• International News
    Lion Air ခရီးသည်တင်လေယာဉ် လေဆိပ်ပြေးလမ်းမှာ မတော်တဆမှုဖြစ်
Ko John
[Unicode Version]

အင်ဒိုနီးရှားအခြေစိုက် Lion Air လေကြာင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဘန်းကူလူမြို့ ဖတ်မာဝပ်တီလေဆိပ်ကနေ ဂျကာတာမြို့ကို ထွက်ခွာရန်ပြင်ဆင်နေစဉ် တိုင်တစ်လုံးကို ဝင်တိုက်မိခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

lion-air-clipped-plane-wing-2.jpg

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) က ဖြစ်ပွားခဲ့တဲ့ အဆိုပါ မတော်တဆမှုအတွင်း လေယာဉ်ရဲ့ ဘယ်ဖက်တောင်ပံ ထိခိုက်ပျက်စီးသွားခဲ့ပြီး Batik Air လေကြောင်းလိုင်းအပါအဝင် လေကြောင်းခရီးစဉ်တွေ နှောင့်နှေးခဲ့ရကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။

Irsan Hidayat အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦး တင်ထားတဲ့ဓာတ်ပုံတွေအရ လေယာဉ်ရဲ့ ဘယ်ဖက်တောင်ပံမှာ ကြီးမားတဲ့ အပျက်အစီးဖြစ်ပေါ်နေခဲ့ပြီး ခရီးသည်တွေကိုလည်း လေယာဉ်အနီးမှာ တွေ့ရပါတယ်။

DragCZTVAAEcfZp (1).jpg

မတော်တဆမှုဖြစ်ပြီးနောက် Lion Air လေကြောင်းခရီးစဉ် JT633 နဲ့ လိုက်ပါလာမယ့် ခရီးသည် ၁၄၃ ဦးကို ဂျကာတာသို့ ပို့ဆောင်ပေးရန် နောက်ထပ် လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူကို ကိုးကားပြီး CNN Indonesia က ဖော်ပြပါတယ်။

ယခုဖြစ်ရပ်ဟာ Lion Air လေကြောင်းလိုင်းအတွက် ၁၀ ရက်အတွင်း ဒုတိယမြောက် လေယာဉ်မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။

2018-11-08_085524.jpg

JT610 လေယာဉ်ပျက်ကျမှုမှ အပျက်အစီးနဲ့ အလောင်းများကို ပြန်ရှာတွေ့ခဲ့စဉ်



ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ဂျကာတာကနေ ထွက်ခွာပျံသန်းတဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ် JT610 လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၈၉ ဦးအနက် အသက်ရှင်ကျန်ရစ်သူ ရှာမတွေ့ခဲ့ပါဘူး။

[Zawgyi Version]

အင္ဒုိနီး႐ွားအေျခစိုက္ Lion Air ေလၾကာင္းလုိင္းမွ ခရီးသည္တင္ေလယာဥ္တစ္စီးဟာ ဘန္းကူလူၿမဳိ႕ ဖတ္မာဝပ္တီေလဆိပ္ကေန ဂ်ကာတာၿမဳိ႕ကုိ ထြက္ခြာရန္ျပင္ဆင္ေနစဥ္ တုိင္တစ္လုံးကုိ ဝင္တုိက္မိခဲ့တဲ့ မေတာ္တဆမႈ ျဖစ္ပြားခဲ့ပါတယ္။

lion-air-clipped-plane-wing-2.jpg

ဗုဒၶဟူးေန႕ (ႏုိဝင္ဘာ ၇ ရက္) က ျဖစ္ပြားခဲ့တဲ့ အဆုိပါ မေတာ္တဆမႈအတြင္း ေလယာဥ္ရဲ႕ ဘယ္ဖက္ေတာင္ပံ ထိခိုက္ပ်က္စီးသြားခဲ့ၿပီး Batik Air ေလေၾကာင္းလုိင္းအပါအဝင္ ေလေၾကာင္းခရီးစဥ္ေတြ ေႏွာင့္ေႏွးခဲ့ရေၾကာင္း ေဒသခံမီဒီယာေတြက ေျပာပါတယ္။

Irsan Hidayat အမည္ျဖင့္ Facebook အသုံးျပဳသူတစ္ဦး တင္ထားတဲ့ဓာတ္ပုံေတြအရ ေလယာဥ္ရဲ႕ ဘယ္ဖက္ေတာင္ပံမွာ ႀကီးမားတဲ့ အပ်က္အစီးျဖစ္ေပၚေနခဲ့ၿပီး ခရီးသည္ေတြကုိလည္း ေလယာဥ္အနီးမွာ ေတြ႕ရပါတယ္။

DragCZTVAAEcfZp (1).jpg

မေတာ္တဆမႈျဖစ္ၿပီးေနာက္ Lion Air ေလေၾကာင္းခရီးစဥ္ JT633 နဲ႕ လုိက္ပါလာမယ့္ ခရီးသည္ ၁၄၃ ဦးကုိ ဂ်ကာတာသုိ႕ ပုိ႕ေဆာင္ေပးရန္ ေနာက္ထပ္ ေလယာဥ္တစ္စီး စီစဥ္ေပးခဲ့ေၾကာင္း ေလေၾကာင္းလုိင္း တာဝန္႐ွိသူကုိ ကိုးကားၿပီး CNN Indonesia က ေဖာ္ျပပါတယ္။

ယခုျဖစ္ရပ္ဟာ Lion Air ေလေၾကာင္းလုိင္းအတြက္ ၁၀ ရက္အတြင္း ဒုတိယေျမာက္ ေလယာဥ္မေတာ္တဆမႈလည္း ျဖစ္လာခဲ့ပါတယ္။

2018-11-08_085524.jpg

JT610 ေလယာဥ္ပ်က္က်မႈမွ အပ်က္အစီးနဲ႕ အေလာင္းမ်ားကုိ ျပန္႐ွာေတြ႕ခဲ့စဥ္



ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂၉ ရက္မွာ ဂ်ကာတာကေန ထြက္ခြာပ်ံသန္းတဲ့ Lion Air ေလေၾကာင္းလုိင္းရဲ႕ ေလေၾကာင္းခရီးစဥ္ JT610 ေလယာဥ္ဟာ ပင္လယ္ထဲကုိ ပ်က္က်ခဲ့ၿပီး လုိက္ပါသြားသူ ၁၈၉ ဦးအနက္ အသက္႐ွင္က်န္ရစ္သူ ႐ွာမေတြ႕ခဲ့ပါဘူး။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs