ထိုင်ဝမ်သမ္မတက လက်မှတ်ရေးထိုးပြီးနောက် စတင်သက်ဝင်လာမှာပါ။
Ko John

အာရှတိုက်မှာ ပထမဆုံးအဖြစ် ထိုင်ဝမ်လွှတ်တော်က လိင်တူချင်းလက်ထပ်မှုကို တရားဝင် ခွင့်ပြုထားတဲ့ဥပဒေကို အတည်ပြုလိုက်ပါတယ်။

(Photo: Reuters)

လိင်တူချင်းလက်ထပ်မှုကို တရားဝင်ဖြစ်စေတဲ့ ဥပေဒမူကြမ်းကို ထိုင်ဝမ်လွှတ်တော်မှာ ယနေ့ (မေ ၁၇ ရက်) မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ် ဖွဲ့စည်းပုံအခြေခံဥပဒေခုရုံးက လိင်တူချင်း တရားဝင် လက်ထပ်ခွင့်ရှိကြောင်း ၂၀၁၇ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။



ထို့နောက် လွှတ်တော်က လိုအပ်တဲ့ပြောင်းလဲမှုတွေကို အတည်ပြုပြီး ဥပဒေပြဌာန်းနိုင်ရန်အတွက် အချိန်ကာလ ၂ နှစ် သတ်မှတ်ပေးခဲ့ပြီး မေ ၂၄ ရက် နောက်ဆုံးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြာင်းသိရပါတယ်။ လိင်တူချင်းလက်ထပ်ခွင့်ပြုမှုနဲ့ပတ်သက်ပြီး မတူညီတဲ့ ဥပဒေမူကြမ်းသုံးခုကို ထိုင်ဝမ်လွှတ်တော်အမတ်တွေကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့အနက်မှ အသင့်တော်ဆုံးတစ်ခုကို မဲခွဲအတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Shutterstock/CNN)

ဥပေဒမူကြမ်းသုံးခုအနက် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေက တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းနှစ်ခုမှာတော့ 'လက်ထပ်ခြင်း (marriages)' စကားရပ်ထက် 'လိင်တူချင်း မိသားစုဆက်ဆံရေး (same-sex family relationships)' သို့မဟုတ် 'လိင်တူချင်း ပေါင်းစည်းမှု (same-sex unions)' ဆိုတဲ့ စကားရပ်တွေကို သုံးနှုန်းရန်ရည်ညွန်းခဲ့ပါတယ်။

သို့သော် ထိုင်ဝမ်အစိုးရက တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်က ထောက်ခံမဲ ၆၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲဖြင့် အတည်ပြုလိုက်ပါတယ်။ ထိုင်ဝမ်အစိုးရရဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ အများစုဖြစ်တဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (Democratic Progressive Party - DPP) မှ လွှတ်တော်အမတ်တွေ ထောက်ခံခဲ့ကြကြောင်း တယ်။ 

(Photo: AFP)

လက်ရှိ အာဏာရ DPP ပါတီက ထိုင်ဝမ်လွှတ်တော်ရဲ့ အမတ်နေရာ ၁၁၃ နေရာအနက် ၆၈ နေရာကိုရရှိထားတာလည်း ဖြစ်ပါတယ်။ ယခု ဥပဒေကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က လက်မှတ်ရေးထိုး အတည်ပြုပြီးနောက် စတင်သက်ဝင်လာမယ်လို့ ဆိုပါတယ်။ "အစိုးရက တင်သွင်းတဲ့ ဥပေဒမူကြမ်းကလွဲပြီး အခြား ဥပဒေမူကြမ်းတစ်ခုခုကို လက်ခံမှာမဟုတ်ပါဘူး" လို့ လိင်တူစုံမက်သူများ အခွင့်အရေးအုပ်စု Marriage Equality Coalition Taiwan မှ တာဝန်ရှိသူ Jennifer Lu က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ 

(Photo: Reuters)

လိင်တူချင်းလက်ထပ်ခွင့် ဥပဒေကို မဲခွဲအတည်မပြုမီ ထိုင်ဝမ်မြို့တော် တိုင်ပေရှိ လွှတ်တော်အဆောက်အအုံ အပြင်ဘက် မိုးရေထဲမှာ လိင်တူစုံမက်သူများ အခွင့်အရေး ထောက်ခံသူရာနဲ့ချီ လာရောက်စုရုံးကာ မဲခွဲမှုရလဒ်ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။ လွှတ်တော်က ဥပဒေကို မဲခွဲအတည်ပြုလိုက်ကြောင်း သိရှိရချိန်မှာ အဆိုပါ လူအုပ်စုက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြပြီး အချို့ကတော့ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ လိင်တူချင်းလက်ထပ်မှုကို ဥပဒေအရ တရားဝင်ခွင့်ပြုခဲ့တဲ့ ပထမဆုံးနိုင်ငံကတော့ နယ်သာလန်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ ဥပဒေပြဌာန်းခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က