• International News
    နာမည်ကြီး ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါမားကို့စ်ကို လာဘ်ယူမှုဖြင့် ဖမ်းဝရမ်းထုတ်
Ko John
[Unicode Version]

ဖိနပ်တွေ၊ ကျောက်မျက်ရတနာတွေနဲ့ အနုပညာလက်ရာတွေ များပြားစွာ စုဆောင်းတတ်သူအဖြစ် တစ်ချိန်က နာမည်ကြီးလှတဲ့ ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါမားကို့စ်ကို လာဘ်ယူမှု ခုနစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးက ယနေ့ (နိုဝင်ဘာ ၉ ရက်) ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရပါတယ်။

file-photo--philippines-former-first-lady-and-congresswoman-imelda-marcos-waves-to-supporters-as-she-takes-part-in-the-announcement-of-her-son-bongbong-marcos--vice-presidential-candidacy--in-manila-2.jpg

လစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါမားကို့စ်



ယခုလက်ရှိ အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားကို့စ်ဟာ သူမရဲ့ခင်ပွန်း အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်က ဖိလစ်ပိုင်ကို ဆယ်စုနှစ် ၂ ခုကြာ အုပ်ချုပ်ခဲ့စဉ်အတွင်း လာဘ်စားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတကတော်ဟောင်းဟာ လာဘ်ယူမှုစွဲချက် ဒါဇင်နဲ့ချီ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ၎င်းတို့မိသားစုဟာ ၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိုင်စစ်တပ်က ထောက်ခံအားပေးခဲ့တဲ့ ဆူပူအုံကြွမှုအတွင်း အာဏာလက်လွှတ်ခဲ့ရပါတယ်။

တရားရုံးက မားကို့စ်ကို ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ပေမဲ့ သူမ အနေနဲ့ အယူခံဝင်နိုင်ကြောင်းနဲ့ အယူခံပယ်ချခံရပါက ယခုဖမ်းဆီးမိန့်ကို တရားရုံးချုပ်မှာ ဆက်လက် တရားရင်ဆိုင်နိုင်ကြောင်း သိရပါတယ်။

methode%2Ftimes%2Fprod%2Fweb%2Fbin%2F8c45c6ae-72d0-11e7-83f1-667fddf1d78f.jpg

တစ်ချိန်က ဖာဒီနန်မားကို့စ်နှင့် အီမယ်ဒါမားကို့စ်



မားကို့စ်ကလည်း  ယခုဖမ်းဆီးမိန့်ကို သူမရဲ့ရှေ့နေက လေ့လာသုံးသပ်ပြီးနောက် ပြန်လည်စဉ်းစားပေးရန် အယူခံတင်သွင်းဖို့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။ ယနေ့ တရားရုံးအမိန့်အရ မားကို့စ်ဟာ လာဘ်ယူမှုခုနစ်ခုအတွက် တစ်ခုလျှင် ထောင်ဒဏ် ၁၁ နှစ်စီ ကျခံရမှာလည်း ဖြစ်ပါတယ်။

မားကို့စ်ဟာ ၎င်းရဲ့ခင်ပွန်းလက်ထက်က မနီလာမြို့အုပ်ချုပ်ရေမှူးအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ဆွစ်ဇာလန်ဖောင်ဒေးရှင်း ခုနစ်ခုထံသို့ ဘဏ်မှတစ်ဆင့် ငွေလွှဲပြောင်းမှု ခုနစ်ခုလုပ်ဆောင်ခဲ့မှုဖြင့် စွဲချက်တင်ခံခဲ့ရပါတယ်။

methode%2Ftimes%2Fprod%2Fweb%2Fbin%2F86206b76-622d-11e6-adc3-3c8e5e51f270.jpg

ဖာဒီနန်မားကို့စ် ကွယ်လွန်ခဲ့စဉ်က တွေ့ရသည့် အီမယ်ဒါမားကို့စ်



ယခု တရားရုံးဆုံးဖြတ်ချက်ကို ထိုသို့စွဲချက်တင်ခဲ့ပြီး ဆယ်စုနှစ်သုံးခုနီးပါအကြာမှာ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင် အထူးအယူခံတရားရုံးရဲ့ နည်းဥပဒေအရ သမ္မတကတော်ဟောင်း မားကို့စ်ဟာ ၁၅ ရက်အတွင်း အယူခံဝင်နိုင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးက ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမယ်လို့ ဆိုပါတယ်။

မားကို့စ်အနေနဲ့ ယခု တရားရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ်သို့ တိုက်ရိုက် တက်ရောက်ရင်ဆိုင်ကာ ပြစ်ဒဏ်လျှော့ပေါ့ရန်လည်း လုပ်ဆောင်နိုင်ပါတယ်။ ထို့အတူ ဖမ်းဆီးခံရပါကလည်း အာမခံလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

imelda-marcos-shoe-display-marikina-museum-3.jpg

အီမယ်ဒါမားကို့စ် စုဆောင်းခဲ့တဲ့ ဖိနပ်များကို ပြတိုက်မှာပြသထားမှု



လွှတ်တော်အမတ်အဖြစ် သက်တမ်းသုံးနှစ်ကြာ ဆောင်ရွက်နေခဲ့တဲ့ မားကို့စ်က သမီးဖြစ်သူ အိုင်မီမားကို့စ် လက်ရှိတာဝန်ယူထားတဲ့ Ilocos Norte ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးနေရာကို လာမယ့်နှစ် မေလမှာ ဆက်ခံသွားရန်အတွက် အမည်စာရင်း တင်သွင်းထားပါတယ်။

အိုင်မီမားကို့စ်က ၂၀၁၉ ခုနှစ် ဖိလစ်ပိုင် လွှတ်တော်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Ilocos Norte ဒေသမှာ မားကို့စ်မိသားစုက သြဇာလွှမ်းမိုးမှု အားကောင်းနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Philippines-people-power.jpg

၁၉၈၆ ဖိလစ်ပိုင်အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှု မြင်ကွင်းတစ်ခု



မားကို့စ်ရဲ့ခင်ပွန်း အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ဟာ ဖိလစ်ပိုင်ကို ဆယ်စုနှစ် ၂ ခုကြာ အုပ်ချုပ်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးပြဌာန်းခဲ့ပါတယ်။ ထိုကာလအတွင်း အစိုးရကိုဆန့်ကျင်သူ ထောင်ပေါင်းများစွာဟာ ဖမ်းဆီးထောင်ချခံရခြင်း၊ အသတ်ခံရခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းတို့ ဖြစ်ခဲ့ပါတယ်။

အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ဟာ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အလွဲသုံးစားပြု စုဆောင်းရယူခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

ဖာဒီနန်မားကို့စ်ဟာ ၁၉၈၆ ခုနှစ်မှာ ပြည်သူလူထု ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် နိုင်ငံမှထွက်ပြေးသွားခဲ့ပြီး အမေရိကန် ဟာဝိုင်အီမှာ ခိုလှုံခဲ့ပါတယ်။ ထို့နောက် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်မှာ ဟာဝိုင်အီရှိ ဟိုနိုလူလူမြို့မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

ဖိနပ္ေတြ၊ ေက်ာက္မ်က္ရတနာေတြနဲ႕ အႏုပညာလက္ရာေတြ မ်ားျပားစြာ စုေဆာင္းတတ္သူအျဖစ္ တစ္ခ်ိန္က နာမည္ႀကီးလွတဲ့ ဖိလစ္ပိုင္သမၼတကေတာ္ေဟာင္း အီမယ္ဒါမားကုိ႕စ္ကုိ လာဘ္ယူမႈ ခုနစ္မႈအတြက္ အျပစ္႐ွိေၾကာင္းဆုံးျဖတ္ခဲ့ၿပီးေနာက္ အဂတိလုိက္စားမႈတုိက္ဖ်က္ေရး တရား႐ုံးက ယေန႕ (ႏုိဝင္ဘာ ၉ ရက္) ဖမ္းဝရမ္းထုတ္လုိက္ေၾကာင္း သိရပါတယ္။

လစ္ပိုင္သမၼတကေတာ္ေဟာင္း အီမယ္ဒါမားကုိ႕စ္



ယခုလက္႐ွိ အသက္ ၈၉ ႏွစ္အ႐ြယ္႐ွိၿပီျဖစ္တဲ့ မားကုိ႕စ္ဟာ သူမရဲ႕ခင္ပြန္း အာဏာ႐ွင္ေဟာင္း ဖာဒီနန္မားကို႕စ္က ဖိလစ္ပုိင္ကုိ ဆယ္စုႏွစ္ ၂ ခုၾကာ အုပ္ခ်ဳပ္ခဲ့စဥ္အတြင္း လာဘ္စားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လို႕ ဆုိပါတယ္။

သမၼတကေတာ္ေဟာင္းဟာ လာဘ္ယူမႈစြဲခ်က္ ဒါဇင္နဲ႕ခ်ီ ရင္ဆုိင္ေနရတာလည္း ျဖစ္ပါတယ္။ ၎တုိ႕မိသားစုဟာ ၁၉၈၆ ခုႏွစ္မွာ ဖိလစ္ပုိင္စစ္တပ္က ေထာက္ခံအားေပးခဲ့တဲ့ ဆူပူအုံၾကြမႈအတြင္း အာဏာလက္လႊတ္ခဲ့ရပါတယ္။

တရား႐ုံးက မားကုိ႕စ္ကုိ ဖမ္းဆီးမိန္႕ထုတ္ျပန္ခဲ့ေပမဲ့ သူမ အေနနဲ႕ အယူခံဝင္ႏုိင္ေၾကာင္းနဲ႕ အယူခံပယ္ခ်ခံရပါက ယခုဖမ္းဆီးမိန္႕ကုိ တရား႐ုံးခ်ဳပ္မွာ ဆက္လက္ တရားရင္ဆုိင္ႏုိင္ေၾကာင္း သိရပါတယ္။

methode%2Ftimes%2Fprod%2Fweb%2Fbin%2F8c45c6ae-72d0-11e7-83f1-667fddf1d78f.jpg

တစ္ခ်ိန္က ဖာဒီနန္မားကို႕စ္ႏွင့္ အီမယ္ဒါမားကို႕စ္



မားကုိ႕စ္ကလည္း  ယခုဖမ္းဆီးမိန္႕ကုိ သူမရဲ႕ေ႐ွ႕ေနက ေလ့လာသုံးသပ္ၿပီးေနာက္ ျပန္လည္စဥ္းစားေပးရန္ အယူခံတင္သြင္းဖုိ႕ အႀကံျပဳခဲ့တယ္လို႕ ေျပာပါတယ္။ ယေန႕ တရား႐ုံးအမိန္႕အရ မားကုိ႕စ္ဟာ လာဘ္ယူမႈခုနစ္ခုအတြက္ တစ္ခုလွ်င္ ေထာင္ဒဏ္ ၁၁ ႏွစ္စီ က်ခံရမွာလည္း ျဖစ္ပါတယ္။

မားကို႕စ္ဟာ ၎ရဲ႕ခင္ပြန္းလက္ထက္က မနီလာၿမဳိ႕အုပ္ခ်ဳပ္ေရမွဴးအျဖစ္ တာဝန္ယူခဲ့စဥ္အတြင္း စုစုေပါင္း အေမရိကန္ေဒၚလာ သန္း ၂၀၀ ကုိ ဆြစ္ဇာလန္ေဖာင္ေဒး႐ွင္း ခုနစ္ခုထံသုိ႕ ဘဏ္မွတစ္ဆင့္ ေငြလႊဲေျပာင္းမႈ ခုနစ္ခုလုပ္ေဆာင္ခဲ့မႈျဖင့္ စြဲခ်က္တင္ခံခဲ့ရပါတယ္။

methode%2Ftimes%2Fprod%2Fweb%2Fbin%2F86206b76-622d-11e6-adc3-3c8e5e51f270.jpg

ဖာဒီနန္မားကုိ႕စ္ ကြယ္လြန္ခဲ့စဥ္က ေတြ႕ရသည့္ အီမယ္ဒါမားကုိ႕စ္



ယခု တရား႐ုံးဆုံးျဖတ္ခ်က္ကုိ ထုိသုိ႕စြဲခ်က္တင္ခဲ့ၿပီး ဆယ္စုႏွစ္သုံးခုနီးပါအၾကာမွာ ခ်မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။ ဖိလစ္ပုိင္ အထူးအယူခံတရား႐ံုးရဲ႕ နည္းဥပေဒအရ သမၼတကေတာ္ေဟာင္း မားကုိ႕စ္ဟာ ၁၅ ရက္အတြင္း အယူခံဝင္ႏုိင္ၿပီး အဂတိလုိက္စားမႈတုိက္ဖ်က္ေရး တရား႐ုံးက ရက္ေပါင္း ၃၀ အတြင္း ဆုံးျဖတ္ခ်က္ခ်မွတ္ရမယ္လုိ႕ ဆုိပါတယ္။

မားကို႕စ္အေနနဲ႕ ယခု တရား႐ုံးဆုံးျဖတ္ခ်က္ကုိ တရား႐ုံးခ်ဳပ္သုိ႕ တုိက္႐ုိက္ တက္ေရာက္ရင္ဆုိင္ကာ ျပစ္ဒဏ္ေလွ်ာ့ေပါ့ရန္လည္း လုပ္ေဆာင္ႏုိင္ပါတယ္။ ထုိ႕အတူ ဖမ္းဆီးခံရပါကလည္း အာမခံေလွ်ာက္ထားႏုိင္တယ္လို႕ သိရပါတယ္။

imelda-marcos-shoe-display-marikina-museum-3.jpg

အီမယ္ဒါမားကုိ႕စ္ စုေဆာင္းခဲ့တဲ့ ဖိနပ္မ်ားကုိ ျပတုိက္မွာျပသထားမႈ



လႊတ္ေတာ္အမတ္အျဖစ္ သက္တမ္းသုံးႏွစ္ၾကာ ေဆာင္႐ြက္ေနခဲ့တဲ့ မားကုိ႕စ္က သမီးျဖစ္သူ အုိင္မီမားကို႕စ္ လက္႐ွိတာဝန္ယူထားတဲ့ Ilocos Norte ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဴးေနရာကုိ လာမယ့္ႏွစ္ ေမလမွာ ဆက္ခံသြားရန္အတြက္ အမည္စာရင္း တင္သြင္းထားပါတယ္။

အုိင္မီမားကို႕စ္က ၂၀၁၉ ခုႏွစ္ ဖိလစ္ပိုင္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ Ilocos Norte ေဒသမွာ မားကုိ႕စ္မိသားစုက ၾသဇာလႊမ္းမုိးမႈ အားေကာင္းေနဆဲ ျဖစ္တယ္လို႕လည္း ဆုိပါတယ္။

Philippines-people-power.jpg

၁၉၈၆ ဖိလစ္ပုိင္အစုိးရဆန္႕က်င္ေရး ဆူပူအုံၾကြမႈ ျမင္ကြင္းတစ္ခု



မားကို႕စ္ရဲ႕ခင္ပြန္း အာဏာ႐ွင္ေဟာင္း ဖာဒီနန္မားကို႕စ္ဟာ ဖိလစ္ပိုင္ကုိ ဆယ္စုႏွစ္ ၂ ခုၾကာ အုပ္ခ်ဳပ္ခဲ့ၿပီး ၁၉၇၂ ခုႏွစ္မွာ စစ္အုပ္ခ်ဳပ္ေရးျပဌာန္းခဲ့ပါတယ္။ ထုိကာလအတြင္း အစိုးရကုိဆန္႕က်င္သူ ေထာင္ေပါင္းမ်ားစြာဟာ ဖမ္းဆီးေထာင္ခ်ခံရျခင္း၊ အသတ္ခံရျခင္း သို႕မဟုတ္ ေပ်ာက္ဆုံးသြားျခင္းတုိ႕ ျဖစ္ခဲ့ပါတယ္။

အာဏာ႐ွင္ေဟာင္း ဖာဒီနန္မားကုိ႕စ္ဟာ ဖိလစ္ပိုင္သမၼတအျဖစ္ တာဝန္ယူခဲ့စဥ္အတြင္း အေမရိကန္ေဒၚလာ ၁၀ ဘီလီယံေက်ာ္ အလြဲသုံးစားျပဳ စုေဆာင္းရယူခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရပါတယ္။

ဖာဒီနန္မားကို႕စ္ဟာ ၁၉၈၆ ခုႏွစ္မွာ ျပည္သူလူထု ဆူပူအုံၾကြမႈေတြ ေပၚေပါက္လာခဲ့ၿပီးေနာက္ ႏုိင္ငံမွထြက္ေျပးသြားခဲ့ၿပီး အေမရိကန္ ဟာဝုိင္အီမွာ ခုိလႈံခဲ့ပါတယ္။ ထုိ႕ေနာက္ ၁၉၈၉ ခုႏွစ္ စက္တင္ဘာလ ၂၈ ရက္မွာ ဟာဝုိင္အီ႐ွိ ဟုိႏုိလူလူၿမဳိ႕မွာ ကြယ္လြန္ခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs