မြေအောက်အနက် ၄ မိုင်ကျော်မှျှသာရှိတဲ့ နေရာမှာ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများပြားတဲ့ နေရာဒေသတစ်ခုမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Photo: AFP

လွမ်ဘော့ (Lombok) ကျွန်းမှာ ယနေ့ (ဇူလိုင် ၂၉ ရက်) ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၇ မိနစ်က ရစ်(ခ်)တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ငလျင်ဟာ မြေအောက်အနက် ၄ မိုင်ကျော်မှျှသာရှိတဲ့ နေရာမှာ လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်လျော့ပါးရေးဌာနက ပြောပါတယ်။



Photo: Nugroho/Twitter

အဆိုပါ ငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်များ ၁၂၄ ကြိမ်အထိ လှုပ်ခတ်ခဲ့ရာ ရစ်(ခ်)တာစကေး ၅.၄ အထိ ပြင်းထန်တဲ့ ငလျင်တစ်ခုလည်း ပါဝင်ခဲ့ခဲ့ကြောင်းလည်း အဆိုပါဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ဆိုပါတယ်။ငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နေရာဟာ လွမ်ဘော့ကျွန်းမြောက်ပိုင်း Mataram မြို့ အရှေ့မြောက်ဘက် ၃၁ မိုင်အကွာမှာ ဖြစ်တယ်လို့ US Geological Survey က ဖော်ပြထားပါတယ်။

Photo: Antara Foto/Reuters

ယနေ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ လွမ်ဘော့ကျွန်းဟာ အင်ဒိုနီးရှားရဲ့ အထင်ရှားဆုံး ဘာလီကျွန်းအရှေ့ဘက် ၆၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Photo: Reuters

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က