• International News
    အရက်ကို ခွင့်ပြုပမာဏထက် ကိုးဆကျော်ပိုသောက်ပြီး မူးနေတဲ့ ဂျပန်လေယာဉ်မှူး အဖမ်းခံရ
Ko John
[Unicode Version]

ဂျပန်လေယာဉ်မှူးတစ်ဦးဟာ အရက်ကို ခွင့်ပြုပမာဏထက် ကိုးဆကျော်သောက်ပြီး မူးနေခဲ့တာကြောင့် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

_104137952_gettyimages-1013187356.jpg

Photo: Getty Images



ဂျပန်လေကြောင်းလိုင်း (Japan Airlines - JAL) မှာ လေယာဉ်မှူးအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကတ်ဆူတိုရှိ ဂျစ်ဆူကာဝါကို အောက်တိုဘာ ၂၈ ရက်နေ့က အရက်သောက်ထားမှု စမ်းသပ်တိုင်းတာကိရိယာဖြင့် စစ်ဆေးခဲ့ပြီးနောက် ဖမ်ဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

၎င်းကို စစ်ဆေးမှုအရ သွေးအတွင်း အရက်ပါဝင်မှုနှုန်းဟာ သွေးပမာဏ 100ml မှာ 189mg ဖြစ်နေခဲ့ပါတယ်။ လောယာဉ်မှူးတစ်ဦးအတွက် ခွင့်ပြုပမာဏဟာ သွေးပမာဏ 100ml မှာ 20mg သာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်မှူးက အရက်ကို ကန့်သတ်ပမာဏထက် ပိုမိုသောက်ခဲ့ကြောင်း Uxbridge Magistrates' တရားရုံးမှာ နိုဝင်ဘာ ၁ ရက်နေ့က ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ လေယာဉ်အမှုထမ်းတွေကို လိုက်ပါပို့ဆောင်ပေးရတဲ့ ကားမောင်သူက အဆိုပါလေယာဉ်မှူးထံမှ အရက်နံ့ရခဲ့ပြီး သတိပြုမိသွားခဲ့ပါတယ်။

1000x-1.jpg

Photo: Getty Images



အရက်သောက်ထားပြီး မူးနေခဲ့တဲ့ လေယာဉ်မှူးဟာ ဂျပန်လေကြောင်းလိုင်းရဲ့ JL44 လေကြောင်းခရီးစဉ်အဖြစ် ဟီးသရိုးလေဆိပ်ကနေ တိုကျိုမြို့ကို ပျံသန်းမယ့် Boeing 777လေယာဉ်မှ ဖြစ်ပါတယ်။ လေယာဉ်မထွက်ခွာမီ မိနစ် ၅၀ အလိုမှာ လေယာဉ်မှူးကို အရက်သောက်ထားကြောင်း စစ်ဆေးသိရှိခဲ့ရပါတယ်။ ထို့နောက် လေယာဉ်ကို ၆၉ မိနစ်ကြာ နောက်ကျပြီးမှ ထွက်ခွာနိုင်ခဲ့တယ်လို့ BBC သတင်းက ပြောပါတယ်။

ဂျပန်လေကြောင်းလိုင်းက ယခုဖြစ်ရပ်အတွက် တောင်းပန်စာထုတ်ပြန်ခဲ့ပြီး နောက်နောင်မှာ အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန် အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ လေကြောင်းခရီးစဉ် ဘေးကင်းလုံခြုံမှုဟာ မိမိတို့ရဲ့ အစွမ်းကုန်ဆောင်ရွက်တဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့လည်း ဂျပန်လေကြောင်းလိုင်းက ဆိုပါတယ်။

[Zawgyi Version]

ဂ်ပန္ေလယာဥ္မွဴးတစ္ဦးဟာ အရက္ကုိ ခြင့္ျပဳပမာဏထက္ ကုိးဆေက်ာ္ေသာက္ၿပီး မူးေနခဲ့တာေၾကာင့္ လန္ဒန္ၿမဳိ႕႐ွိ ဟီးသ႐ုိးေလဆိပ္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

_104137952_gettyimages-1013187356.jpg

Photo: Getty Images



ဂ်ပန္ေလေၾကာင္းလုိင္း (Japan Airlines - JAL) မွာ ေလယာဥ္မွဴးအျဖစ္ လုပ္ကိုင္ေနတဲ့ အသက္ ၄၂ ႏွစ္အ႐ြယ္ ကတ္ဆူတုိ႐ွိ ဂ်စ္ဆူကာဝါကုိ ေအာက္တုိဘာ ၂၈ ရက္ေန႕က အရက္ေသာက္ထားမႈ စမ္းသပ္တုိင္းတာကိရိယာျဖင့္ စစ္ေဆးခဲ့ၿပီးေနာက္ ဖမ္ဆီးထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္။

၎ကုိ စစ္ေဆးမႈအရ ေသြးအတြင္း အရက္ပါဝင္မႈႏႈန္းဟာ ေသြးပမာဏ 100ml မွာ 189mg ျဖစ္ေနခဲ့ပါတယ္။ ေလာယာဥ္မွဴးတစ္ဦးအတြက္ ခြင့္ျပဳပမာဏဟာ ေသြးပမာဏ 100ml မွာ 20mg သာျဖစ္တယ္လုိ႕ ဆုိပါတယ္။

အဆုိပါ ေလယာဥ္မွဴးက အရက္ကုိ ကန္႕သတ္ပမာဏထက္ ပုိမုိေသာက္ခဲ့ေၾကာင္း Uxbridge Magistrates' တရား႐ုံးမွာ ႏုိဝင္ဘာ ၁ ရက္ေန႕က ဝန္ခံထြက္ဆုိခဲ့ေၾကာင္း သိရပါတယ္။ ေလယာဥ္အမႈထမ္းေတြကုိ လုိက္ပါပုိ႕ေဆာင္ေပးရတဲ့ ကားေမာင္သူက အဆုိပါေလယာဥ္မွဴးထံမွ အရက္နံ႕ရခဲ့ၿပီး သတိျပဳမိသြားခဲ့ပါတယ္။

1000x-1.jpg

Photo: Getty Images



အရက္ေသာက္ထားၿပီး မူးေနခဲ့တဲ့ ေလယာဥ္မွဴးဟာ ဂ်ပန္ေလေၾကာင္းလုိင္းရဲ႕ JL44 ေလေၾကာင္းခရီးစဥ္အျဖစ္ ဟီးသ႐ုိးေလဆိပ္ကေန တုိက်ဳိၿမဳိ႕ကို ပ်ံသန္းမယ့္ Boeing 777ေလယာဥ္မွ ျဖစ္ပါတယ္။ ေလယာဥ္မထြက္ခြာမီ မိနစ္ ၅၀ အလုိမွာ ေလယာဥ္မွဴးကို အရက္ေသာက္ထားေၾကာင္း စစ္ေဆးသိ႐ွိခဲ့ရပါတယ္။ ထုိ႕ေနာက္ ေလယာဥ္ကုိ ၆၉ မိနစ္ၾကာ ေနာက္က်ၿပီးမွ ထြက္ခြာႏိုင္ခဲ့တယ္လို႕ BBC သတင္းက ေျပာပါတယ္။

ဂ်ပန္ေလေၾကာင္းလုိင္းက ယခုျဖစ္ရပ္အတြက္ ေတာင္းပန္စာထုတ္ျပန္ခဲ့ၿပီး ေနာက္ေနာင္မွာ အလားတူျဖစ္ရပ္မ်ဳိး မျဖစ္ေစရန္ အေရးယူေဆာင္႐ြက္မႈေတြ ခ်က္ခ်င္းလုပ္ေဆာင္သြားမယ္လုိ႕ ေျပာခဲ့ပါတယ္။ ေလေၾကာင္းခရီးစဥ္ ေဘးကင္းလုံၿခဳံမႈဟာ မိမိတုိ႕ရဲ႕ အစြမ္းကုန္ေဆာင္႐ြက္တဲ့ ဦးစားေပးကိစၥျဖစ္တယ္လို႕လည္း ဂ်ပန္ေလေၾကာင္းလုိင္းက ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs