တစ်နာရီလျှင် ၁၆၅ မိုင်အထိ ပြင်းထန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှာ လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အလာဘားပြည်နယ် Lee County မှာ မတ်လ ၃ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုအတွင်း သေဆုံးခဲ့သူတွေအနက် ကလေးငယ်အချို့လည်း ပါဝင်ပါတယ်။

(Photo: CNN)

လေဆင်နှာမောင်းကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးများကို ရှင်းလင်းနေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီအကဲ ဂျေးဂျုံးစ်က ပြောခဲ့ပါတယ်။ အလာဘားမားပြည်နယ် အုပ်ချုပ်ရေးမှူးက ကေးအိုင်ဗီက နောက်ထပ် ရာသီဥတုဆိုးရွားမှု ဖြစ်ပေါ်နိုင်ကြောင်း Twitter မှာ သတိပေးရေးသားထားပါတယ်။

(Photo: justgetalong2/Twitter)

အမေရိကန်မိုးလေဝသဌာန National Weather Service (NWS) က ထုတ်ပြန်မှုအရ အလာဘားမားမှာ တိုက်ခတ်ခဲ့တဲ့ ပထမဆုံး လေဆင်နှာမောင်းရဲ့ လေတိုက်နှုန်းဟာ အနည်းဆုံး တစ်နာရီလျှင် ၁၆၅ မိုင်အထိ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ လေဆင်နှာမောင်း လမ်းကြောင်းတစ်ခုက ဝ.၄ ကီလိုမီတာ ကျယ်ဝန်းပြီး မိုင်နဲ့ချီတဲ့ အကွာအဝေးတစ်လျှောက် ဖျက်ဆီးသွားခဲ့ကြောင်း၊ အပျက်အစီး အလွန်ကြီးမားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

(Photo: AFP)

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အလာဘားမားနဲ့ အိမ်နီးချင်း ဂျော်ဂျီယာပြည်နယ်မှာ ဒေသခံထောင်နဲ့ချီပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။ ယခု သေဆုံးမှုဟာ အလာဘားမားပြည်နယ်မှာ ၂၀၁၁ ခုနှစ်က Tuscaloosa-Birmingham လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း လေဆင်နှာမောင်းကြောင့် လူသေဆုံးမှု အများဆုံးနေ့ဖြစ်လာတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။



Share

Loading Next Article...
က္က