• International News
    တရုတ်မှာ ခရီးသည်နဲ့ယာဉ်မောင်း ရန်ပွဲဖြစ်ရာမှ ဘတ်စ်ကားမြစ်ထဲထိုးကျပြီး ၁၃ ဦး သေဆုံး
Ko John
[Unicode Version]

တရုတ်နိုင်ငံ ချုံကင်းဒေသမှာ အောက်တိုဘာ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတစ်စီး ယန်ဇီမြစ်ထဲထိုးကျပြီး လူ ၁၃ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးတို့ ရန်ပွဲဖြစ်ကာ အပြန်အလှန် ထိုးကြိတ်ကြရာမှ အစပြုဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၂ ရက်) ပြောပါတယ်။

2018-11-02_193708.jpg

Photo: Xinhua/Twitter



အဆိုပါ ဘတ်စ်ကားဟာ ချုံကင်းဒေသ ဝမ်ဇူးခရိုင်အတွင်း ယန်ဇီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့တံတားပေါ်မှ ၁၆၄ ပေအမြင့်ကနေ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ထိုဖြစ်ရပ်အတွင်း သေဆုံးသူ ၁၃ ဦး အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဘတ်စ်ကားကို ပြန်လည်ဆယ်ယူခဲ့ပြီးနောက် ကားအတွင်းပိုင်း လုံခြုံရေးကင်မရာမှတ်တမ်းအရ မြစ်ထဲထိုးမကျမီမှာ ခရီးသည်တစ်ဦးက ယာဉ်မောင်းကို ရိုက်နှက်ခဲ့ရာ ယာဉ်မောင်းကလည်း လက်တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

Dq99bQqVsAA66jL.jpg

Photo: Xinhua/Twitter



ဘတ်စ်ကားရဲ့ မျက်နှာချင်းဆိုင်ဘက် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေရဲ့ ကင်မရာမှတ်တမ်းမှာတော့ အဆိုပါဘတ်စ်ကားဟာ ရုတ်တရက် တစ်ဖက်ယာဉ်ကြောကို ရောက်လာခဲ့ပြီးနောက် တံတားလက်ရန်းကို ဝင်တိုက်ကာ မြစ်ထဲထိုးကျသွားခဲ့တာ တွေ့ခဲ့ရပါတယ်။

Dq-om4iVsAA8fez.jpg

Photo: Xinhua/Twitter



ဝမ်ဇူးရဲတပ်ဖွဲ့ရဲ့ အဆိုအရ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးခရီးသည်က သူမ ဆင်းရမယ့်မှတ်တိုင် ကျော်လွန်လာခဲ့ရာ ဘတ်စ်ကားယာဉ်မောင်းကို ရပ်ပေးရန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Dq99bQzVsAEZdw7.jpg

Photo: Xinhua/Twitter



ယာဉ်မောင်းဖြစ်သူက ရပ်မပေးခဲ့ရာ အဆိုပါ အမျိုးသမီးက သူမရဲ့ဖုန်းဖြင့်  ယာဉ်မောင်းရဲဦးခေါင်းကို ထုရိုက်က်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ထို့နောက် ၎င်းတို့နှစ်ဦး အပြန်အလှန် ထိုးကြိတ်ရိုက်နှက်ခဲ့ကြရာမှ ယာဉ်မောင်းဟာ ဘတ်စ်ကားကို မထိန်းနိုင်ဖြစ်ကာ မြစ်ထဲထိုးကျသွားခဲ့ပါတယ်။

2018-11-02_202404.jpg

Photo: Xinhua



ဘတ်စ်ကားထိုးကျသွားတဲ့ မြစ်အတွင်းမှာ အသက်ကယ်စက်တပ်လှေ ၇၀ ကျော်ဖြင့် ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ မြစ်ထဲထိုးကျသွားတဲ့ ဘတ်စ်ကားကို နိုဝင်ဘာ ၁ ရက် ညပိုင်းမှာ ကရိန်းဖြင့် ပြန်လည်ဆယ်ယူခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

[Zawgyi Version]

တ႐ုတ္ႏုိင္ငံ ခ်ဳံကင္းေဒသမွာ ေအာက္တုိဘာ ၂၈ ရက္ေန႕က ျဖစ္ပြားခဲ့တဲ့ ဘတ္စ္ကားတစ္စီး ယန္ဇီျမစ္ထဲထုိးက်ၿပီး လူ ၁၃ ဦး ေသဆုံးခဲ့တဲ့ျဖစ္ရပ္ဟာ ယာဥ္ေမာင္းနဲ႕ ခရီးသည္တစ္ဦးတုိ႕ ရန္ပြဲျဖစ္ကာ အျပန္အလွန္ ထုိးႀကိတ္ၾကရာမွ အစျပဳျဖစ္ပြားခဲ့တယ္လုိ႕ ေဒသဆုိင္ရာအာဏာပုိင္ေတြက ယေန႕ (ႏုိဝင္ဘာ ၂ ရက္) ေျပာပါတယ္။

Photo: Xinhua/Twitter



အဆုိပါ ဘတ္စ္ကားဟာ ခ်ဳံကင္းေဒသ ဝမ္ဇူးခ႐ုိင္အတြင္း ယန္ဇီျမစ္ေပၚမွာ တည္ေဆာက္ထားတဲ့တံတားေပၚမွ ၁၆၄ ေပအျမင့္ကေန ထုိးက်သြားခဲ့တာ ျဖစ္ပါတယ္။ ထုိျဖစ္ရပ္အတြင္း ေသဆုံးသူ ၁၃ ဦး အေလာင္းေတြကုိ ျပန္႐ွာေတြ႕ခဲ့ၿပီး အျခားႏွစ္ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္။

ဘတ္စ္ကားကုိ ျပန္လည္ဆယ္ယူခဲ့ၿပီးေနာက္ ကားအတြင္းပုိင္း လုံၿခဳံေရးကင္မရာမွတ္တမ္းအရ ျမစ္ထဲထုိးမက်မီမွာ ခရီးသည္တစ္ဦးက ယာဥ္ေမာင္းကုိ ႐ုိက္ႏွက္ခဲ့ရာ ယာဥ္ေမာင္းကလည္း လက္တုံ႕ျပန္ခဲ့တာ ေတြ႕ရပါတယ္။

Dq99bQqVsAA66jL.jpg

Photo: Xinhua/Twitter



ဘတ္စ္ကားရဲ႕ မ်က္ႏွာခ်င္းဆုိင္ဘက္ တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ေတြရဲ႕ ကင္မရာမွတ္တမ္းမွာေတာ့ အဆုိပါဘတ္စ္ကားဟာ ႐ုတ္တရက္ တစ္ဖက္ယာဥ္ေၾကာကို ေရာက္လာခဲ့ၿပီးေနာက္ တံတားလက္ရန္းကုိ ဝင္တုိက္ကာ ျမစ္ထဲထုိးက်သြားခဲ့တာ ေတြ႕ခဲ့ရပါတယ္။

Dq-om4iVsAA8fez.jpg

Photo: Xinhua/Twitter



ဝမ္ဇူး႐ဲတပ္ဖြဲ႕ရဲ႕ အဆုိအရ အသက္ ၄၈ ႏွစ္အ႐ြယ္ အမ်ဳိးသမီးခရီးသည္က သူမ ဆင္းရမယ့္မွတ္တုိင္ ေက်ာ္လြန္လာခဲ့ရာ ဘတ္စ္ကားယာဥ္ေမာင္းကုိ ရပ္ေပးရန္ေျပာဆုိခဲ့တယ္လုိ႕ သိရပါတယ္။

Photo: Xinhua/Twitter



ယာဥ္ေမာင္းျဖစ္သူက ရပ္မေပးခဲ့ရာ အဆုိပါ အမ်ဳိးသမီးက သူမရဲ႕ဖုန္းျဖင့္  ယာဥ္ေမာင္းရဲဦးေခါင္းကုိ ထု႐ုိက္က္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ထုိ႕ေနာက္ ၎တုိ႕ႏွစ္ဦး အျပန္အလွန္ ထုိးႀကိတ္႐ိုက္ႏွက္ခဲ့ၾကရာမွ ယာဥ္ေမာင္းဟာ ဘတ္စ္ကားကုိ မထိန္းႏုိင္ျဖစ္ကာ ျမစ္ထဲထုိးက်သြားခဲ့ပါတယ္။

2018-11-02_202404.jpg

Photo: Xinhua



ဘတ္စ္ကားထုိးက်သြားတဲ့ ျမစ္အတြင္းမွာ အသက္ကယ္စက္တပ္ေလွ ၇၀ ေက်ာ္ျဖင့္ ႐ွာေဖြေရးလုပ္ငန္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။ ျမစ္ထဲထုိးက်သြားတဲ့ ဘတ္စ္ကားကုိ ႏုိဝင္ဘာ ၁ ရက္ ညပုိင္းမွာ ကရိန္းျဖင့္ ျပန္လည္ဆယ္ယူခဲ့ေၾကာင္း CNA သတင္းမွာ ေဖာ္ျပထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs