သမ္မတဂျိုကိုဝီက နိုင်ငံမှာ ကူးစက်မှုအထွတ်အထိပ် ကြုံတွေ့လာရနိုင်တဲ့ ခန့်မှန်းအချိန်ကို ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ဩဂုတ် သို့မဟုတ် စက်တင်ဘာလအတွင်း COVID-19 ကူးစက်မှု အထွတ်အထိပ် ဖြစ်လာမယ်လို့ ခန့်မှန်းရကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

သမ္မတဂျိုကိုဝီက နိုင်ငံမှာ ကူးစက်မှုအထွတ်အထိပ် ကြုံတွေ့လာရနိုင်တဲ့ ခန့်မှန်းအချိန်ကို ယမန်နေ့ (ဇူလိုင် ၁၃ ရက်) က ပြောကြားခဲ့ကြောင်း အစိုးရသတင်းဌာန Antara မှာ ဖော်ပြပါတယ်။ ဂျိုကိုဝီ ပြောကြားခဲ့တဲ့ အချိန်ကာလဟာ အင်ဒိုနီးရှားမှာ ကူးစက်မှုအထွပ်အထိပ် ဖြစ်လာနိုင်ကြောင်း အစောပိုင်း ခန့်မှန်းထားတဲ့ အချိန်ကာလထက် နှစ်လမှသုံးလ ပိုမိုနောက်ကျနေခဲ့တယ်လို့ ဆိုပါတယ်။



"အချက်အလက်တွေအရ ကူးစက်မှုအထွပ်အထိပ် အခြေအနေဟာ ဩဂုတ် သို့မဟုတ် စက်တင်ဘာလမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်၊ ဒါက ကျွန်တော် အခုနောက်ဆုံး လက်ခံရရှိထားတဲ့ ခန့်မှန်းချက်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ တစ်ခုခု မလုပ်ကြဘူးဆိုရင် ကူးစက်မှုအရေအတွက်တွေက ကွာခြားနိုင်ပါတယ်" လို့ သမ္မတဂျိုကိုဝီရဲ့ ပြောကြားမှုကို Antara က ကိုးကားဖော်ပြပါတယ်။

(Photo: AFP)

သမ္မတဂျိုကိုဝီက COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ပိုမို ကြိုးပမ်းအားထုတ် လုပ်ဆောင်ရန်ကြရန် ၎င်းရဲ့ဝန်ကြီးတွေကို တွန်းအားပေးနေခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးတွေကို အပြောင်းအလဲပြုလုပ်ရန် သို့မဟုတ် အစိုးရဌာနတွေကိုပင် ဖျက်သိမ်းပစ်ရန် အသင့်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့ ဇွန် ၁၈ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောထားခဲ့ဖူးပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းအထိ ကိန်းဂဏန်းတွေအရ ကူးစက်ခံရသူ ၇၆,၉၈၁ ဦးနဲ့ သေဆုံးသူ ၃,၆၅၆ ဦးရှိခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သိသာတဲ့ ကူးစက်မှုအစုအဝေး အသစ်တစ်ခုအဖြစ် အနောက်ဂျာဗားရှိ စစ်တက္ကသိုလ်တစ်ခုမှာ အရာရှိလောင်းနဲ့ ဝန်ထမ်း ၁,၂၆၂ ဦး COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က