loading...

loading...

loading...

အင်ဒိုနီးရှားအစိုးရအဖွဲ့ဝင် ပို့ဆောင်ရေးဝန်ကြီး COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
Ko John

အင်ဒိုနီးရှားအစိုးရအဖွဲ့ဝင် ပို့ဆောင်ရေးဝန်ကြီး COVID-19 ကူးစက်ခံခဲ့ရပြီးနောက် သမ္မတဂျိုကိုဝီဒိုဒိုက ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူသွားမှာဖြစ်ကြောင်းနဲ့ ၎င်းရဲ့ ဝန်ကြီးအချို့ဟာလည်း ကြိုတင်ကာကွယ်မှုအဖြစ် ဗိုင်းရပ်စ်စစ်ဆေးခံခဲ့ကြကြောင်း မတ်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။

(သမ္မတဂျိုကိုဝီနှင့် ပို့ဆောင်ရေးဝန်ကြီး ဆူမာဒီ) (Photo: Adek Berry/AFP)

သမ္မတဂျိုကိုဝီက နေအိမှာကနေ အလုပ်လုပ်ကြရန်နဲ့ လူစုလူဝေး မပြုလုပ်ကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီး ဘူဒီကာယာဆူမာဒီဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရကြီး ဂျကာတာမြို့မှာ ဆေးရုံတက်ကုသမှုခံယူနေကြောင်း အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက မတ်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပို့ဆောင်ရေးဝန်ကြီး ဆူမာဒီဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၁ ရက်) က သမ္မတဂျိုကိုဝီ ဦးဆောင်ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ နိုင်ငံပိုင်လုပ်ငန်းများဆိုင်ရာဝန်ကြီး အဲရစ်ခ်သိုဟာ အပါအဝင် အခြား ဝန်ကြီးတွေဟာ မတ်လ ၁၅ ရက်နေ့က COVID-19 ဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့ကြကြောင်း CNBC Indonesia သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

မတ်လ ၁၁ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပို့ဆောင်ရေးဝန်ကြီး ဆူမာဒီနဲ့ အနီးဆုံးနေရာမှာထိုင်ခဲ့သူ မြေယာစီမံခန့်ခွဲရေးဝန်ကြီး ဆော့ဖ်ယန်းဒီဂျာလီကတော့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း စစ်ဆေးမှုအဖြေထွက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဂျကာတာနဲ့ အခြား ပြည်နယ်တွေနဲ့ မြို့တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှစပြီး ကျောင်းများပိတ်ထားခဲ့ပါတယ်။

ကုမ္ပဏီအချို့ကလည်း ဝန်ထမ်းတွေကို နေအိမ်မှ အလုပ်လုပ်ကြရန် ပြောထားတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အများစုဟာ ဂျကာတာမြို့မှာဖြစ်ပြီး ဂျာဗားကျွန်း အနောက်ပိုင်းနဲ့ အလယ်ပိုင်း၊ ဆူလာဝေစီကျွန်းပေါ်ရှိ ဆူလာဝေစီ၊ ဘော်နီယိုကျွန်းပေါ်ရှိ ပွန်တီယာနက်ခ်နဲ့ ဘာလီကျွန်းတို့မှာလည်း ကူးစက်မှုများ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာခြင်းပြု မပြုကို ဒေသဆိုင်ရာ အစိုးရများအား ဆုံးဖြတ်စေမယ်လို့ အင်ဒိုသမ္မတဂျိုကိုဝီက ဆိုပါတယ်။ "အခုအချိန်မှာ အရေးကြီးဆုံးအချက်က လူတွေ ခပ်ခွာခွာနေကြဖို့ပါ၊ ဒါကြောင့် ဒီအခြေအနေမှာ အိမ်ကနေ အလုပ်လုပ်တာ၊ အိမ်မှာပဲ သင်ကြားတာနဲ့ ဝတ်ပြုတာတွေ လုပ်သင့်ပါတယ်" လို့ ဂျိုကိုဝီက ပြောပါတယ်။ မတ်လ ၁၅ ရက် ညပိုင်းအထိ စာရင်းတွေအရ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၆ ဦးရှိပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် မတ်လ ၁၅ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ လူ ၆,၄၃၆ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံထားရသူ ၁၆၃,၁၇၂ ဦးရှိကြောင်း သိရပါတယ်။ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ကူးစက်ဖြစ်ပွားတဲ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက မတ်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။

Source: Reuters


loading...

က္က