COVID-19 လူနာ ၂,၀၀၀ ကျော်ရဲ့ သွေးအုပ်စုနမူနာတွေ ရယူခဲ့ပြီး နှိုင်းယှဥ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

COVID-19 ရောဂါဗိုင်းပ်စ်ဟာ A သွေးအုပ်စုဝင်တွေမှာ ပိုမိုကူးစက်လွယ်ကြောင်း တရုတ်လူနာတွေကို ပဏာမ လေ့လာမှုအရ သိရှိရတယ်လို့ ဆိုပါတယ်။

(Photo: AP)

တရုတ် ဆေးဘက်ဆိုင်ရာသုတေသီတွေရဲ့ လေ့လာမှုအရ O သွေးအုပ်စုဝင်တွေကတော့ ဗိုင်းရပ်စ်ကို ပိုမိုခုခံအားကောင်းကြတယ်လို့ သိရပါတယ်။ တရုတ်သုတေသီတွေက ဝူဟန်မြို့နဲ့ ရှန်ဇန်းမြို့တို့ရှိ COVID-19 လူနာ ၂,၀၀၀ ကျော်ရဲ့ သွေးအုပ်စုနမူနာတွေ ရယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူတွေနဲ့ နှိုင်းယှဥ်လေ့လာခဲ့တာ ဖြစ်ပါတယ်။



ထိုသို့ လေ့လာခဲ့ရာမှာ A သွေးအမျိုးအစားရှိသူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း ပိုမြင့်နေပြီး ၎င်းတို့ဟာ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်လေ့ရှိကြောင်း တွေ့ခဲ့ရပါတယ်။ ယခု လေ့လာမှုဟာ ပဏမအဆင့်ဖြစ်ပြီး နောက်ထပ် ပိုမိုလေ့လာမှု လုပ်အပ်တယ်လို့လည်း သုတေသီတွေက ပြောကြားကြောင်း Southern China Morning Post သတင်းမှာ ဖော်ပြပါတယ်။

(Photo: AP)

အစိုးရနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုလျှော့ချရေး သို့မဟုတ် လူနာတွေကိုကုသရေး ဆောင်ရွက်ရာမှာ သွေးအုပ်စုမတူညီမှုကို ထည့်သွင်းစဥ်းစားရန် တရုတ်သုတေသီတွေက တိုက်တွန်းလိုက်ပါတယ်။ "A သွေးအုပ်စုဝင်တွေက ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ လျှော့ချဖို့အတွက် တစ်ကိုယ်ရည်ကာကွယ်မှုကောင်းအောင်လုပ်ဖို့ ပိုမိုလိုအပ်နိုင်ပါတယ်" လို့ သုတေသီတွေက ပြောထားပါတယ်။

သုတေသီအဖွဲ့ကို ဝူဟန်တက္ကသိုလ်ဆေးရုံ Zhongnan ရှိ Centre for Evidence-Based and Translational Medicine မှ Wang Xinghuan က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီအဖွဲ့မှာ ဘေဂျင်း၊ ရှန်ဟိုင်း၊ ဝူဟန်နဲ့ ရှန်ဇန်း အပါအဝင် တရုတ်နိုင်ငံတစ်ဝှမ်း မြို့ကြီးများမှ သိပ္ပံပညာရှင်များနဲ့ ဆရာဝန်များ ပါဝင်ခဲ့ကြပါတယ်။

(Photo: Reuters)

၎င်းတို့ရဲ့ သုတေသနပြု လေ့လာမှုတွေအရ ဝူဟန်မြို့မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ လူနာ ၂၀၆ ဦးအနက် ၈၅ ဦးဟာ A သွေးအုပ်စုဝင်များဖြစ်ပြီး သေဆုံးသူအားလုံးရဲ့ ၄၁ ရာခိုင်နှုန်းရှိပါတယ်။ ဝူဟန်မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ လူနာ ၂၀၆ ဦးအနက် O သွေးအုပ်စုဝင် ၅၂ ဦး ပါဝင်ခဲ့ပါတယ်။

သုတေသီတွေရဲ့ ယခု လေ့လာမှုဟာ မတူညီတဲ့ အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး အုပ်စုတွေပါဝင်ကြောင်း သိရပါတယ်။ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့မှာ ၃၄ ရာခိုင်နှုန်းဟာ A သွေးအုပ်စုဝင်များဖြစ်ပြီး O သွေးအုပ်စုဝင်က ၃၂ ရာခိုင်နှုန်းရှိပါတယ်။ ဝူဟန်မှာ COVID-19 ကူးစက်ခံရသူတွေအနက် A သွေးအုပ်စုဝင် ၃၈ ရာခိုင်နှုန်းနဲ့ O သွေးအုပ်စုဝင် ၂၅ ရာခိုင်နှုန်း တွေ့ရှိရပါတယ်။

(Photo: EPA-EFE)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၈ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၈,၃၄၈ ဦးနဲ့ သေဆုံးသူ ၇,၉၇၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးမှုများ လျော့ကျလာခဲ့ပေမဲ့ ဥရောပကဲ့သို့ တရုတ်ပြင်ပ နေရာတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က