• International News
    တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ပြည့်နေတဲ့ အမေရိကန်ဘားဆိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး ၁၂ ဦး သေဆုံး
Ko John
[Unicode Version]

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကျေးလက်ဂီတ ဘားဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၂ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။

5932454-6366501-image-m-31_1541684456414.jpg

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ မှာ လော့စ်အိန်ဂျလိစ် အနောက်မြောက်ဘက် မိုင် ၄၀ အကွာ Thousand Oaks မြို့ရှိ ဘားဆိုင်မှာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇ ရက်) ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

Borderline Bar and Grill ဘားဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ဆိုင်အတွင်း လူ ၂၀၀ ထက်မနည်း ရှိနေခဲ့ပြီး အများစုဟာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ သေနတ်သမားကိုလည်း ဘားဆိုင်အတွင်း သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

5927270-6366501-image-a-61_1541676253524.jpg

သို့သော် သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ခြင်း သို့မဟုတ် ရဲအရာရှိတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းကိုမူ အတိအကျ မသိရသေးပါဘူး။ ယခု ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ရတဲ့အကြောင်းရင်းကိုလည်း ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား ဘားဆိုင်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အလွန်ဆိုးဝါးတဲ့ဖြစ်ရပ်လို့ သမ္မတဒေါ်နယ်ထရန့်က Twitter မှာ ယနေ့ (နိုဝင်ဘာ ၈ ရက်) မနက်ပိုင်းမှာ ရေးသားခဲပါတယ်။ ဘားဆိုင်ပစ်ခတ်မှုကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့အရာရှိတွေရဲ့ ရဲစွမ်းသတ္တိကို သမ္မတထရန့်က ချီးကျူးခဲ့ပါတယ်။

_104229380_sherrif.png

ဘားဆိုင်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ရဲအရာရှိ



Borderline Bar and Grill ဘားဆိုင် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအနက် ရဲတပ်ဖွဲ့ဝင်အဖြစ် လုပ်သက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ရဲအရာရှိ Ron Helus လည်း ပါဝင်ခဲ့ကြောင်း Ventura Country ရဲတပ်ဖွဲ့အကြီးအကဲ Geoff Dean က ပြောပါတယ်။

ဘားဆိုင်မှာရှိနေခဲ့တဲ့ မျက်မြင်တွေရဲ့ အဆိုအရ သံသယရှိသူ သေနတ်သမားဟာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဘားဆိုင်လုံခြုံရေးကို ပထမဆုံးပစ်ခတ်ခဲ့ပြီးနောက် ဆိုင်အတွင်းဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

Ian-long.jpg

ဘားဆိုင်မှာ ပစ်ခတ်ခဲ့သည့် မရိန်းတပ်သားဟောင်း Ian David Long



ထို့နောက် သေနတ်သမားက ဘားဆိုင်ထဲရှိ လူအုပ်အတွင်းကို မီးခိုးဗုံးတစ်လုံး ပစ်ထည့်ခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ် Ian David Long အမည်ရှိ အမေရိကန် မရိန်းတပ်သားဟောင်းဖြစ်ပြီး ၎င်းမိခင်ရဲ့ကားဖြင့် ဘားဆိုင်ကိုရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

5932456-6366501-image-m-40_1541684547104.jpg

ပစ်ခတ်မှုဖြစ်ပြီးနောက် ဘားဆိုင်အတွင်း သေနတ်အတိုတစ်လက်နဲ့ သံသယရှိသူ သေနတ်သမားကို သေဆုံးလျက်သား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားအဖြစ် သံသယရှိသူဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပေမဲ့ အတည်ပြုခြင်း မရှိသေးပါဘူး။

5927276-6366501-image-a-65_1541676425057.jpg

Borderline Bar and Grill ဘားဆိုင်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ  အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတွေဟာ ဘားဆိုင်မှာ အသက်အငယ်ဆုံး ၁၈ နှစ်အရွယ်တွေ ပါဝင်တက်ရောက်ကြတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေအတွက် အပြင်ဆင်များဖြင့် ဖွင့်လှစ်လေ့ရှိကြောင်းလည်း သိရပါတယ်။

အဆိုပါ ဘားဆိုင်ဟာ ကယ်လီဖိုးနီးယားရှိ Lutheran တက္ကသိုလ်၊ Pepperdine တက္ကသိုလ်နဲ့ Moorpark ကောလိပ်တို့အနီးမှာ တည်ရှိနေပြီး ကျောင်းသူကျောင်သားကြားမှာ ကျော်ကြားတဲ့ဘားဆိုင် ဖြစ်ပါတယ်။

Source: Daily Mail, BBC

[Zawgyi Version]

အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားျပည္နယ္႐ွိ ေက်းလက္ဂီတ ဘားဆိုင္တစ္ဆုိင္မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး လူ ၁၂ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ပစ္ခတ္မႈအတြင္း ဒဏ္ရာရသူ ၁၂ ဦးထက္မနည္း ႐ွိခဲ့ေၾကာင္းလည္း သတင္းေတြက ေဖာ္ျပပါတယ္။



ဗုဒၶဟူးေန႕ (ႏုိဝင္ဘာ ၇ ရက္) ေဒသစံေတာ္ခ်ိန္ ည ၁၁ နာရီ မိနစ္ ၂၀ မွာ ေလာ့စ္အိန္ဂ်လိစ္ အေနာက္ေျမာက္ဘက္ မုိင္ ၄၀ အကြာ Thousand Oaks ၿမဳိ႕႐ွိ ဘားဆိုင္မွာ ဗုဒၶဟူးေန႕ (ႏုိဝင္ဘာ ၇ ရက္) ေဒသစံေတာ္ခ်ိန္ ည ၁၁ နာရီ မိနစ္ ၂၀ အခ်ိန္က ပစ္ခတ္မႈ စတင္ျဖစ္ပြားခဲ့တယ္လို႕ ဆုိပါတယ္။

Borderline Bar and Grill ဘားဆုိင္မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့စဥ္ ဆုိင္အတြင္း လူ ၂၀၀ ထက္မနည္း ႐ွိေနခဲ့ၿပီး အမ်ားစုဟာ တကၠသုိလ္ ေက်ာင္းသူေက်ာင္းသားေတြ ျဖစ္ၾကပါတယ္။ ပစ္ခတ္မႈက်ဴးလြန္ခဲ့တဲ့ ေသနတ္သမားကုိလည္း ဘားဆုိင္အတြင္း ေသဆုံးလ်က္သား ေတြ႕႐ွိခဲ့ရတယ္လုိ႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။



သုိ႕ေသာ္ ေသနတ္သမားဟာ ကုိယ့္ကုိယ္ကုိယ္ ပစ္သတ္သြားခဲ့ျခင္း သုိ႕မဟုတ္ ရဲအရာ႐ွိေတြ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ျခင္းကုိမူ အတိအက် မသိရေသးပါဘူး။ ယခု ပစ္ခတ္တုိက္ခိုက္မႈ က်ဴးလြန္ရတဲ့အေၾကာင္းရင္းကုိလည္း ရဲတပ္ဖြဲ႕က အတည္ျပဳထုတ္ျပန္ျခင္း မ႐ွိေသးဘူးလုိ႕ ဆုိပါတယ္။

ကယ္လီဖုိးနီးယား ဘားဆုိင္ပစ္ခတ္မႈနဲ႕ ပတ္သက္ၿပီး အလြန္ဆုိးဝါးတဲ့ျဖစ္ရပ္လုိ႕ သမၼတေဒၚနယ္ထရန္႕က Twitter မွာ ယေန႕ (ႏုိဝင္ဘာ ၈ ရက္) မနက္ပုိင္းမွာ ေရးသားခဲပါတယ္။ ဘားဆုိင္ပစ္ခတ္မႈကုိ တုံ႕ျပန္ေဆာင္႐ြက္ခဲ့ၾကတဲ့ ရဲတပ္ဖြဲ႕အရာ႐ွိေတြရဲ႕ ရဲစြမ္းသတၱိကုိ သမၼတထရန္႕က ခ်ီးက်ဴးခဲ့ပါတယ္။

ဘားဆုိင္ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့သည့္ ရဲအရာ႐ွိ



Borderline Bar and Grill ဘားဆုိင္ ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့သူေတြအနက္ ရဲတပ္ဖြဲ႕ဝင္အျဖစ္ လုပ္သက္ ၂၉ ႏွစ္႐ွိၿပီျဖစ္တဲ့ ရဲအရာ႐ွိ Ron Helus လည္း ပါဝင္ခဲ့ေၾကာင္း Ventura Country ရဲတပ္ဖြဲ႕အႀကီးအကဲ Geoff Dean က ေျပာပါတယ္။

ဘားဆုိင္မွာ႐ွိေနခဲ့တဲ့ မ်က္ျမင္ေတြရဲ႕ အဆုိအရ သံသယ႐ွိသူ ေသနတ္သမားဟာ အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားၿပီး ဘားဆုိင္လုံၿခဳံေရးကုိ ပထမဆုံးပစ္ခတ္ခဲ့ၿပီးေနာက္ ဆုိင္အတြင္းဝင္ေရာက္လာခဲ့ေၾကာင္း သိရပါတယ္။

ဘားဆုိင္မွာ ပစ္ခတ္ခဲ့သည့္ မရိန္းတပ္သားေဟာင္း Ian David Long



ထုိ႕ေနာက္ ေသနတ္သမားက ဘားဆိုင္ထဲ႐ွိ လူအုပ္အတြင္းကို မီးခိုးဗုံးတစ္လုံး ပစ္ထည့္ခဲ့ၿပီးေနာက္ ေသနတ္ျဖင့္ပစ္ခတ္ခဲ့တယ္လို႕ ဆုိပါတယ္။ ေသနတ္သမားဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ Ian David Long အမည္႐ွိ အေမရိကန္ မရိန္းတပ္သားေဟာင္းျဖစ္ၿပီး ၎မိခင္ရဲ႕ကားျဖင့္ ဘားဆုိင္ကုိေရာက္႐ွိလာခဲ့တယ္လို႕ သိရပါတယ္။



ပစ္ခတ္မႈျဖစ္ၿပီးေနာက္ ဘားဆုိင္အတြင္း ေသနတ္အတုိတစ္လက္နဲ႕ သံသယ႐ွိသူ ေသနတ္သမားကုိ ေသဆုံးလ်က္သား ႐ွာေဖြေတြ႕႐ွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ေသနတ္သမားအျဖစ္ သံသယ႐ွိသူဟာ ကုိယ့္ကုိယ္ကုိယ္ ပစ္သတ္သြားခဲ့ဖြယ္႐ွိေၾကာင္း ရဲတပ္ဖြဲ႕က ယုံၾကည္ထားေပမဲ့ အတည္ျပဳျခင္း မ႐ွိေသးပါဘူး။



Borderline Bar and Grill ဘားဆုိင္ရဲ႕ ဝက္ဘ္ဆုိက္မွာ ေဖာ္ျပထားမႈအရ  အပတ္စဥ္ ဗုဒၶဟူးေန႕ညေတြဟာ ဘားဆုိင္မွာ အသက္အငယ္ဆုံး ၁၈ ႏွစ္အ႐ြယ္ေတြ ပါဝင္တက္ေရာက္ၾကတဲ့ တကၠသုိလ္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အျပင္ဆင္မ်ားျဖင့္ ဖြင့္လွစ္ေလ့႐ွိေၾကာင္းလည္း သိရပါတယ္။

အဆုိပါ ဘားဆုိင္ဟာ ကယ္လီဖိုးနီးယား႐ွိ Lutheran တကၠသုိလ္၊ Pepperdine တကၠသုိလ္နဲ႕ Moorpark ေကာလိပ္တုိ႕အနီးမွာ တည္႐ွိေနၿပီး ေက်ာင္းသူေက်ာင္သားၾကားမွာ ေက်ာ္ၾကားတဲ့ဘားဆုိင္ ျဖစ္ပါတယ္။

Source: Daily Mail, BBC


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs