၂၀၂၂ ဆောင်းရာသီအိုလံပစ ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မယ့်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့ရှိ ဓာတုဗေဒစက်ရုံတစ်ရုံရဲ့ ဝင်ပေါက်နေရာမှာ အန္တရယ်ရှိဓာတုပစ္စည်းများ တင်ဆောင်လာတဲ့ ကားတစ်စီ ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် လူ ၂၃ ဦး သေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရရခဲ့ကြောင်း အာဏာပိုင်တွေနဲ့ အစိုးရသတင်းဌာနက ပြောပါတယ်။



2018-11-28_163905.jpg

ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒပစ္စည်းတင်ကား ပေါက်ကွဲမှုဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မယ့် Zhangjiakou မြို့မှာဖြစ်ခဲ့ပါတယ်။ အဆိုပါမြို့ရှိ Hebei Shenghua ဓာတုဗေဒကုမ္ပဏီရဲ့စက်ရုံဝင်းအတွင်း ဝင်ရောက်ရန်စောင့်ဆိုင်းနေစဉ် ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းတွေက ဖော်ပြပါတယ်။

ပေါက်ကွဲမှုကြောင့် ထရပ်ကား ၃၈ စီးနဲ့ အခြားကား ၁၂ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း မြို့အာဏာပိုင်တွေက ပြောပါတယ်။ ဓာတုဗေဒပစ္စည်းတင်ကား ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Zhangjiakou မြို့ဟာ ဘေဂျင်းမြို့ အနောက်မြောက်ဘက် ၁၂၄ မိုင်အကွာမှာ တည်ရှိပါတယ်။



အဆိုပါမြို့မှာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲရဲ့ စကိတ်စီးနဲ့ နှင်းလျှောစီးပြိုင်ပွဲတွေကို ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ယနေ့ ဒေသစံတော်ချိန် မနက် ၀၀း၄၁ အချိန်က စက်ရုံရဲ့ဝင်ပေါက်နေရာမှာ ဓာတုဗေဒပစ္စည်းတင်ကား ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ယခုဖြစ်ရပ်ကြောင့် ၂၂ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အလောင်းတစ်လောင်း ထပ်မံတွေ့ရှိရပြီး သေဆုံးသူအရေအတွက် ၂၃ ဦး ဖြစ်လာခဲ့တယ်လို့ Zhangjiakou မြို့ အာဏာပိုင်တွေက ပြောပါတယ်။



ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဓာတုဗေဒစက်ရုံ ဝင်ပေါက်နေရာတဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း မြို့အာဏာပိုင်တွေက ဆိုပါတယ်။ ယခုပေါက်ကွဲမှုဖြစ်ပြီးနောက် ဓာတုဗေဒစက်ရုံ လည်ပတ်မှုကို ရပ်ဆိုင်းထားကြောင်း စက်ရုံတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပေမဲ့ စက်မှုလုပ်ငန်းတွေမှာ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး ရုန်းကန်နေရကာ ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုတွေ ဖြစ်ပွားလေ့ရှိနေကြောင်းလည်း သိရပါတယ်။ ယခုနှစ် ဇူလိုင်လအတွင်းကလည် စီချွမ်ပြည်နယ်မှာ ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။



၂၀၁၅ ခုနှစ်က တရုတ်အရှေ့မြောက်ပိုင်း Tianjin ဆိပ်ကမ်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒကုန်လှောင်ရုံ ပေါက်ကွဲမှုအတွင်း လူ ၁၇၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ Tianjin ဓာတုဗေဒကုန်လှောင်ရုံ ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးမှုအရ အဂတိလိုက်စားမှု၊ နိုင်ငံရေးနဲ့ ဆက်နွယ်နေမှုနဲ့ တာဝန်ရှိသူများက ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းလိမ်လည်မှုတို့ကို တွေ့ရှိခဲ့ရတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က