ဟာရီကိန်းမိုက်ကယ်ဟာ ဖလော်ရီဒါ ပင်လယ်ကွေ့ကမ်းရိုးတန်းကို နှစ်ပေါင်း ၁၀၀ အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေအနက် အားအကောင်းဆုံး ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် မမှန်းဆနိုင်တဲ့ အပျက်အစီးတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က သတိပေးခဲ့ပါတယ်။

_103788350_gettyimages-1048158534.jpg

Photo: Getty Images



ဟာရီကိန်းမုန်တိုင်းအရှိန်ကြောင့် ဗဟိုအမေရိကမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မုန်တိုင်းဝင်ရောက်မယ့် ဖလော်ရီဒါပြည်နယ်မှာ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိ ဟာရီကိန်းမိုက်ကယ်ဟာ အလွန်အန္တရာယ်ကြီးတဲ့ ဟာရီကိန်းအဖြစ် တိုက်ခတ်နေကြောင်း မီယာမီအခြေစိုက် National Hurricane Center (NHC) က သတင်းထုတ်ပြန်ထားပါတယ်။

2018-10-10_204933.jpg

Map: Weather Underground



ဟာရီကိန်းမုန်တိုင်းကြောင့် အရှေ့မြောက်ပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသမှာ ပင်လယ်ရေလှိုင်းများ မြင့်တက်မှု၊ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဒေသစံတော်ချိန် ယနေ့မနက် ၇ နာရီအချိန် တိုင်းထွာချက်အရ ဟာရီကိန်းမိုက်ကယ်ဟာ ဖလော်ရီဒါပြည်နယ် ပနားမားမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၉၀ အကွာ ပင်လယ်ပြင်မှာ တည်ရှိနေကြောင်း သိရပါတယ်။

_103782880_tv049858509.jpg

Photo: AFP



ဟာရီကိန်းမိုက်ကယ် တိုက်ခတ်မှုကြောင့် ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဒေသအချို့မှာ ပင်လယ်ရေလှိုင်းအမြင့် ၁၄ ပေအထိ တက်ရောက်လာနိုင်ကြောင်း NHC က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြောင့် မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်းနိုင်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ ဟာရီကိန်းမိုက်ကယ်ဟာ လက်ရှိမှာ မြောက်ဘက်သို့ တစ်နာရီလျှင် ၁၃ မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း သိရပါတယ်။

[Zawgyi Version]

အေမရိကန္ကုိ ဦးတည္တုိက္ခတ္ေနတဲ့ ဟာရီကိန္းမုန္တုိင္း မုိက္ကယ္ဟာ ဖေလာ္ရီဒါျပည္နယ္ ကုန္းတြင္းပုိင္းကုိ မဝင္ေရာက္မီ အလြန္အႏၱရာယ္ႀကီးတဲ့ ျပင္းအားအဆင့္ ၄ (category 4) မုန္တုိင္းႀကီးအျဖစ္သုိ႕ ပုိမုိအားေကာင္းလာခဲ့ေၾကာင္း သိရပါတယ္။

Photo: AFP



ဟာရီကိန္းမုိက္ကယ္ (Hurricane Michael) ဟာ ေလတုိက္ႏႈန္း တစ္နာရီလွ်င္ ၁၅၅ မုိင္ႏႈန္းျဖင့္ တုိက္ခတ္ေနၿပီး ေဒသစံေတာ္ခ်ိန္ ယေန႕ (ေအာက္တုိဘာ ၉ ရက္) ေန႕လယ္ပုိင္းမွာ ဖေလာ္ရီဒါျပည္နယ္ ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္မယ္လို႕ ခန္႕မွန္းထားပါတယ္။

မုန္တုိင္းအႏၱရာယ္ေၾကာင့္ ဖေလာ္ရီဒါျပည္နယ္မွာ လူဦးေရ ၃၇၀,၀၀၀ ကုိ ပိုမိုျမင့္တဲ့ ေနရာမ်ားသုိ႕ ေ႐ႊ႕ေျပာင္းၾကရန္ ညႊန္ၾကားခ်က္ထုတ္ျပန္ထားပါတယ္။

Photo: OkaloosaSheriff/Twitter



ေနာက္ဆုံး သတင္းေတြအရ ဟာရီကိန္းမုိက္ကယ္ ျဖတ္သန္းတုိက္ခတ္မယ့္ လမ္းေၾကာင္းတစ္ေလွ်ာက္ ေနထုိင္ၾကသူေတြဟာ ေ႐ႊ႕ေျပာင္းရန္ အခ်ိန္မမီေတာ့ေၾကာင္းနဲ႕ ေနအိမ္အတြင္း သုိ႕မဟုတ္ အကာအကြယ္႐ွိတဲ့ ေနရာေတြမွာ ေနထုိင္ၾကရန္ အေမရိကန္ အာဏာပုိင္ေတြကေျပာေၾကာင္း သိရပါတယ္။

[No available link text]

ဟာရီကိန္းမုိက္ကယ္ဟာ ဖေလာ္ရီဒါ ပင္လယ္ေကြ႕ကမ္း႐ုိးတန္းကုိ ႏွစ္ေပါင္း ၁၀၀ အတြင္း ဝင္ေရာက္တုိက္ခတ္ခဲ့တဲ့ မုန္တုိင္းေတြအနက္ အားအေကာင္းဆုံး ျဖစ္လာမယ္လုိ႕လည္း ခန္႕မွန္းထားပါတယ္။ မုန္တုိင္းေၾကာင့္ မမွန္းဆႏုိင္တဲ့ အပ်က္အစီးေတြ ျဖစ္ေပၚႏုိင္ေၾကာင္း ဖေလာ္ရီဒါျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ရစ္ခ္စေကာ့က သတိေပးခဲ့ပါတယ္။

Photo: Getty Images



ဟာရီကိန္းမုန္တုိင္းအ႐ွိန္ေၾကာင့္ ဗဟိုအေမရိကမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္အတြင္း မုိးသည္းထန္ၿပီး ေရႀကီးမႈေတြေၾကာင့္ လူ ၁၃ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

မုန္တုိင္းဝင္ေရာက္မယ့္ ဖေလာ္ရီဒါျပည္နယ္မွာ ရာသီဥတုဆုိင္ရာ အေရးေပၚအေျခအေန ထုတ္ျပန္ထားပါတယ္။ လက္႐ွိအခ်ိန္ထိ ဟာရီကိန္းမုိက္ကယ္ဟာ အလြန္အႏၱရာယ္ႀကီးတဲ့ ဟာရီကိန္းအျဖစ္ တုိက္ခတ္ေနေၾကာင္း မီယာမီအေျခစိုက္ National Hurricane Center (NHC) က သတင္းထုတ္ျပန္ထားပါတယ္။

Map: Weather Underground



ဟာရီကိန္းမုန္တုိင္းေၾကာင့္ အေ႐ွ႕ေျမာက္ပင္လယ္ေကြ႕ ကမ္း႐ိုးတန္းေဒသမွာ ပင္လယ္ေရလႈိင္းမ်ား ျမင့္တက္မႈ၊ ေလျပင္းတုိက္မႈနဲ႕ မုိးသည္းထန္စြာ႐ြာသြန္းမႈေတြ ျဖစ္ေပၚႏုိင္ေၾကာင္း သတိေပးထားပါတယ္။

ေဒသစံေတာ္ခ်ိန္ ယေန႕မနက္ ၇ နာရီအခ်ိန္ တုိင္းထြာခ်က္အရ ဟာရီကိန္းမုိက္ကယ္ဟာ ဖေလာ္ရီဒါျပည္နယ္ ပနားမားၿမဳိ႕ရဲ႕ အေနာက္ေတာင္ဘက္ မုိင္ ၉၀ အကြာ ပင္လယ္ျပင္မွာ တည္႐ွိေနေၾကာင္း သိရပါတယ္။

Photo: AFP



ဟာရီကိန္းမုိက္ကယ္ တုိက္ခတ္မႈေၾကာင့္ ဖေလာ္ရီဒါျပည္နယ္ ကမ္း႐ုိးတန္းေဒသအခ်ဳိ႕မွာ ပင္လယ္ေရလႈိင္းအျမင့္ ၁၄ ေပအထိ တက္ေရာက္လာႏုိင္ေၾကာင္း NHC က သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

မုန္တုိင္းေၾကာင့္ မုိးေရခ်ိန္ ၁၂ လက္မအထိ ႐ြာသြန္းႏုိင္ၿပီး ႐ုတ္တရက္ ေရႀကီးမႈေတြ ျဖစ္ေပၚႏုိင္ေၾကာင္းလည္း တာဝန္႐ွိသူေတြက ေျပာထားပါတယ္။ ဟာရီကိန္းမုိက္ကယ္ဟာ လက္႐ွိမွာ ေျမာက္ဘက္သို႕ တစ္နာရီလွ်င္ ၁၃ မုိင္ႏႈန္းျဖင့္ ေ႐ြ႕လ်ားေနေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs