• International News

    လေယာဉ်မောင်းဖို့အိပ်မက် မဖြစ်နိုင်တော့လို့ လေယာဉ်တည်ဆောက်ခဲ့တဲ့ တရုတ်လယ်သမားကြီး

Ko John
[Unicode Version]

တရုတ်နိုင်ငံမှ ကြက်သွန်စိုက် တောင်သူလယ်သမားကြီးတစ်ဦးဟာ လေယာဉ်မောင်းနှင်ပျံသန်းချင်တဲ့ သူ့ရဲ့အိပ်မက်ကို လက်တွေ့ အကောင်အထည် မဖော်နိုင်တော့ကြောင်း သဘောပေါက်သွားခဲ့ပြီးနောက် ထိုအစား လေယာဉ်တစ်စီးတည်ဆောက်ရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

the-full-scale-replica-of-the-airbus-a320-built-by-farmer-zhu-yue-is-now-nearly-finished-1540554448242-7.jpg

လယ်သမားကြီး Zhu Yue က Airbus A320 လေယာဉ်နဲ့ အရွယ်အစားတူညီတဲ့ ပုံတူလေယာဉ်ကြီးကို တည်ဆောက်ခဲ့ပြီး အောက်တိုဘာလကုန်ပိုင်းမှာ အပြီးသတ်လုနီးခဲ့ပြီလို့ သိရပါတယ်။ Zhu တည်ဆောက်ထားတဲ့ လေယာဉ်ကြီးကို တရုတ်အရှေ့မြောက်ပိုင်းရှိ စိုက်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြေကွက်နေရာမှာ တွေ့မြင်နိုင်ပါတယ်။

လေယာဉ်မောင်းနှင်ပျံသန်းဖို့ အိပ်မက်ရှိခဲ့ဖူးတဲ့ တောင်သူကြီး Zhu ဟာ အလယ်တန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရဘဲ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စိုက်ပျိုးရေးအလုပ်တွေ လုပ်ခဲ့ရပါတယ်။ ထို့နောက် Zhu က Kaiyuan မြို့ငယ်လေးရှိ စက်ရုံတစ်ရုံမှာ ဂဟေဆော်တဲ့အလုပ်ကို ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ပါတယ်။

zhu-has-decided-to-turn-his-airbus-replica-into-a-diner-1540554448242-8.jpg

ယမန်နှစ်မှာတော့ Zhu Yue သူ့ရဲ့ဘဝမှာ လေယာဉ်တစ်စီးကို မောင်းနှင်ပျံသန်းခွင့် မရနိုင်တော့ကြောင်း နားလည်သဘောပေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အခု သက်လတ်ပိုင်းအရွယ် ရောက်လာခဲ့ပါပြီ၊ လေယာဉ်တစ်စီး မဝယ်နိုင်တော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါပြီ၊ ဒါပေမဲ့ အဲဒီအစား လေယာဉ်တစ်စီးတော့ ကျွန်တော် တည်ဆောက်နိုင်တယ်လေ" လို့ သူက AFP သတင်းဌာနကို ပြောပါတယ်။

zhu-measured-dimensions-studied-online-photos-and-used-60-tonnes-of-steel-to-make-his-replica-1540554448242-9.jpg

လေယာဉ်မောင်းဖို့ အိပ်မက်မက်ခဲ့ဖူးတဲ့ တောင်သူကြီး Zhu က လေယာဉ်တည်ဆောက်ရေး သူ့ရဲ့စီမံကိန်းအတွက် ယွမ်ငွေ ၂.၆ သန်း (အမေရိကန်ဒေါ်လာ ၃၇၄,၀၀၀) အကုန်အကျခံခဲ့ပြီး Airbus A320 လေယာဉ်ပုံစံတူ ကစားစရာလေယာဉ်နဲ့ တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှ Airbus A320 ဓာတ်ပုံများ၊ ကစားစရာ အရုပ်လေယာဉ်ရဲ့ အချိုးကျပုံစံတူ အတိုင်းအတာများကို လေ့လာကာ အမှားအယွင်းတွေ အကြိမ်ကြိမ် ကြုံခဲ့ရပြီးနောက်မှာတော့ Zhu ဟာ သံမဏိ တန်ချိန် ၆၀ အသုံးပြုပြီး လေယာဉ်တည်ဆောက်မှုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

five-fellow-aircraft-enthusiasts-have-helped-zhu-yue-speed-the-project-along-1540554448242-6.jpg

၎င်းကဲ့သို့ပင် လေယာဉ်ဝါသနာပါသူ အလုပ်သမားငါးဦးကလည်း Zhu Yue ကို ကူညီပေးခဲ့ကြပါတယ်။ "သူတို့က ဝင်ငွေလည်းရပြီး အခြားတစ်ဖက်မှာလည်း သူတို့ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းနိုင်တာပေါ့" လို့ Zhu က ပြောပါတယ်။

Zhu တည်ဆောက်ထားတဲ့ လေယာဉ်ကြီးကို မောင်းနှင်ပျံသန်းမှာ မဟုတ်ပေမဲ့ စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်သွားမယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။

2018-11-09_112454.jpg

"လာရောက်စားသောက်သူတွေအတွက် ကျွန်တော်တို့က ကော်ဇောနီခင်းပေးထားမှာပါ၊ ဒီတော့ လူတိုင်းက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အဖြစ် ခံစားကြရမှာပေါ့" လို့ Zhu Yue က ဆိုပါတယ်။

လေယာဉ်မောင်းနှင် ပျံသန်းချင်တဲ့အိပ်မက်ကို အကောင်အထည်မဖော်နိုင်တော့ပေမဲ့ သူ တည်ဆောက်ထားတဲ့ လေယာဉ်စားသောက်ဆိုင်မှာ မကြာမီ စားသုံးသူတွေနဲ့ ပြည့်နေလိမ့်မယ်လို့ Zhu က မျှော်လင့်ထားပါတယ်။

[Zawgyi Version]

တ႐ုတ္ႏုိင္ငံမွ ၾကက္သြန္စုိက္ ေတာင္သူလယ္သမားႀကီးတစ္ဦးဟာ ေလယာဥ္ေမာင္းႏွင္ပ်ံသန္းခ်င္တဲ့ သူ႕ရဲ႕အိပ္မက္ကုိ လက္ေတြ႕ အေကာင္အထည္ မေဖာ္ႏုိင္ေတာ့ေၾကာင္း သေဘာေပါက္သြားခဲ့ၿပီးေနာက္ ထိုအစား ေလယာဥ္တစ္စီးတည္ေဆာက္ရန္ ဆုံးျဖတ္ခဲ့တယ္လို႕ ဆုိပါတယ္။



လယ္သမားႀကီး Zhu Yue က Airbus A320 ေလယာဥ္နဲ႕ အ႐ြယ္အစားတူညီတဲ့ ပုံတူေလယာဥ္ႀကီးကုိ တည္ေဆာက္ခဲ့ၿပီး ေအာက္တုိဘာလကုန္ပုိင္းမွာ အၿပီးသတ္လုနီးခဲ့ၿပီလို႕ သိရပါတယ္။ Zhu တည္ေဆာက္ထားတဲ့ ေလယာဥ္ႀကီးကုိ တ႐ုတ္အေ႐ွ႕ေျမာက္ပုိင္း႐ွိ စုိက္ခင္းေတြ ပတ္လည္ဝိုင္းေနတဲ့ ေျမကြက္ေနရာမွာ ေတြ႕ျမင္ႏုိင္ပါတယ္။

ေလယာဥ္ေမာင္းႏွင္ပ်ံသန္းဖုိ႕ အိပ္မက္႐ွိခဲ့ဖူးတဲ့ ေတာင္သူႀကီး Zhu ဟာ အလယ္တန္းပညာကုိ ဆုံးခန္းတုိင္ေအာင္ မသင္ၾကားခဲ့ရဘဲ ၾကက္သြန္နီနဲ႕ ၾကက္သြန္ျဖဴ စုိက္ပ်ဳိးေရးအလုပ္ေတြ လုပ္ခဲ့ရပါတယ္။ ထုိ႕ေနာက္ Zhu က Kaiyuan ၿမဳိ႕ငယ္ေလး႐ွိ စက္႐ုံတစ္႐ုံမွာ ဂေဟေဆာ္တဲ့အလုပ္ကုိ ေ႐ႊ႕ေျပာင္းလုပ္ကုိင္ခဲ့ပါတယ္။



ယမန္ႏွစ္မွာေတာ့ Zhu Yue သူ႕ရဲ႕ဘဝမွာ ေလယာဥ္တစ္စီးကုိ ေမာင္းႏွင္ပ်ံသန္းခြင့္ မရႏုိင္ေတာ့ေၾကာင္း နားလည္သေဘာေပါက္သြားခဲ့တယ္လို႕ ဆုိပါတယ္။

"ကၽြန္ေတာ့္အခု သက္လတ္ပုိင္းအ႐ြယ္ ေရာက္လာခဲ့ပါၿပီ၊ ေလယာဥ္တစ္စီး မဝယ္ႏုိင္ေတာ့ဘူးဆုိတာ ကၽြန္ေတာ္ သိလိုက္ပါၿပီ၊ ဒါေပမဲ့ အဲဒီအစား ေလယာဥ္တစ္စီးေတာ့ ကၽြန္ေတာ္ တည္ေဆာက္ႏုိင္တယ္ေလ" လုိ႕ သူက AFP သတင္းဌာနကုိ ေျပာပါတယ္။



ေလယာဥ္ေမာင္းဖို႕ အိပ္မက္မက္ခဲ့ဖူးတဲ့ ေတာင္သူႀကီး Zhu က ေလယာဥ္တည္ေဆာက္ေရး သူ႕ရဲ႕စီမံကိန္းအတြက္ ယြမ္ေငြ ၂.၆ သန္း (အေမရိကန္ေဒၚလာ ၃၇၄,၀၀၀) အကုန္အက်ခံခဲ့ၿပီး Airbus A320 ေလယာဥ္ပုံစံတူ ကစားစရာေလယာဥ္နဲ႕ တည္ေဆာက္ေရးလုပ္ငန္းကို စတင္ခဲ့တယ္လို႕ ဆုိပါတယ္။

အြန္လုိင္းမွ Airbus A320 ဓာတ္ပုံမ်ား၊ ကစားစရာ အ႐ုပ္ေလယာဥ္ရဲ႕ အခ်ဳိးက်ပုံစံတူ အတုိင္းအတာမ်ားကုိ ေလ့လာကာ အမွားအယြင္းေတြ အႀကိမ္ႀကိမ္ ႀကဳံခဲ့ရၿပီးေနာက္မွာေတာ့ Zhu ဟာ သံမဏိ တန္ခ်ိန္ ၆၀ အသုံးျပဳၿပီး ေလယာဥ္တည္ေဆာက္မႈကုိ လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။



၎ကဲ့သုိ႕ပင္ ေလယာဥ္ဝါသနာပါသူ အလုပ္သမားငါးဦးကလည္း Zhu Yue ကုိ ကူညီေပးခဲ့ၾကပါတယ္။ "သူတုိ႕က ဝင္ေငြလည္းရၿပီး အျခားတစ္ဖက္မွာလည္း သူတုိ႕ရဲ႕အိပ္မက္ေတြကုိ ျဖည့္ဆည္းႏိုင္တာေပါ့" လုိ႕ Zhu က ေျပာပါတယ္။

Zhu တည္ေဆာက္ထားတဲ့ ေလယာဥ္ႀကီးကုိ ေမာင္းႏွင္ပ်ံသန္းမွာ မဟုတ္ေပမဲ့ စားေသာက္ဆုိင္အျဖစ္ ဖြင့္လွစ္သြားမယ္လို႕ သူက ဆုံးျဖတ္ထားပါတယ္။



"လာေရာက္စားေသာက္သူေတြအတြက္ ကၽြန္ေတာ္တုိ႕က ေကာ္ေဇာနီခင္းေပးထားမွာပါ၊ ဒီေတာ့ လူတုိင္းက ႏုိင္ငံ့ေခါင္းေဆာင္တစ္ေယာက္အျဖစ္ ခံစားၾကရမွာေပါ့" လုိ႕ Zhu Yue က ဆုိပါတယ္။

ေလယာဥ္ေမာင္းႏွင္ ပ်ံသန္းခ်င္တဲ့အိပ္မက္ကုိ အေကာင္အထည္မေဖာ္ႏုိင္ေတာ့ေပမဲ့ သူ တည္ေဆာက္ထားတဲ့ ေလယာဥ္စားေသာက္ဆုိင္မွာ မၾကာမီ စားသုံးသူေတြနဲ႕ ျပည့္ေနလိမ့္မယ္လို႕ Zhu က ေမွ်ာ္လင့္ထားပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs