• International News
    မဲလ်ဘုန်းမြို့လယ်မှာ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
Ko John
[Unicode Version]

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်ရှိ လမ်းသွားလမ်းလာနဲ့ ဈေးဝယ်သူများဖြင့် စည်ကားတဲ့နေရာမှာ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ မဲလ်ဘုန်းမြို့လယ်ခေါင်မှာ ယနေ့ (နိုဝင်ဘာ ၉ ရက်) ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း ကားတစ်စီး မီးလောင်ခဲ့ကြောင်း သိရပါတယ်။

2018-11-09_141913.jpg

"ရဲတပ်ဖွဲ့က မြို့လယ်ခေါင်မှာ ကားတစ်စီး မီးလောင်နေတယ်လို့ သတင်းရတာကြောင့် သွားရောက်ခဲ့ပါတယ်၊ အဲဒီမှာပဲ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အပြင်းအထန်ဒဏ်ရာနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်၊ သူ့ကို ရဲအစောင့်အရှောက်နဲ့ ဆေးရုံမှာကုသပေးနေပါတယ်" လို့ ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယခုဖြစ်ရပ်အတွင်း လူအချို့ ဓားဒဏ်ရာရခဲ့ပြီး ကုသမှုခံယူခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

2018-11-09_141616.jpg

Twitter မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ အမျိုးသားတစ်ဦးက ဓားတစ်လက်ဖြစ်ဖွယ်ရှိတဲ့အရာနဲ့ ရဲအရာရှိနှစ်ဦးကို ဝှေ့ရမ်းတိုက်ခိုက်ဟန်ပြုနေခဲ့ပါတယ်။

ထို့နောက် ရဲအရာရှိတစ်ဦးက ၎င်းရဲ့သေနတ်ကို ဆွဲထုတ်လိုက်ပြီးနောက် သေနတ်သံတစ်ချက် ကြားလိုက်ရကာ အဆိုပါ အမျိုးသားဟာ ရင်ဘတ်ကိုဖိရင်း မြေပြင်မှာလဲကျနေခဲ့တာ တွေ့ရပါတယ်။ ဒဏ်ရာရခဲ့သူတွေကို အခင်းဖြစ်နေရာမှာ ကုသပေးခဲ့ကြောင်း ဗစ်တိုးရီးယား အရေးပေါ်ဌာနက ပြောခဲ့ပါတယ်။

2018-11-09_141716.jpg

Reuters သတင်းဌာနမှ မျက်မြင်တစ်ဦးရဲ့ အဆိုအရ မဲလ်ဘုန်းမြို့လယ်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ ရဲအရာရှိများ စောင့်ကြပ်နေကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

ထပ်မံသိရှိရတဲ့ သတင်းအရ မဲလ်ဘုန်းမြို့လယ် ဓားဖြင့်တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်းနဲ့ တိုက်ခိုက်သူဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သြစတြေးလျဟာ ၂၀၁၅ ခုနှစ်မှစပြီး အရှေ့အလယ်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာကြတဲ့ ပြည်တွင်းအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် သတိပေးချက် တိုးမြှင့်ထားခဲ့ပါတယ်။

policemen-block-members-of-the-public-from-walking-towards-the-bourke-street-mall-in-central-melbourne-3.jpg

မဲလ်ဘုန်းမြို့လယ်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက အမျိုးသားတစ်ဦက ၎င်းရဲ့ကားကို အရှိန်မြှင့်မောင်းနှင်လာပြီး လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ဖူးပြီး လူ ၆ ဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်ခြင်းမရှိကြောင်း သြစတြေးလျအာဏာပိုင်တွေက အတည်ပြု ပြောခဲ့ပါတယ်။

မဲလ်ဘုန်းမြို့ (Melbourne) အချက်အလက်အချို့

- ၁၈၃၅ ခုနှစ် သြဂုတ်လ ၃၀ ရက်မှာ မြို့စတည်ခဲ့ပါတယ်။

- သြစတြေလျးနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရဲ့ မြို့တော်နဲ့ လူဦးရေအထူထပ်ဆုံး နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

- သြစတြေလျးမှာ ဒုတိယ လူဦးရေအထူထပ်ဆုံး မြို့ဖြစ်ပါတယ်။

- ၂၀၁၅ ခုနှစ် စာရင်းအရ လူဦးရေ ၄.၅ သန်းကျော် ရှိပါတယ်။

- မဲလ်ဘုန်းမြို့ဟာ ပညာရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းနဲ့ အားကစားကဏ္ဍတွေမှာ အဆင့်အတန်း မြင့်မားကောင်းမွန်ပါတယ်။

- ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် ၆ နှစ်ဆက်တိုက် သတ်မှတ်ဖော်ပြခံခဲ့ရပါတယ်။

- မဲလ်ဘုန်းမြို့ဟာ အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးဈေးကွက်မှာလည်း ဦးဆောင်နေပါတယ်။

Source & Photo: Reuters, abc.net.au, BBC

[Zawgyi Version]

ၾသစေၾတးလ်ႏုိင္ငံ မဲလ္ဘုန္းၿမဳိ႕လယ္႐ွိ လမ္းသြားလမ္းလာနဲ႕ ေစ်းဝယ္သူမ်ားျဖင့္ စည္ကားတဲ့ေနရာမွာ အမ်ဳိးသားတစ္ဦးက ဓားျဖင့္တုိက္ခိုက္မႈေၾကာင့္ လူတစ္ဦးေသဆုံးၿပီး အျခားႏွစ္ဦး ဒဏ္ရာရခဲ့ပါတယ္။ မဲလ္ဘုန္းၿမဳိ႕လယ္ေခါင္မွာ ယေန႕ (ႏုိဝင္ဘာ ၉ ရက္) ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္အတြင္း ကားတစ္စီး မီးေလာင္ခဲ့ေၾကာင္း သိရပါတယ္။

ယခုျဖစ္ရပ္အတြင္း လူအခ်ဳိ႕ ဓားဒဏ္ရာရခဲ့ၿပီး ကုသမႈခံယူခဲ့ရၿပီး တစ္ဦးေသဆုံးခဲ့ေၾကာင္းလည္း ရဲတပ္ဖြဲ႕က အတည္ျပဳထားပါတယ္။ ေနာက္ထပ္ အေသးစိတ္ အခ်က္အလက္ေတြကုိေတာ့ ရဲတပ္ဖြဲ႕က ထုတ္ျပန္ျခင္းမ႐ွိေသးပါဘူး။

ထုိ႕ေနာက္ ရဲအရာ႐ွိတစ္ဦးက ၎ရဲ႕ေသနတ္ကုိ ဆြဲထုတ္လုိက္ၿပီးေနာက္ ေသနတ္သံတစ္ခ်က္ ၾကားလုိက္ရကာ အဆုိပါ အမ်ဳိးသားဟာ ရင္ဘတ္ကုိဖိရင္း ေျမျပင္မွာလဲက်ေနခဲ့တာ ေတြ႕ရပါတယ္။ ဒဏ္ရာရခဲ့သူေတြကုိ အခင္းျဖစ္ေနရာမွာ ကုသေပးခဲ့ေၾကာင္း ဗစ္တုိးရီးယား အေရးေပၚဌာနက ေျပာခဲ့ပါတယ္။

ထပ္မံသိ႐ွိရတဲ့ သတင္းအရ မဲလ္ဘုန္းၿမဳိ႕လယ္ ဓားျဖင့္တုိက္ခုိက္မႈကုိ အၾကမ္းဖက္မႈအျဖစ္ သတ္မွတ္ေဆာင္႐ြက္ေနေၾကာင္းနဲ႕ တုိက္ခိုက္သူဟာ ေဆး႐ုံမွာ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။

ၾသစေၾတးလ်ဟာ ၂၀၁၅ ခုႏွစ္မွစၿပီး အေ႐ွ႕အလယ္ပုိင္းမွာ သြားေရာက္တုိက္ခိုက္ခဲ့ၿပီး ျပန္လည္ေရာက္႐ွိလာၾကတဲ့ ျပည္တြင္းအစြန္းေရာက္ေတြရဲ႕ အၾကမ္းဖက္တုိက္ခုိက္မႈအႏၱရာယ္ သတိေပးခ်က္ တုိးျမွင့္ထားခဲ့ပါတယ္။

မဲလ္ဘုန္းၿမဳိ႕ (Melbourne) အခ်က္အလက္အခ်ဳိ႕

- ၁၈၃၅ ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္မွာ ၿမဳိ႕စတည္ခဲ့ပါတယ္။

- ၾသစေၾတလ်းႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္ရဲ႕ ၿမဳိ႕ေတာ္နဲ႕ လူဦးေရအထူထပ္ဆုံး ေနထုိင္တဲ့ ၿမဳိ႕ျဖစ္ပါတယ္။

- ၾသစေၾတလ်းမွာ ဒုတိယ လူဦးေရအထူထပ္ဆုံး ၿမဳိ႕ျဖစ္ပါတယ္။

- ၂၀၁၅ ခုႏွစ္ စာရင္းအရ လူဦးေရ ၄.၅ သန္းေက်ာ္ ႐ွိပါတယ္။

- မဲလ္ဘုန္းၿမဳိ႕ဟာ ပညာေရး၊ ေဖ်ာ္ေျဖေရး၊ က်န္းမာေရးေစာင့္ေ႐ွာက္မႈ၊ သုေတသနနဲ႕ ဖြံ႕ၿဖဳိးတုိးတက္မႈ၊ ခရီးသြားလုပ္ငန္းနဲ႕ အားကစားက႑ေတြမွာ အဆင့္အတန္း ျမင့္မားေကာင္းမြန္ပါတယ္။

- ၂၀၁၆ ခုႏွစ္မွာ ကမာၻ႕ေနခ်င္စဖြယ္ အေကာင္းဆုံးၿမဳိ႕အျဖစ္ ၆ ႏွစ္ဆက္တုိက္ သတ္မွတ္ေဖာ္ျပခံခဲ့ရပါတယ္။

- မဲလ္ဘုန္းၿမဳိ႕ဟာ အာ႐ွပစိဖိတ္ေဒသရဲ႕ ေငြေၾကးေစ်းကြက္မွာလည္း ဦးေဆာင္ေနပါတယ္။

Source & Photo: Reuters, abc.net.au, BBC


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs