ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မီဂန်မာကယ်လ်တို့ ပထမဆုံး ရင်သွေးလေး ရတော့မယ်လို့ နန်းတော်က ယနေ့ (အောက်တိုဘာ ၁၅ ရက်) ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၁၈ ခုနှစ် မေလမှာ လက်ထပ်ခဲ့သည့် ဟယ်ရီနှင့်မီဂန် (Photo: PA)
သြစတြေးလျကို ရောက်ရှိလာသည့် ဟယ်ရီနှင့်မီဂန်စုံတွဲ (Photo: Media-Mode)
နန်းတော်က Twitter မှာ ကြေညာထားမှု (Photo: Kensington Palace/Twitter)
မီဂန်ရဲ့မိခင် ဒိုရီယာ ရက်ဂ်လန်းကလည်း ဒီသတင်းကြားရပြီး အလွန်ပျော်ရွှင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဟယ်ရီနဲ့မီဂန်တို့ဟာ နှစ်ဦးလုံးနဲ့ ခင်မင်ရင်းနှီးသူတစ်ဦးက မိတ်ဆက်ပေးမှုကနေ စတင်သိကျွမ်းခဲ့ကြပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ၁၆ လကြာမျှ တွဲခဲ့ကြပြီးနောက် မင်းသားဟယ်ရီက လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဟယ်ရီနဲ့မီဂန်တို့ဟာ ယခုနှစ် မေလ ၁၉ ရက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။