loading...

loading...

loading...

ထောင်ဒဏ်ခြောက်နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုထားပါတယ်။
Ko John

အင်ဒိုနီးရှားမှာ COVID-19 ရောဂါဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ အွန်လိုင်းမှာဖြန့်ဝေမှုဖြင့် လူခြောက်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (မတ်လ ၁၀ ရက်) ပြောပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှ အမျိုးသမီးတစ်ဦးကို Facebook ပေါ်မှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ရေးသားပြောဆိုမှုဖြင့် ယမန်နေ့ (မတ်လ ၉ ရက်) က ဖမ်းဆီးခဲ့ပါတယ်။ ထိုအမျိုးသမီးက ဆူရာဘာယာမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံလူနာတစ်ဦး ကုသမှုခံယူနေစဥ် သေဆုံးသွားကြောင်း Facebook ပေါ်မှာ သတင်းမှားဖြန့်ဝေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ထပ် လူငါးဦးကိုလည်း ဆိုရှယ်မီဒီယာမှာ သတင်းမှားဖြန့်ဝေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဆိုပါ သတင်းမှားတွေအနက် ဆော်ဒီအာရေဗျသို့ ဘာသာရေးဝတ်ပြုခရီးစဥ်သွားရောက်သူ မွတ်စလင်မ်အမျိုးသမီးတစ်ဦးဟာ ဗိုင်းရပ်စ်ကြောင့် ဂျကာတာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရုတ်တရက် သေဆုံးခဲ့ကြောင်း သတင်းလည်းပါဝင်ပါတယ်။

(Photo: AFP)

ဖမ်းဆီးထားသူ ခြောက်ဦးလုံးကို ထောင်ဒဏ်ခြောက်နှစ်အထိ ချမှတ်နိုင်တဲ့ သတင်းမှားဖြန့်ဝေမှု တားမြစ်ဥပဒေများ ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရပါတယ်။ "ဒါက အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း လိမ်လည်ပြောဆိုမှုနဲ့ သတင်းမှားတွေ မဖြန့်ကြဖို့ အခြားလူတွေအတွက် သင်ခန်းစာတစ်ခု ဖြစ်သင့်တယ်" လို့ ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Semuel Abrijani Pangerapan က ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်းကလည်း အွန်လိုင်းမှာ ဗိုင်းရပ်စ်နဲ့ဆက်နွယ်တဲ့ သတင်းမှားတင်ခဲ့မှုဖြင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အွန်လိုင်းအသုံးပြုသူ သန်း ၁၃၀ ခန့်ရှိပြီး ကမ္ဘာ့အကြီးဆုံး အင်တာနက်ပရိသတ်ရှိရာ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ မတ်လ ၁၀ ရက် ညနေပိုင်းအထိ စာရင်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၉ ဦး စစ်ဆေးအတည်ပြုထားပါတယ်။

(Photo: Reuters)

သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့စတုတ္တမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကူးစက်ခံရမှုနည်းနေခြင်းအပေါ် မေးခွန်းထုတ်ခဲ့ကြပြီး နောက်ထပ် လူအများအပြားမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာနေနိုင်တယ်လို့ ယူဆခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၉ ရက် ညနေပိုင်းအထိ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကြောင့် သေဆုံးသူ ၄,၀၁၁ ဦးနဲ့ ကူးစက်ခံရသူ ၁၁၄,၂၁၀ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာလာသူ ၆၄,၀၃၈ ဦးရှိခဲ့ပါတယ်။အာဆီယံဒေသတွင်း နိုင်ငံများအနက် မြန်မာနဲ့လာအို နှစ်နိုင်ငံကလွဲပြီး ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘူရူနိုင်း၊ ဖိလစ်ပိုင်တို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ ဖိလစ်ပိုင်မှာ တစ်ဦးစီ သေဆုံးခဲ့ပါတယ်။


loading...

က္က