ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမား သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်ရှိ စင်စင်နာတီမြို့မှာ ဘဏ်အဆောက်အအုံတစ်ခုအတွင်း သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး အနီးပတ်ဝန်းကျင်မှာရှိနေသူများ ကြောက်လန့်တကြား ပြေးပုန်းခဲ့ကြပါတယ်။

Photo: CNN





စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီကျော်က စင်စင်နာတီမြို့ရှိ Fifth Third ဘဏ်ရုံးချုပ် အဆောက်အအုံမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ လူငါးဦး ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးမှာ နေရာမှာတင် သေဆုံးခဲ့ကြောင်းနဲ့ အခြားနှစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ဘဏ်ရုံးချုပ် အဆောက်အအုံထဲမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ် အိုမာပီရက်ဇ်ဖြစ်ပြီး ရဲအရာရှိတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo: Eric AACC Kearney Twitter



သေနတ်သမား အိုမာဟာ Fifth Third ဘဏ်နဲ့ ဆက်နွယ်မှုတစ်စုံတရာရှိ မရှိ လတ်တလော မသိနိုင်သေးကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ စင်စင်နာတီ ရဲတပ်ဖွဲ့အကြီးအကဲ အီလွိုက်အစ်ဆက်ကတော့ "သေနတ်သမားက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ နည်းနည်းရှိနေနိုင်တဲ့ သဘောမျိုးဖြစ်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သေနတ်သမား အိုမာပီရက်ဇ် (Photo: Cincinnati Police Department)



သို့သော် စုံစမ်းစစ်ဆေးမှုဟာ ကနဦးအဆင့်မှာသာ ရှိနေသေးတာကြောင့် အတိအကျ မပြောနိုင်သေးကြောင်းလည်း ၎င်းကဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်နေရာကို ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် လေးဦးက သေနတ်သမားကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Photo: Cincinnati Police Department



ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘဏ်ရုံးချုပ်ဟာ လုံခြုံရေးတင်းကျပ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး သေနတ်သမားက အဆောက်အအုံထဲကို မည်သို့ဝင်ရောက်လာနိုင်ခဲ့ကြောင်း အတိအကျ မသိရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားတဲ့ Fifth Third ဘဏ်အဆောက်အအုံဟာ အသွားအလာ များပြားရှုပ်ထွေးတဲ့ စင်စင်နာတီမြို့လယ် Fountain Square နေရာမှာတည်ရှိပါတယ်။

Photo: AFP



အဆိုပါ ဧရိယာအတွင်း လက်လီရောင်းချတဲ့ စတိုးဆိုင်များ၊ စီးပွးရေးလုပ်ငန်းရုံးခန်းများ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်များရှိနေပါတယ်။ Fifth Third ဘဏ်ရုံးချုပ် ဖွင့်လှစ်ထားတဲ့ အဆောက်အအုံဟာ အထပ် ၃၀ ပါ မိုးမျှော်တိုက်ဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က