• International News
    ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူမှ နယူးယော့ခ်သို့ ပျံသန်း
Ko John
[Unicode Version]

ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူကနေ နယူးယော့ခ်ကို ၁၉ နာရီကြာ မရပ်မနားပျံသန်းတဲ့ စင်ကာပူလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) မှာ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

sia-passengers.jpg

လေယာဉ်ခရီးစဉ်မှာ လိုက်ပါမည့် ခရီးသည်အချို့ (Photo: AFP)



စင်ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ် Flight SQ22 လေယာဉ်ဟာ ယမန်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၅ မိနစ်မှာ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားခဲ့ပြီး ခရီးသည် ၁၅၀၊ လေယာဉ်အမှုထမ်း ၁၇ ဦးတို့ လိုက်ပါသွားကြောင်း လေကြောင်းလိုင်းမှ ပြောခွင့်ရအမျိုးသမီးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

လယာဉ်မှူးနှစ်ဦး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ၊ ရုပ်ရှင်နဲ့တီဗီအစီအစဉ် ဖျော်ဖြေရေးတွေက စင်ကာပူကနေ နယူးယော့ခ်ကို တိုက်ရိုက်ပျံသန်းတဲ့ မိုင် ၁၀,၀၀၀ ကျော် လေကြောင်းခရီးစဉ်မှာ ခရီးသည်တွေနဲ့အတူ ရှိနေမှာလည်းဖြစ်ပါတယ်။

sia-a350-900ulr.jpg

Airbus A350-900ULR လေယာဉ် (Photo: AFP)



ယခုခရီးစဉ်ကို ပျံသန်းသွားတဲ့ Airbus A350-900ULR လေယာဉ်ဟာ လူဦးရေ ၁၆၁ ဦးကို တင်ဆောင်ပြီး ခရီးရှည်ပျံသန်းနိုင်ပါတယ်။ လေယာဉ်ပေါ်မှာ ၁၉ နာရီ လိုက်ပါစီးနင်းရမယ့် ခရီးသည်တွေအတွက် ရုပ်ရှင်၊ တီဗီအစီအစဉ်နဲ့ သီချင်းပေါင်းများစွာကို ကြည့်ရှုနားဆင်နိုင်ရန် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

စင်ကာပူကနေ နယူးယော့ခ်ကို တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်မှာလိုက်ပါမယ့် အသက် ၅၂ နှစ်အရွယ် Peggy Ang အမည်ရှိ ခရီးသည်အမျိုးသမီးကတာ့ "လေယာဉ်ပေါ်မှာ ၁၉ နာရီလောက် လိုက်ပါစီးနင်းပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာကို စိုးရိမ်မိတယ်" လို့ ပြောပါတယ်။

"ကျွန်မ နည်းနည်းတော့ စိုးရိမ်တယ်၊ အိပ်မယ်၊ တီဗီကြည့်မယ်၊ နောက် ကျွန်မရဲ့အလုပ်တွေလုပ်မယ်လို့တော့ တွေးထားတာပဲ" လို့လည်း သူမက ချန်ဂီလေဆိပ်မှ မထွက်ခွာမီ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

sia-passengers1.jpg

လေယာဉ်ခရီးစဉ်မှာ လိုက်ပါမည့် ခရီးသည်အချို့ (Photo: AFP)



ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်ကို ပျံသန်းတဲ့ Airbus A350-900ULR လေယာဉ်ဟာ ၎င်းနဲ့ အရွယ်အစားတူ အခြားလေယာဉ်တွေထက် လောင်စာဆီအသုံးပြုမှု ၂၅ ရာခိုင်နှုန်း လျော့နည်းသက်သာတယ်လို့ Airbus ကဆိုပါတယ်။

ပုံမှန်ရာသီဥတု အခြေအနေမှာ ပျံသန်းပါက ချန်ဂီလေဆိပ်ကနေ နယူးယော့ခ်ရှိ Newark လေဆိပ်ကို ပျံသန်းချိန် ၁၈ နာရီ ၄၅ မိနစ် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

world-s-longest-flights-singapore-airlines.png

Infographic: Rafa Estrada/CNA



ယမန်နေ့က ထွက်ခွာပျံသန်းသွားတဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ Flight SQ22 လေကြောင်းခရီးစဉ်ဟာ လက်ရှိ ကမ္ဘာ့အရှည်ကြာဆုံးအဖြစ် စံချိန်တင်ထားခဲ့တဲ့ ကာတာလေကြောင်းလိုင်းရဲ့ အုတ်ကလန်မြို့ကနေ ဒိုဟာမြို့ကို ၁၇ နာရီ ၄၀ မိနစ်ကြာ ပျံသန်းခဲ့တဲ့ Flight 921 ကို ကျော်လွန်သွားမှာဖြစ်ပါတယ်။

_103826914_mediaitem103826912.jpg

Photo: EPA



- ထပ်မံသိရှိရတဲ့ သတင်းအရ ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူ ချန်ဂီလေဆိပ်မှ ထွက်ခွာလာခဲ့တဲ့ Flight SQ22 လေယာဉ်ဟာ ၁၇ နာရီနဲ့ ၅၂ မိနစ်ကြာ မရပ်မနား ပျံသန်းခဲ့ပြီးနောက် နယူးယော့ခ်ကို အဆင်ပြေချောမွေ့စွာဖြင့် ယနေ့ (အောက်တိုဘာ ၁၂ ရက်) ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

ကမာၻ႕အ႐ွည္ၾကာဆုံး ေလေၾကာင္းခရီးစဥ္အျဖစ္ စင္ကာပူကေန နယူးေယာ့ခ္ကုိ ၁၉ နာရီၾကာ မရပ္မနားပ်ံသန္းတဲ့ စင္ကာပူေလေၾကာင္းလုိင္းမွ ခရီးသည္တင္ေလယာဥ္ဟာ ယမန္ေန႕ (ေအာက္တုိဘာ ၁၁ ရက္) မွာ ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။

sia-passengers.jpg

ေလယာဥ္ခရီးစဥ္မွာ လုိက္ပါမည့္ ခရီးသည္အခ်ဳိ႕ (Photo: AFP)



စင္ကာပူေလေၾကာင္းလုိင္းရဲ႕ ေလယာဥ္ခရီးစဥ္ Flight SQ22 ေလယာဥ္ဟာ ယမန္ေန႕ ေဒသစံေတာ္ခ်ိန္ ည ၁၁ နာရီ ၃၅ မိနစ္မွာ ခ်န္ဂီအျပည္ျပည္ဆုိင္ရာေလဆိပ္ကေန ထြက္ခြာသြားခဲ့ၿပီး ခရီးသည္ ၁၅၀၊ ေလယာဥ္အမႈထမ္း ၁၇ ဦးတုိ႕ လုိက္ပါသြားေၾကာင္း ေလေၾကာင္းလုိင္းမွ ေျပာခြင့္ရအမ်ဳိးသမီးက AFP သတင္းဌာနကုိ ေျပာခဲ့ပါတယ္။

လယာဥ္မွဴးႏွစ္ဦး၊ က်န္းမာေရးနဲ႕ညီညြတ္တဲ့ အစားအေသာက္မ်ား၊ ႐ုပ္႐ွင္နဲ႕တီဗီအစီအစဥ္ ေဖ်ာ္ေျဖေရးေတြက စင္ကာပူကေန နယူးေယာ့ခ္ကုိ တုိက္႐ုိက္ပ်ံသန္းတဲ့ မုိင္ ၁၀,၀၀၀ ေက်ာ္ ေလေၾကာင္းခရီးစဥ္မွာ ခရီးသည္ေတြနဲ႕အတူ ႐ွိေနမွာလည္းျဖစ္ပါတယ္။

Airbus A350-900ULR ေလယာဥ္ (Photo: AFP)



ယခုခရီးစဥ္ကုိ ပ်ံသန္းသြားတ့ဲ Airbus A350-900ULR ေလယာဥ္ဟာ လူဦးေရ ၁၆၁ ဦးကို တင္ေဆာင္ၿပီး ခရီး႐ွည္ပ်ံသန္းႏုိင္ပါတယ္။ ေလယာဥ္ေပၚမွာ ၁၉ နာရီ လုိက္ပါစီးနင္းရမယ့္ ခရီးသည္ေတြအတြက္ ႐ုပ္႐ွင္၊ တီဗီအစီအစဥ္နဲ႕ သီခ်င္းေပါင္းမ်ားစြာကုိ ၾကည့္႐ႈနားဆင္ႏုိင္ရန္ စီစဥ္ေပးထားတယ္လုိ႕ ဆုိပါတယ္။

စင္ကာပူကေန နယူးေယာ့ခ္ကုိ တုိက္႐ုိက္ပ်ံသန္းတဲ့ ေလယာဥ္မွာလုိက္ပါမယ့္ အသက္ ၅၂ ႏွစ္အ႐ြယ္ Peggy Ang အမည္႐ွိ ခရီးသည္အမ်ဳိးသမီးကတာ့ "ေလယာဥ္ေပၚမွာ ၁၉ နာရီေလာက္ လုိက္ပါစီးနင္းၿပီး ဘာလုပ္ရမွန္းမသိ ျဖစ္ေနမွာကုိ စုိးရိမ္မိတယ္" လုိ႕ ေျပာပါတယ္။

"ကၽြန္မ နည္းနည္းေတာ့ စုိးရိမ္တယ္၊ အိပ္မယ္၊ တီဗီၾကည့္မယ္၊ ေနာက္ ကၽြန္မရဲ႕အလုပ္ေတြလုပ္မယ္လုိ႕ေတာ့ ေတြးထားတာပဲ" လုိ႕လည္း သူမက ခ်န္ဂီေလဆိပ္မွ မထြက္ခြာမီ သတင္းေထာက္ေတြကုိ ေျပာသြားခဲ့ပါတယ္။

ေလယာဥ္ခရီးစဥ္မွာ လုိက္ပါမည့္ ခရီးသည္အခ်ဳိ႕ (Photo: AFP)



ကမာၻ႕အ႐ွည္ၾကာဆုံး ေလေၾကာင္းခရီးစဥ္ကုိ ပ်ံသန္းတဲ့ Airbus A350-900ULR ေလယာဥ္ဟာ ၎နဲ႕ အ႐ြယ္အစားတူ အျခားေလယာဥ္ေတြထက္ ေလာင္စာဆီအသုံးျပဳမႈ ၂၅ ရာခုိင္ႏႈန္း ေလ်ာ့နည္းသက္သာတယ္လို႕ Airbus ကဆုိပါတယ္။

ပုံမွန္ရာသီဥတု အေျခအေနမွာ ပ်ံသန္းပါက ခ်န္ဂီေလဆိပ္ကေန နယူးေယာ့ခ္႐ွိ Newark ေလဆိပ္ကုိ ပ်ံသန္းခ်ိန္ ၁၈ နာရီ ၄၅ မိနစ္ ၾကာျမင့္ႏုိင္တယ္လုိ႕ သိရပါတယ္။

Infographic: Rafa Estrada/CNA



ယမန္ေန႕က ထြက္ခြာပ်ံသန္းသြားတဲ့ စင္ကာပူေလေၾကာင္းလုိင္းရဲ႕ Flight SQ22 ေလေၾကာင္းခရီးစဥ္ဟာ လက္႐ွိ ကမာၻ႕အ႐ွည္ၾကာဆံုးအျဖစ္ စံခ်ိန္တင္ထားခဲ့တဲ့ ကာတာေလေၾကာင္းလုိင္းရဲ႕ အုတ္ကလန္ၿမဳိ႕ကေန ဒုိဟာၿမဳိ႕ကို ၁၇ နာရီ ၄၀ မိနစ္ၾကာ ပ်ံသန္းခဲ့တဲ့ Flight 921 ကုိ ေက်ာ္လြန္သြားမွာျဖစ္ပါတယ္။

Photo: EPA



- ထပ္မံသိ႐ွိရတဲ့ သတင္းအရ ကမာၻ႕အ႐ွည္ၾကာဆုံး ေလေၾကာင္းခရီးစဥ္အျဖစ္ စင္ကာပူ ခ်န္ဂီေလဆိပ္မွ ထြက္ခြာလာခဲ့တဲ့ Flight SQ22 ေလယာဥ္ဟာ ၁၇ နာရီနဲ႕ ၅၂ မိနစ္ၾကာ မရပ္မနား ပ်ံသန္းခဲ့ၿပီးေနာက္ နယူးေယာ့ခ္ကုိ အဆင္ေျပေခ်ာေမြ႕စြာျဖင့္ ယေန႕ (ေအာက္တုိဘာ ၁၂ ရက္) ဆုိက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs