တစ်နှစ်စာ အသင်းဝင်ကြေးအဖြစ် ဒေါ်လာ ၁,၀၀၀ သတ်မှတ်ထားပါတယ်။
Ko John

အင်ဒိုနီးရှားနိုင်ငံမှ ကိုမိုဒိုဖှတျနဂါးများ နေထိုင်ကျက်စားကြတဲ့ ကိုမိုဒိုကျွန်းကို အစောပိုင်းမှာ ကြေညာထားသကဲ့သို့ လာမယ့်နှစ် ဇန်နဝါရီမှာ ပိတ်ပင်သွားတော့မှာ မဟုတ်ဘဲ ထိုကျွန်းသို့လာရောက်လိုတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ အသင်းဝင်ကြေး အမေရိကန်ဒေါ်လာ ၁,၀၀၀ ပေးပြီး အသင်းဝင်ရမယ်လို့ သိရပါတယ်။

(Photo: Andreygudko//Getty Images/iStockphoto)

အင်ဒိုနီးရှားအစိုးရက ကိုမိုဒိုနဂါးတွေနဲ့ ၎င်းတို့ရဲ့ နေထိုင်ကျက်စားရာနေရာကို ထိန်းသိမ်းကာကွယ်ရန်အတွက် အဆိုပါကျွန်းကို ခရီးသည်လာရောက်ခွင့် ပိတ်ပင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကြေညာထားခဲ့ပါတယ်။

ကိုမိုဒိုနဂါးကျွန်းကို တစ်နှစ်ကြာ ပိတ်ပင်ထားပြီးမှ ပြန်ဖွင့်ပေးရန် စီစဉ်ခဲ့တာဖြစ်ပေမဲ့ ယခုအခါမှာတော့ အင်ဒိုအစိုးရက အသင်းဝင်ကြေး အစီအစဉ် ကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ကိုမိုဒိုကျွန်းကို လာရောက်လည်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ဝင်ကြေးအဖြစ် ၁၀ ဒေါ်လာဝန်းကျင်သာ ပေးရတာလည်းဖြစ်ပါတယ်။

(Photo: Getty Images)

အင်ဒိုနီးရှားရှိ ကိုမိုဒိုနဂါးများ နေထိုင်ကျက်စားရာကျွန်းသို့ ၂၀၀၈ ခုနှစ်မှာ လာရောက်သူ ၄၄,၀၀၀ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာ လာရောက်လည်ပတ်သူ ၁၇၆,၀၀၀ ရှိလာခဲ့တယ်လို့သိရပါတယ်။ ယခုနှစ် ဇူလိုင်လအတွင်းမှာတော့ ခရီးသွားလုပ်ငန်းကြောင့် ကိုမိုဒိုနဂါးများ မိတ်လိုက်မှုနဲ့ သားပေါက်မှုတို့ကို အနှောင့်အယှက်ဖြစ်စေမှု ရပ်တန့်ရန်အတွက် ကျွန်းကိုပိတ်ပင်သွားရန် လိုအပ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။

ကိုမိုဒိုကျွန်းကို တစ်နှစ်ကြာ ပိတ်ထားပြီးမှ သတ်မှတ်နေရာများကိုသာ သွားရောက်ခွင့်ပြုမယ်လို့ အုပ်ချုပ်ရေးမှူးက ထိုစဉ်က ပြောခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုမိုဒိုကျွန်းကို ပိတ်ပင်ထားမယ့် အစီအစဉ် ပြောင်းသွားခဲ့ပါတယ်။

(Photo: antaranews)

"လူတွေက အသင်းဝင်တွေ ဖြစ်လာရမှာဖြစ်ပြီး ကျွန်းကိုဝင်ရောက်ခွင့် တစ်နှစ်စာအတွက် ဒေါ်လာ ၁,၀၀၀ ပေးရမှာဖြစ်ပါတယ်၊ ဒါက ဈေးသက်သာတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ကိုမိုဒိုနဂါးကျွန်းတည်ရှိတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Viktor Bungtilu Laiskodat က ဆိုပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့က ကိုမိုဒိုကျွန်းကို ပိတ်မထားတော့ရန် တနင်္လာနေ့ (စက်တင်ဘာ ၃၀ ရက်) မှာ သဘောတူညီခဲ့ကြပြီး တစ်နှစ်စာအတွက် ဒေါ်လာ ၁,၀၀၀ (မြန်မာငွေ ၁၅ သိန်းကျော်) ကျသင့်မယ့် အသင်းဝင်ကြေး အစီအစဉ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

(Photo: Reuters)

အစောပိုင်းက ကျွန်းကိုပိတ်ပင်ထားပြီး ကိုမိုဒိုနဂါး အကောင်ရေ ၂,၀၀၀ ကို ရွှေ့ပြောင်းနေရာချထားပေးရန် စီစဉ်ထားခဲ့ပေမဲ့ ယခုအခါမှာတော့ ကိုမိုဒိုကျွန်းကို လက်ရှိအတိုင်း ဆက်လက်ထားသွားမယ်လို့ ဆိုပါတယ်။ ကိုမိုဒိုတွေဟာ ကမ္ဘာ့အကြီးဆုံး ဖွတ်မျိုးစိတ်တွေဖြစ်ပြီး အရှည် ၁၀ ပေအထိ ကြီးထားနိုင်ကာ ဓားသွားကဲ့သို့ထက်တဲ့သွားများရှိကာ အကိုက်ခံရပါက အဆိပ်သင့်နိုင်ကြောင်း သိရပါတယ်။

အင်ဒိုနီးရှားရှိ ကိုမိုဒိုကျွန်းပေါ်မှာ ကိုဒိုမိုနဂါး အကောင်ရေ ၁,၇၀၀ ဝန်းကျင် နေထိုင်ကျက်စားကြပြီး နောက်ထပ် အကောင်ရေ ၁,၀၀၀ ခန့်က ယူနက်စကိုစာရင်းဝင် အမျိုးသားဥယျာဉ်အတွင်းရှိ ရင်ကာကျွန်းပေါ်မှာ ရှင်သန်နေထိုင်ကြပါတယ်။


က္က