• International News
    အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယအရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်မှု ၈ ဦးထက်မနည်း သေဆုံး
Ko John
[Unicode Version]

ဘင်္ဂလားပင်လယ်အော်မှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Titli ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ရာနဲ့ချီပျက်စီးခဲ့ကြောင်း သိရပါတယ်။

e863de0aaf154f0798436f05c02a6fdc_18.jpg

Photo: NiteshFanaaS via Storyful



ဆိုင်ကလုန်း Titli ဟာ အိန္ဒိယကမ်းရိုးတန်း ဒေသတွေဖြစ်တဲ့ သြရိသျှနဲ့ အင်ဒါရာပရာဒက်ရှ် ပြည်နယ်တွေကို လေတိုက်နှုန်း တစ်နာရီလျှင် ၉၃ မိုင်ဖြင့် ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) က ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။

Titli ဟာ အစောပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်းကလုန်းမုန်တိုင်းကြီးအဖြစ် တိုက်ခတ်နေခဲ့ရာမှာ အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်းကိုဝင်ရောက်ခဲ့ရာမှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့တယ်လို့ ဆိုပါတယ်။

_103823095_049898383.jpg

Photo: AFP



သြရိသျှပြည်နယ် အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ လူဦးရေ ၃၀၀,၀၀၀ ကို မုန်တိုင်းအန္တရာယ်ကြောင့် ရွှေ့ပြောင်းပေးထားခဲ့ကြောင်းလည်း သိရပါတယ်။ ဆိုင်းကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့မှုတွေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ နေရာအများအပြားမှာ ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

"ဓာတ်အားလိုင်းတိုင် ၆,၀၀၀ ကနေ ၇,၀၀၀ အထိ လဲကျသွားခဲ့ဖွယ်ရှိပါတယ်" လို့ အင်ဒရာပရာဒက်ရှ်ပြည်နယ် Srikakulam ခရိုင် အုပ်ချုပ်ရေးမှူး K Dhananjaya Reddy က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ လူဦးရေ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ဝန်းကျင်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရကြောင်းလည်း ၎င်းကဆိုပါတယ်။

DpN8NP5U4AE6vQl.jpg

Photo: Daitari Gouda/Twitter



မုန်တိုင်းတိုက်ခတ်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာ အင်ဒရာပရာဒက်ရှ်မှ ဖြစ်တယ်လို့သိရပါတယ်။ ဆိုင်ကလုန်း Titli ဖြတ်သန်းတိုက်ခတ်မှုကြောင့် နေရာဒေသအများအပြားမှာ သောက်ရေပြတ်လပ်မှုဖြစ်မှာကို စိုးရိမ်နေရကြောင်း အင်ဒရာပရာဒက်ရှ်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ဌာနမှ အကြီးအကဲ D Varaprasad က ပြောပါတယ်။

palasa-station.jpg

Photo: Indian Express



မုန်တိုင်းဖြတ်သန်းတိုက်ခတ်မှုကြောင့် သြရိသျှပြည်နယ်အတွင်းရှိ ကျောင်းများကို ယခုတစ်ပတ် စာသင်ရက်များမှာ ပိတ်ထားမယ်လို့ ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူတွေက ပြောထားပါတယ်။ သြရိသျှပြည်နယ်မှာ မုန်တိုင်းအန္တရာယ်ကြောင့် ရွှေ့ပြောင်းခဲ့ရသူတွေကို ယာယီခိုလှုံရေးစခန်း ၁,၁၀၀ မှာ နေရာချထားပေးကြောင်းလည်း သိရပါတယ်။

2018-10-12_011140.jpg

Photo: DMH Facebook

 

မြန်မာနိုင်ငံနဲ့ ဆိုင်ကလုန်း Titli

ဆိုင်ကလုန်းမုန်တိုင်း Titli အရှိန်ကြောင့် မြန်မာနိုင်ငံမှာလည်း နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယမန်နေ့ည ၇ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ ဆိုင်းကလုန်းမုန်တိုင်းသတင်းမှာ သတိပေးထားပါတယ်။

[Zawgyi Version]

ဘဂၤလားပင္လယ္ေအာ္မွ အားေကာင္းတဲ့ ဆုိင္ကလုန္းမုန္တုိင္း Titli ဟာ အိႏၵိယႏုိင္ငံအေ႐ွ႕ပုိင္းကုိ ဝင္ေရာက္တုိက္ခတ္ခဲ့ရာ လူ႐ွစ္ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ေနအိမ္ ရာနဲ႕ခ်ီပ်က္စီးခ့ဲေၾကာင္း သိရပါတယ္။

e863de0aaf154f0798436f05c02a6fdc_18.jpg

Photo: NiteshFanaaS via Storyful



ဆုိင္ကလုန္း Titli ဟာ အိႏိၵယကမ္း႐ုိးတန္း ေဒသေတြျဖစ္တဲ့ ၾသရိသွ်နဲ႕ အင္ဒါရာပရာဒက္႐ွ္ ျပည္နယ္ေတြကုိ ေလတုိက္ႏႈန္း တစ္နာရီလွ်င္ ၉၃ မုိင္ျဖင့္ ယမန္ေန႕ (ေအာက္တုိဘာ ၁၁ ရက္) က ျဖတ္သန္းတုိက္ခတ္ခဲ့ပါတယ္။

Titli ဟာ အေစာပုိင္းမွာ အလြန္အားေကာင္းတဲ့ ဆုိင္းကလုန္းမုန္တုိင္းႀကီးအျဖစ္ တုိက္ခတ္ေနခဲ့ရာမွာ အိႏၵိယအေ႐ွ႕ပုိင္း ကမ္း႐ုိးတန္းကုိဝင္ေရာက္ခဲ့ရာမွာေတာ့ အားေကာင္းတဲ့ ဆုိင္ကလုန္းမုန္တုိင္းအျဖစ္ အားေလ်ာ့သြားခဲ့တယ္လို႕ ဆုိပါတယ္။

_103823095_049898383.jpg

Photo: AFP



ၾသရိသွ်ျပည္နယ္ အနိမ့္ပုိင္းေဒသေတြမွာ ေနထုိင္ၾကတဲ့ လူဦးေရ ၃၀၀,၀၀၀ ကုိ မုန္တုိင္းအႏၱရာယ္ေၾကာင့္ ေ႐ႊ႕ေျပာင္းေပးထားခဲ့ေၾကာင္းလည္း သိရပါတယ္။ ဆုိင္းကလုန္းမုန္တုိင္း တုိက္ခတ္မႈေၾကာင့္ လမ္းပိတ္ဆုိ႕မႈေတြနဲ႕ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈေတြ ေနရာအမ်ားအျပားမွာ ျဖစ္ေပၚခဲ့တယ္လုိ႕ အာဏာပုိင္ေတြက ေျပာပါတယ္။

"ဓာတ္အားလုိင္းတိုင္ ၆,၀၀၀ ကေန ၇,၀၀၀ အထိ လဲက်သြားခဲ့ဖြယ္႐ွိပါတယ္" လုိ႕ အင္ဒရာပရာဒက္႐ွ္ျပည္နယ္ Srikakulam ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး K Dhananjaya Reddy က Reuters သတင္းဌာနကုိ ေျပာခဲ့ပါတယ္။ လူဦးေရ ၄၀၀,၀၀၀ မွ ၅၀၀,၀၀၀ ဝန္းက်င္ဟာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ ႀကဳံေနရေၾကာင္းလည္း ၎ကဆုိပါတယ္။

Photo: Daitari Gouda/Twitter



မုန္တုိင္းတုိက္ခတ္မႈအတြင္း ေသဆုံးခ့ဲသူအားလုံးဟာ အင္ဒရာပရာဒက္႐ွ္မွ ျဖစ္တယ္လုိ႕သိရပါတယ္။ ဆုိင္ကလုန္း Titli ျဖတ္သန္းတုိက္ခတ္မႈေၾကာင့္ ေနရာေဒသအမ်ားအျပားမွာ ေသာက္ေရျပတ္လပ္မႈျဖစ္မွာကုိ စုိးရိမ္ေနရေၾကာင္း အင္ဒရာပရာဒက္႐ွ္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆုိင္ဌာနမွ အႀကီးအကဲ D Varaprasad က ေျပာပါတယ္။

palasa-station.jpg

Photo: Indian Express



မုန္တုိင္းျဖတ္သန္းတုိက္ခတ္မႈေၾကာင့္ ၾသရိသွ်ျပည္နယ္အတြင္း႐ွိ ေက်ာင္းမ်ားကုိ ယခုတစ္ပတ္ စာသင္ရက္မ်ားမွာ ပိတ္ထားမယ္လုိ႕ ျပည္နယ္ပညာေရးဌာနမွ တာဝန္႐ွိသူေတြက ေျပာထားပါတယ္။ ၾသရိသွ်ျပည္နယ္မွာ မုန္တုိင္းအႏၱရာယ္ေၾကာင့္ ေ႐ႊ႕ေျပာင္းခဲ့ရသူေတြကုိ ယာယီခုိလႈံေရးစခန္း ၁,၁၀၀ မွာ ေနရာခ်ထားေပးေၾကာင္းလည္း သိရပါတယ္။

Photo: DMH Facebook

 

ျမန္မာႏုိင္ငံနဲ႕ ဆုိင္ကလုန္း Titli

ဆုိင္ကလုန္းမုန္တိုင္း Titli အ႐ွိန္ေၾကာင့္ ျမန္မာႏုိင္ငံမွာလည္း ေနာက္ ၂၄ နာရီအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒ သႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔မွာ ေနရာစိပ္စပ္မွ ေနရာအႏွံ႕အျပား မုိးထစ္ခ်ဳန္း႐ြာၿပီး ေဒသအလုိက္နဲ႕ ေနရာကြက္ၿပီး မုိးႀကီးႏုိင္ေၾကာင္း မုိးေလဝသႏွင့္ ဇလေဗဒညြန္ၾကားမႈဦးစီးဌာနက ယမန္ေန႕ည ၇ နာရီမွာ ထုတ္ျပန္ခဲ့တဲ့ ဆုိင္းကလုန္းမုန္တုိင္းသတင္းမွာ သတိေပးထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs