• International News
    ကယ်လီဖိုးနီးယားတောမီးကြောင့် လူနေအိမ် ရာနဲ့ချီပျက်စီး၊ သေဆုံးမှုများရှိဟုဆို
Ko John
[Unicode Version]

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ မြို့တစ်မြို့မှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့မှုအတွင်း လူသေဆုံးမှုများရှိခဲ့ပြီး ရာနဲ့ချီ အရေအတွက်ရှိတဲ့ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပါတယ်။

a-home-is-engulfed-in-flames-during-the-camp-fire-in-paradise-1.jpg

ကြာသပတေးနေ့ (နိုဝင်ဘာ ၈ ရက်) က လောင်ကျွမ်းခဲ့တဲ့ တောမီးရဲ့ မီးတောက်အမြင့် ပေ ၅၀ အထိရှိခဲ့ကြောင်းနဲ့ ဒေသခံ သောင်းနဲ့ချီပြီး မီးဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း အာဏာပိုင်တွေနဲ့ Rueters သတင်းဌာနမှ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

လေပြင်းတိုက်မှုနဲ့ ခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကြောင့် ပါရာဒိုက်စ်မြို့လေးတစ်လျှောက် တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

gallery_xlarge (7).jpg

တောမီးကြောင့် အဆိုပါမြို့ရှိ ဆေးရုံတစ်စိတ်တစ်ပိုင်း လောင်ကျွမ်းပျက်စီးခဲ့ပြီး လူနေအိမ်နဲ့ အခြားအဆောက်အအုံ ၁,၀၀၀ ကျော်လည်း ပျက်စီးသွားခဲ့ကြောင်း မြို့အာဏာပိုင်တွေက ပြောပါတယ်။

"လူအချို့ သေဆုံးတဲ့သတင်းရထားပါတယ်၊ ဒါပေမဲ့ အခုထိတော့ ဒီသတင်းတွေကို အတည်မပြုရသေးပါဘူး" လို့ Butte County ရဲတပ်ဖွဲ့အကြီးအကဲ Kory Honea က သတင်းစာရှင်လင်းပွဲမှာ ပြောခဲ့ပါတယ်။ Butte County မီးသတ်ဌာနအကြီးအကဲ Darren Read က အရပ်သားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

camp-fire.jpg

လက်ရှိ လောင်ကျွမ်းနေတဲ့တောမီးဟာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် တိုက်ခတ်နေတဲ့ လေတိုက်နှုန်းအရ လူဦးရေ ၉၃,၀၀၀ နေထိုင်ကြတဲ့ Chico မြို့ငယ်လေးကို ကူးစက်လောင်ကျွမ်းနိုင်တဲ့ အန္တရာယ်ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

gallery_xlarge (2).jpg

တောမီးလောင်မှုဟာ နိုဝင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ စတင်ခဲ့ပြီး မြေဧက ၁၈,၀၀၀ ကို လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့ကြောင်းနဲ့ ဆန်ဖရန်စစ္စကို အရှေ့မြောက်ဘက် မိုင် ၁၅၀ အကွာရှိ ပါရာဒိုက်စ်မြို့မှ လူဦးရေ ၂၇,၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ကယ်လီဖိုးနီးယား သစ်တောနဲ့မီးဘေးကာကွယ်ရေး ဌာနက သတင်းထုတ်ပြန်ကြောင်း Reuters က ဖော်ပြထားပါတယ်။

[Zawgyi Version]

အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားျပည္နယ္ေျမာက္ပုိင္း႐ွိ ၿမဳိ႕တစ္ၿမဳိ႕မွာ ေတာမီးမ်ား ကူးစက္ေလာင္ကၽြမ္းခဲ့မႈအတြင္း လူေသဆုံးမႈမ်ား႐ွိခဲ့ၿပီး ရာနဲ႕ခ်ီ အေရအတြက္႐ွိတဲ့ ေနအိမ္မ်ား မီးေလာင္ပ်က္စီးခဲ့ပါတယ္။

a-home-is-engulfed-in-flames-during-the-camp-fire-in-paradise-1.jpg

ၾကာသပေတးေန႕ (ႏိုဝင္ဘာ ၈ ရက္) က ေလာင္ကၽြမ္းခဲ့တဲ့ ေတာမီးရဲ႕ မီးေတာက္အျမင့္ ေပ ၅၀ အထိ႐ွိခဲ့ေၾကာင္းနဲ႕ ေဒသခံ ေသာင္းနဲ႕ခ်ီၿပီး မီးေဘးလြတ္ရာသုိ႕ ထြက္ေျပးခဲ့ၾကရေၾကာင္း အာဏာပုိင္ေတြနဲ႕ Rueters သတင္းဌာနမွ မ်က္ျမင္ေတြ႕႐ွိသူက ေျပာပါတယ္။

ေလျပင္းတုိက္မႈနဲ႕ ေျခာက္ေသြ႕တဲ့ ရာသီဥတုအေျခအေနေၾကာင့္ ပါရာဒုိက္စ္ၿမဳိ႕ေလးတစ္ေလွ်ာက္ ေတာမီးမ်ား လ်င္ျမန္စြာ ကူးစက္ေလာင္ကၽြမ္းခဲ့ပါတယ္။

gallery_xlarge (7).jpg

ေတာမီးေၾကာင့္ အဆုိပါၿမဳိ႕႐ွိ ေဆး႐ုံတစ္စိတ္တစ္ပိုင္း ေလာင္ကၽြမ္းပ်က္စီးခဲ့ၿပီး လူေနအိမ္နဲ႕ အျခားအေဆာက္အအုံ ၁,၀၀၀ ေက်ာ္လည္း ပ်က္စီးသြားခဲ့ေၾကာင္း ၿမဳိ႕အာဏာပုိင္ေတြက ေျပာပါတယ္။

"လူအခ်ဳိ႕ ေသဆုံးတဲ့သတင္းရထားပါတယ္၊ ဒါေပမဲ့ အခုထိေတာ့ ဒီသတင္းေတြကုိ အတည္မျပဳရေသးပါဘူး" လုိ႕ Butte County ရဲတပ္ဖြဲ႕အႀကီးအကဲ Kory Honea က သတင္းစာ႐ွင္လင္းပြဲမွာ ေျပာခဲ့ပါတယ္။ Butte County မီးသတ္ဌာနအႀကီးအကဲ Darren Read က အရပ္သားေတြနဲ႕ မီးသတ္တပ္ဖြဲ႕ဝင္ေတြ ထိခိုက္ဒဏ္ရာရမႈ ႐ွိခဲ့တယ္လုိ႕ အတည္ျပဳခဲ့ပါတယ္။

camp-fire.jpg

လက္႐ွိ ေလာင္ကၽြမ္းေနတဲ့ေတာမီးဟာ တစ္နာရီလွ်င္ ၃၅ မုိင္ႏႈန္းျဖင့္ တုိက္ခတ္ေနတဲ့ ေလတုိက္ႏႈန္းအရ လူဦးေရ ၉၃,၀၀၀ ေနထုိင္ၾကတဲ့ Chico ၿမဳိ႕ငယ္ေလးကုိ ကူးစက္ေလာင္ကၽြမ္းႏိုင္တဲ့ အႏၱရာယ္႐ွိေနေၾကာင္းလည္း ၎က ျဖည့္စြက္ေျပာပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs