• International News
    မင်္ဂလာဆောင်ပြီး နာရီပိုင်းအကြာ ရဟတ်ယာဉ်ပျက်မှုအတွင်း ကြင်စဦးဇနီးမောင်နှံ သေဆုံး
Ko John
[Unicode Version]

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ ကြင်စဦးဇနီးမောင်နှံ လူငယ်စုံတွဲတစ်တွဲဟာ ၎င်းတို့ရဲ့ မင်္ဂလာပွဲကနေ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီးနောက် အဆိုပါ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

https_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F181105101605-01-newlyweds-texas-helicopter-crash.jpg

မင်္ဂလာပွဲမှအပြန် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည့် စုံတွဲ (Photo: CNN)



ဝီလ်ဘိုင်လာနဲ့ ဘိုင်လီအက်ကာမန်ဘိုင်လာတို့ ကြင်စဦးဇနီးမောင်နှံဟာ စနေနေ့ (နိုဝင်ဘာ ၃ ရက်) ညပိုင်းက ၎င်းတို့ရဲ့မင်္ဂလာပွဲကနေ ပြန်လည်ထွက်ခွာလာခဲ့စဉ် ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ပါတယ်။

ဘိုင်လာဇနီးမောင်နှံဟာ ဆမ်ဟူစတန် ပြည်နယ်တက္ကသိုလ်မှာ ပညာသင်ကြားနေကြသူတွေဖြစ်ပြီး ၎င်းတို့စုံတွဲ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်းကို တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ဦးစီးထုတ်ဝေနေတဲ့ Houstonian သတင်းစာမှာ ပထမဆုံး ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

2018-11-06_071000.jpg

(ဘိုင်လာစုံတွဲကို မင်္ဂလာပွဲမှာ တွေ့ရစဉ်) Photo: CNN



ဘိုင်လာတို့စုံတွဲရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြသူတွေကလည်း ဆိုရှယ်မီဒီယာမှာ မင်္ဂလာပွဲဓာတ်ပုံတွေနဲ့အတူ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးဟာ ရဟတ်ယာဉ်ပျက်ကျပြီး မသေဆုံးမီ တစ်နာရီကျော်ကမှ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကြင်စဦးဇနီးမောင်နှံ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ ဘိုင်လာမိသားစုရဲ့ စိုက်ပျိုးမွေးမြူရေးခြံမှာ ပျက်ကျခဲ့ပါတယ်။ ရဟတ်ယာဥၤပျက်ကျမှုအတွင်း ပိုင်းလော့ဖြစ်သူလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

2018-11-06_070835.jpg

ဘိုင်လာဇနီးမောင်နှံရဲ့ သူငယ်ချင်းတစ်ဦးက Instagram မှာ တင်ထားသည့် မင်္ဂလာပွဲဓာတ်ပုံတစ်ပုံ (Photo: Trippin_Flippin IG)



Houstonian သတင်းစာမှာ ဖော်ပြထားမှုအရ ဝီလ်ဘိုင်လာဟာ တက္ကသိုလ်မှာ စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေသူဖြစ်ပြီး တက္ကသိုလ်ရဲ့ မြင်းစီးအဖွဲ့မှာလည်း အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

ဘီလ်ရဲ့ အသစ်စက်စက်ဇနီးဖြစ်သူ ဘိုင်လီအက်ကာမန်ဘိုင်လာကတော့ စိုက်ပျိုးရေးဆိုင်ရာ ဆက်သွယ်ရေးဘာသာရပ်ကို သင်ကြားနေသူ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ တက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်ရောက်နေကြသူတွလို့ ဆိုပါတယ်။

DrPQIb_XcAAUWqw.jpg

ရဟတ်ယာဉ်မောင်းနှင်သူ (Photo: ABC13 Houston)



အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်လုံခြုံရေးဘုတ်အဖွဲ့ရဲ့ အဆိုအရ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ Bell 206B အမျိုးအစား အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပျက် အစိတ်အပိုင်းတွေကို တနင်္ဂနွေနေ့ (အောက်တိုဘာ ၄ ရက်) မနက်ပိုင်းမှာ တွေ့ရှိခဲ့ရပြီး လူသေဆုံးမှုတွေရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သို့သော် သေဆုံးသူတွေရဲ့ အချက်အလက်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

[Zawgyi Version]

အေမရိကန္ႏုိင္ငံ တကၠဆက္ျပည္နယ္မွ ၾကင္စဦးဇနီးေမာင္ႏွံ လူငယ္စုံတြဲတစ္တြဲဟာ ၎တုိ႕ရဲ႕ မဂၤလာပြဲကေန ရဟတ္ယာဥ္ျဖင့္ ထြက္ခြာလာခဲ့ၿပီးေနာက္ အဆုိပါ ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆုံးသြားေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

မဂၤလာပြဲမွအျပန္ ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆုံးခဲ့သည့္ စုံတြဲ (Photo: CNN)



ဝီလ္ဘုိင္လာနဲ႕ ဘုိင္လီအက္ကာမန္ဘုိင္လာတုိ႕ ၾကင္စဦးဇနီးေမာင္ႏွံဟာ စေနေန႕ (ႏုိဝင္ဘာ ၃ ရက္) ညပုိင္းက ၎တုိ႕ရဲ႕မဂၤလာပြဲကေန ျပန္လည္ထြက္ခြာလာခဲ့စဥ္ ရဟတ္ယာဥ္ပ်က္က်မႈအတြင္း ေသဆုံးခဲ့ပါတယ္။

ဘုိင္လာဇနီးေမာင္ႏွံဟာ ဆမ္ဟူစတန္ ျပည္နယ္တကၠသုိလ္မွာ ပညာသင္ၾကားေနၾကသူေတြျဖစ္ၿပီး ၎တို႕စုံတြဲ ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆုံးသြားေၾကာင္းကုိ တကၠသုိလ္ေက်ာင္းသူေက်ာင္းသားေတြ ဦးစီးထုတ္ေဝေနတဲ့ Houstonian သတင္းစာမွာ ပထမဆုံး ေဖာ္ျပခဲ့တာလည္း ျဖစ္ပါတယ္။

(ဘုိင္လာစံုတြဲကုိ မဂၤလာပြဲမွာ ေတြ႕ရစဥ္) Photo: CNN



ဘုိင္လာတုိ႕စံုတြဲရဲ႕ မဂၤလာပြဲကုိ တက္ေရာက္ခဲ့ၾကသူေတြကလည္း ဆုိ႐ွယ္မီဒီယာမွာ မဂၤလာပြဲဓာတ္ပုံေတြနဲ႕အတူ ဝမ္းနည္းေၾကာင္း ေရးသားခဲ့ၾကပါတယ္။ ၎တုိ႕ႏွစ္ဦးဟာ ရဟတ္ယာဥ္ပ်က္က်ၿပီး မေသဆုံးမီ တစ္နာရီေက်ာ္ကမွ လက္ထပ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ၾကင္စဦးဇနီးေမာင္ႏွံ လုိက္ပါလာတဲ့ ရဟတ္ယာဥ္ဟာ တကၠဆက္ျပည္နယ္ေတာင္ပုိင္း႐ွိ ဘုိင္လာမိသားစုရဲ႕ စုိက္ပ်ဳိးေမြးျမဴေရးၿခံမွာ ပ်က္က်ခဲ့ပါတယ္။ ရဟတ္ယာဥၤပ်က္က်မႈအတြင္း ပုိင္းေလာ့ျဖစ္သူလည္း ေသဆုံးခဲ့တယ္လုိ႕ ဆုိပါတယ္။

ဘုိင္လာဇနီးေမာင္ႏွံရဲ႕ သူငယ္ခ်င္းတစ္ဦးက Instagram မွာ တင္ထားသည့္ မဂၤလာပြဲဓာတ္ပုံတစ္ပုံ (Photo: Trippin_Flippin IG)



Houstonian သတင္းစာမွာ ေဖာ္ျပထားမႈအရ ဝီလ္ဘုိင္လာဟာ တကၠသုိလ္မွာ စုိက္ပ်ဳိးေရးဆုိင္ရာ အင္ဂ်င္နီယာဘာသာရပ္ကုိ သင္ယူေနသူျဖစ္ၿပီး တကၠသိုလ္ရဲ႕ ျမင္းစီးအဖြဲ႕မွာလည္း အဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္း သိရပါတယ္။

ဘီလ္ရဲ႕ အသစ္စက္စက္ဇနီးျဖစ္သူ ဘုိင္လီအက္ကာမန္ဘိုင္လာကေတာ့ စုိက္ပ်ဳိးေရးဆုိင္ရာ ဆက္သြယ္ေရးဘာသာရပ္ကုိ သင္ၾကားေနသူ ျဖစ္ပါတယ္။ ၎တုိ႕ႏွစ္ဦးလုံးဟာ တကၠသုိလ္မွာ ေနာက္ဆုံးႏွစ္ တက္ေရာက္ေနၾကသူတြလုိ႕ ဆုိပါတယ္။

ရဟတ္ယာဥ္ေမာင္းႏွင္သူ (Photo: ABC13 Houston)



အမ်ဳိးသားသယ္ယူပုိ႕ေဆာင္မႈ ေဘးကင္လုံၿခဳံေရးဘုတ္အဖြဲ႕ရဲ႕ အဆုိအရ ပ်က္က်ခဲ့တဲ့ ရဟတ္ယာဥ္ဟာ Bell 206B အမ်ဳိးအစား အင္ဂ်င္ႏွစ္လုံးတပ္ ရဟတ္ယာဥ္ျဖစ္တယ္လို႕ သိရပါတယ္။

ရဟတ္ယာဥ္ပ်က္ အစိတ္အပုိင္းေတြကုိ တနဂၤေႏြေန႕ (ေအာက္တုိဘာ ၄ ရက္) မနက္ပုိင္းမွာ ေတြ႕႐ွိခဲ့ရၿပီး လူေသဆုံးမႈေတြ႐ွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ သုိ႕ေသာ္ ေသဆုံးသူေတြရဲ႕ အခ်က္အလက္ကုိေတာ့ ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ျခင္း မ႐ွိပါဘူးလုိ႕ BBC သတင္းမွာ ေဖာ္ျပထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs