အိုဟိုင်းယိုပြည်နယ် ဒေတန်မြို့မှ နောက်ထပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ် ဒေတန်မြို့မှာ ယနေ့ (သြဂုတ် ၄ ရက်) ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။

(Photo: WHIO-TV)

ယခုပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ်ရှိ Walmart စတိုးဆိုင်မှာ လူ ၂၀ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပြီး ၂၄ နာရီမပြည့်မီ ထပ်မံ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒေတန်မြို့လယ် အော်ရီဂွန်ဒေသ East 5th Street ရှိ ဘားဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ သတင်းကြောင့် ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ဝန်ထမ်းများ ထိုနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒေတန်မြို့ ပစ်ခတ်မှုကြောင့် လူ ၂၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။



အခင်းဖြစ်နေရာမှာ ရဲတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိနေတာကို ဆိုရှယ်မီဒီယာ ဗီဒီယိုမှာတွေ့ရပါတယ်။ ဒေတန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေနတ်သမားလည်း သေဆုံးခဲ့ပြီး နောက်ထပ် သေနတ်သမားတစ်ဦး ပါဝင်ခဲ့ဖွယ်ရှိပြီး အနက်ရောင်ဂျစ်ကားဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဒေတန်မြိုအခြေစိုက် WHIO-TV သတင်းက ပြောပါတယ်။

(သေနတ်သမား ကွန်နာဘတ်စ်) (Photo: CBS News)

ဒေတန်မြို့လယ်မှာ ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတဲ့ သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ် ကွန်နာဘတ်စ် (Connor Betts) ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ၎င်းက ကျည်ကာအင်္ကျီဝတ်ထားပြီး .223-calibre ချေမှုန်းရေးရိုင်ဖယ် ကိုင်ဆောင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်နာဘတ်စ် ကိုင်ဆောင်ခဲ့တဲ့ ချေမှုန်းရေးရိုင်ဖယ်ဟာ ကျည်ဆံအရေအတွက် ပိုမိုဝင်ဆံ့တဲ့ ကျည်ကပ်များနဲ့ဖြစ်ပြီး နောက်ထပ် အပိုကျည်ကပ်တွေကိုလည်း ယူဆောင်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Fox 45/Molly Reed)

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ Gilroy Garlic Festival အစားအစာပွဲတော်မှာ အသက် ၁၉ နှစ်အရွယ် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ခြောက်နှစ်သား ကလေးငယ်နဲ့ သေနတ်သမား အပါအဝင် လူလေးဦး သေဆုံးခဲ့ပါတယ်။


Share

Loading Next Article...
က္က