ကမ္ဘာ့သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက်ပါဝင်တဲ့ မီရာပီ မီးတောင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက်ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံရှိ မီရာပီ (Mount Merapi) မီးတောင် ယနေ့ (ဇွန် ၂၁ ရက်) ပေါက်ကွဲခဲ့ရာ ကောင်းကင်အတွင်းသို့ အမြင့် ၄ မိုင်နီးပါး (၃.၇ မိုင်ကျော်) အထိ ပြာမှုန်းများ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာဌာနက ပြောပါတယ်။

(Photo: Reuters)

မီရာပီ မီးတောင်ဟာ ခုနစ်မိနစ်အတွင်း နှစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်းနဲ့ မီးတောင်အနီး ၁.၉ မိုင်အတွင်း သွားလာခြင်းမပြုကြရန် ဒေသခံတွေကို ညွှန်ကြားထားပါတယ်။ အဆိုပါ မီးတောင်ဟာ အင်ဒိုနီးရှား ယဥ်ကျေးမှုမြို့တော့ Yogyakarta အနီးမှာ တည်ရှိကြောင်း သိရပါတယ်။



မီးတောင်ပေါက်ကွဲပြီးနောက် ဘူမိဗေဒဆိုင်ရာဌာနက သတိပေးချက်အဆင့် တိုးမြှင့်ခြင်းမရှိပေမဲ့ စီးပွားဖြစ်လေကြောင်းလိုင်းတွေကို ထိုဧရိယာအတွင်း သတိထား ပျံသန်းကြရန် အကြံပြုထားပါတယ်။ Sleman နဲ့ Klaten အပါအဝင် မီးတောင်အနီးရှိ နေရာတွေမှာ နေထိုင်ကြသူတွေဟာ ယနေ့ မနက်ပိုင်းက မီးတောင်ပေါက်ကွဲသံများ ကြားခဲ့ရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

(၂၀၁၀ ခုနှစ်က ပေါက်ကွဲခဲ့စဥ်) (Photo: Barcroft Media via Getty Images)

မီရာပီ မီးတောင်ဟာ ၂၀၁၀ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ် လူ ၃၀၀ သေဆုံးပြီး အနီးပတ်ဝန်းကျင်ရှိ လူဦးရေ ၂၈၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ထိုစဥ်က ပေါက်ကွဲမှုဟာ ၁၉၃၀ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်မှာ မီရာမီ မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၁,၃၀၀ ခန့် သေဆုံးခဲ့ကြောင်းနဲ့ ၁၉၉၄ ခုနှစ်မှာ ပေါက်ကွစဥ်က လူ ၆၀ သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားမှာ ကျွန်းများနဲ့ ကျွန်းငယ်များ ၁၇,၀၀၀ ကျော်ရှိပြီး သက်ဝင်လှုပ်ရှားနေတဲ့ မီးတောင် ၁၃၀ နီးပါးရှိကြောင်း သိရပါတယ်။ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ 'ပစိဖိတ်မီးကွင်း' (Pacific "Ring of Fire") ခေါ် ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ တိုက်မိမှုကြောင့် မကြာခဏ ငလျင်လှုပ်မှုနဲ့ မီးတောင်လှုပ်ရှားမှုကဲ့သို့ ဘူမိဗေဒဆိုင်ရာ တည်ငြိမ်မှုမရှိတဲ့ ဇုန်အတွင်း တည်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က