ဖလော်ရီဒါ ကမ်းရိုးတန်းဒေသမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးများကြား ရှာဖွေမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

အမေရိကန်မှာ အားအလွန်ကောင်းတဲ့ ဟာရီကိန်းမုန်တိုင်းမိုက်ကယ် ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက် ၁၃ ဦးအထိ မြင့်လာကြောင်းနဲ့ ဆက်လက် မြင့်တက်လာသေးကြောင်း သိရပါတယ်။

181011125117-30-hurricane-michael-1011-exlarge-169.jpg

Photo: CNN

ဟာရီကိန်းမိုက်ကယ် (Hurricane Michael) ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ ဖလော်ရီဒါ ကမ်းရိုးတန်းမြို့လေးမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးများကြား ရှာဖွေမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၀ ရက်) က ပြင်းအားအဆင့် ၄ (category 4) မုန်တိုင်းအဖြစ် ဟာရီကိန်းမိုက်ကယ် ကုန်းတွင်းပိုင်းဝင်ရောက်ခဲ့ရာ ဖလော်ရီဒါကမ်းရိုးတန်းရှိ မက္ကစီကိုကမ်းခြေမြို့ (Mexico Beach) ပျက်စီးသွားခဲ့ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က ပြောပါတယ်။

Photo: CNN



လူဦးရေ ၁,၀၀၀ မျှသာ နေထိုင်ကြပြီး မက္ကစီကိုပင်လယ်ကွေ့မှာတည်ရှိတဲ့ ဟာရီကိန်းဒဏ်သင့် အဆိုပါမြို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် "ကြီးမားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲထားသလိုဖြစ်ပြီး စစ်ပွဲဇုန်တစ်ခုအတိုင်းပါပဲ" လို့ ရစ်ခ်စကော့ကဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက မက္ကစီကိုကမ်းခြေမြို့မှာ အနံ့ခံခွေးများဖြင့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေနိုင်သူတွေကို ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်) ကလည်း ရှာဖွေနေခဲ့ကြပါတယ်။

Photo: UPI/Barcroft Images

ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာဌာန အကြီးအကဲ ဘရော့ခ်လောင်းက သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ ဟာရီကိန်းမိုက်ကယ်ဟာ ဖလော်ရီဒါကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၅ မိုင်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Photo: CNN

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖလော်ရီဒါကမ်းရိုတန်းရှိ ပနားမားမြို့နဲ့ မက္ကစီကိုကမ်းခြေမြို့တို့မှာ ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်လေတပ်ရဲ့ F-22 ကိုယ်ပျောက်တိုက်လေယာဉ် အခြေစိုက်စခန်းဖြစ်တဲ့ Tyndall လေတပ်စခန်းဟာလည်း ဟာရီကိန်းမိုက်ကယ် တိုက်ခတ်မှုကြောင့် အကြီးအကျယ် ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

Photo: CNN

မုန်တိုင်းတိုက်ခတ်ခဲ့ရာ ဒေသမှာ တပ်ဖွဲ့ဝင် ၅,၀၀၀ ကို အကူအညီပေးရန် စေလွှတ်ထားပြီး စစ်ဘက်ရဟတ်ယာဉ် ၁၀၀ နဲ့ ရေကြီးတဲ့နေရာတွေမှာပါ မောင်းနှင်သွားလာနိုင်တဲ့ high-water မော်တော်ယာဉ် ၁,၈၀၀ ကို အသုံးပြုနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဟာရီကိန်းမိုက်ကယ်ဟာ ၁၈၅၁ ခုနှစ်နောက်ပိုင်း ဖလော်ရီဒါကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအကောင်းဆုံး မုန်တိုင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က