• International News
    ဝန်ထမ်းတွေကို ကျင်ငယ်ရည်သောက်ပြီး ပိုးဟပ်စားခိုင်းတဲ့ တရုတ်ကုမ္ပဏီ မန်နေဂျာများ ထောင်ကျ
Ko John
[Unicode Version]

တရုတ်ကုမ္ပဏီတစ်ခုမှ အရောင်းသတ်မှတ်ချက် မပြည်မီတဲ့ ဝန်ထမ်းတွေကို ကျင်ငယ်ရည်သောက်ပြီး ပိုးဟပ်စားခိုင်ခဲ့တဲ့ သက်ဆိုင်ရာ ဌာနမန်နေဂျာတွေကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။

_104201469_03a56f79-b3dc-4952-a685-7d93e4b0821d.jpg

ခါးပတ်တစ်ခုဖြင့် အရိုက်ခံနေရပြီး အဝါရောင်အရည်သောက်နေရတဲ့ ဝန်ထမ်းတွေရဲ့ဗီဒီယိုု အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကုမ္ပဏီမန်နေဂျာတွေကို အရေးယူခဲ့ကြောင်း သိရပါတယ်။

ဆိုရှယ်မီဒီယာမှာ ရေးသားထားမှုအရ ဝန်ထမ်းတွေဟာ သတ်မှတ်ထားတဲ့ အရောင်းပမာဏရည်မှန်းချက် မပြည့်မီပါက ပိုးဟပ်တွေစားရမယ်လို့လည်း ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီမှ မန်နေဂျာသုံးဦးကို ထောင်ဒဏ် ၁၀ ရက်စီ ချမှတ်ခဲ့တယ်လို့ South China Morning Post က ပြောပါတယ်။ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုထဲမှာ အမျိုးသားဝန်ထမ်းတစ်ဦးကို ခါးပတ်ဖြင့်ရိုက်နေတာ တွေ့ရတယ်လို့ဆိုပါတယ်။

_104201471_0293b03e-9c2c-41cc-9c25-6c0a4aa7d79a.jpg

တရုတ်နိုင်ငံ Guizhou မြို့ရှိ နေအိမ်ပြုပြင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဖြစ်ပုံရတဲ့ အခြား ဝန်ထမ်းတွေဟာလည်း နှာခေါင်းတွေကို လက်တစ်ဖက်ဖြင့်ပိတ်ပြီး ပလပ်စတစ်ခွက်တွေထဲမှ အဝါရောင်အရည်ကို သောက်နေတဲ့တာ ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် မန်နေဂျာတွေက စွမ်းဆောင်ရည်ညံ့တဲ့ ဝန်ထမ်းတွေကို ပိုးဟပ်စားရမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ မီဒီယာတွေမှာ ဖော်ပြမှုအရ အဆိုပါကုမ္ပဏီရဲ့ အခြားပုံစံ အပြစ်ပေးမှုတွေအနက် အိမ်သာရေကိုသောက်ခိုင်းခြင်း သို့မဟုတ် ဗီနီဂါရည်သောက်ခိုင်းခြင်းနဲ့ ခေါင်းတုံးတုံးစေခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

_104201463_sciencephotolibrary003355043.jpg

ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဟာ ဝန်ထမ်းတွေကို လစာမပေးတာ ၂ လရှိပြီလို့လည်း ဆိုပါတယ်။ ဝန်ထမ်းတွေဟာလည်း အလုပ်ထွက်လိုက်ပါက ၎င်းတို့လစာ မရတော့မှာကို စိုးရိမ်နေကြပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါကုမ္ပဏီမှ မန်နေဂျာသုံးဦးကို ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

ယခုဖြစ်ရပ်ဟာ တရုတ်ကုမ္ပဏီတွေက ဝန်ထမ်းတွေကို ပုံမှန်မဟုတ်တဲ့ အပြစ်ပေးမှုတွေအနက် နောက်ဆုံးထွက်ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

ယခင်ကလည်း ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ် တိုးမြင့်လာစေရန် တစ်ဦးနဲ့တစ်ဦး ရိုက်စေခြင်းနဲ့ အများပြည်သူ သွားလာနေတဲ့ လမ်းမပေါ်မှာ တွာသွားခိုင်းခြင်း သို့မဟုတ် အမှိုက်ပုံးတွေကို နမ်းခိုင်းခြင်းတို့ဖြင့်လည်း အပြစ်ပေးခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

[Zawgyi Version]

တ႐ုတ္ကုမၸဏီတစ္ခုမွ အေရာင္းသတ္မွတ္ခ်က္ မျပည္မီတဲ့ ဝန္ထမ္းေတြကုိ က်င္ငယ္ရည္ေသာက္ၿပီး ပုိးဟပ္စားခုိင္ခဲ့တဲ့ သက္ဆုိင္ရာ ဌာနမန္ေနဂ်ာေတြကုိ ေထာင္ဒဏ္ခ်မွတ္လိုက္ေၾကာင္း ေဒသခံမီဒီယာေတြက ေျပာပါတယ္။



ခါးပတ္တစ္ခုျဖင့္ အ႐ုိက္ခံေနရၿပီး အဝါေရာင္အရည္ေသာက္ေနရတဲ့ ဝန္ထမ္းေတြရဲ႕ဗီဒီယုုိ အြန္လုိင္းမွာ ပ်ံ႕ႏွံ႕ထြက္ေပၚလာခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ကုမၸဏီမန္ေနဂ်ာေတြကုိ အေရးယူခဲ့ေၾကာင္း သိရပါတယ္။

ဆုိ႐ွယ္မီဒီယာမွာ ေရးသားထားမႈအရ ဝန္ထမ္းေတြဟာ သတ္မွတ္ထားတဲ့ အေရာင္းပမာဏရည္မွန္းခ်က္ မျပည့္မီပါက ပုိးဟပ္ေတြစားရမယ္လုိ႕လည္း ေျပာဆုိခံခဲ့ရတယ္လို႕ ဆုိပါတယ္။

ယခုျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ကုမၸဏီမွ မန္ေနဂ်ာသုံးဦးကုိ ေထာင္ဒဏ္ ၁၀ ရက္စီ ခ်မွတ္ခဲ့တယ္လို႕ South China Morning Post က ေျပာပါတယ္။ တ႐ုတ္ဆုိ႐ွယ္မီဒီယာဝက္ဘ္ဆုိက္ Weibo မွာ ပ်ံ႕ႏွံ႕ခဲ့တဲ့ ဗီဒီယုိထဲမွာ အမ်ဳိးသားဝန္ထမ္းတစ္ဦးကုိ ခါးပတ္ျဖင့္႐ုိက္ေနတာ ေတြ႕ရတယ္လုိ႕ဆုိပါတယ္။



တ႐ုတ္ႏုိင္ငံ Guizhou ၿမဳိ႕႐ွိ ေနအိမ္ျပဳျပင္ေဆာက္လုပ္ေရးကုမၸဏီမွ ျဖစ္ပုံရတဲ့ အျခား ဝန္ထမ္းေတြဟာလည္း ႏွာေခါင္းေတြကုိ လက္တစ္ဖက္ျဖင့္ပိတ္ၿပီး ပလပ္စတစ္ခြက္ေတြထဲမွ အဝါေရာင္အရည္ကုိ ေသာက္ေနတဲ့တာ ဗီဒီယုိထဲမွာ ေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ မန္ေနဂ်ာေတြက စြမ္းေဆာင္ရည္ညံ့တဲ့ ဝန္ထမ္းေတြကုိ ပုိးဟပ္စားရမယ္လုိ႕လည္း ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ မီဒီယာေတြမွာ ေဖာ္ျပမႈအရ အဆုိပါကုမၸဏီရဲ႕ အျခားပုံစံ အျပစ္ေပးမႈေတြအနက္ အိမ္သာေရကုိေသာက္ခုိင္းျခင္း သုိ႕မဟုတ္ ဗီနီဂါရည္ေသာက္ခုိင္းျခင္းနဲ႕ ေခါင္းတုံးတုံးေစျခင္းတုိ႕ ပါဝင္တယ္လုိ႕ သိရပါတယ္။



ယခုျဖစ္ရပ္ ျဖစ္ပြားခဲ့တဲ့ ကုမၸဏီဟာ ဝန္ထမ္းေတြကုိ လစာမေပးတာ ၂ လ႐ွိၿပီလို႕လည္း ဆုိပါတယ္။ ဝန္ထမ္းေတြဟာလည္း အလုပ္ထြက္လုိက္ပါက ၎တုိ႕လစာ မရေတာ့မွာကုိ စုိးရိမ္ေနၾကပါတယ္။ ရဲတပ္ဖြဲ႕က အဆုိပါကုမၸဏီမွ မန္ေနဂ်ာသုံးဦးကုိ ဖမ္းဆီးခဲ့ၿပီးေနာက္ ေထာင္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ယခုျဖစ္ရပ္ဟာ တ႐ုတ္ကုမၸဏီေတြက ဝန္ထမ္းေတြကုိ ပုံမွန္မဟုတ္တဲ့ အျပစ္ေပးမႈေတြအနက္ ေနာက္ဆုံးထြက္ေပၚလာတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။

ယခင္ကလည္း ဝန္ထမ္းေတြကုိ အလုပ္လုပ္ခ်င္စိတ္ တုိးျမင့္လာေစရန္ တစ္ဦးနဲ႕တစ္ဦး ႐ုိက္ေစျခင္းနဲ႕ အမ်ားျပည္သူ သြားလာေနတဲ့ လမ္းမေပၚမွာ တြာသြားခုိင္းျခင္း သို႕မဟုတ္ အမႈိက္ပုံးေတြကုိ နမ္းခိုင္းျခင္းတုိ႕ျဖင့္လည္း အျပစ္ေပးခဲ့တဲ့ ျဖစ္ရပ္ေတြ ျဖစ္ခဲ့ဖူးေၾကာင္း BBC သတင္းမွာ ေဖာ္ျပထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs