စင်ကာပူမှာ လတ်တလော ရက်ပိုင်းအတွင်း နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရာ အဆောင်တွေမှာ COVID-19 ကူးစက်ခံရသူ အစုအပြုံလိုက် တွေ့ရှိလာရမှုနဲ့အတူ အရှေ့တောင်အာရှဒေသအတွင်း ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။
(Photo: Reuters)
ယနေ့ (ဧပြီ ၁၉ ရက်) ညနေပိုင်းအထိ စာရင်းတွေအရ စင်ကာပူမှာ COVID-19 ရောဂါဗိုင်းရပ်စ်ကူးစက်ခံသူ နောက်ထပ် ၅၉၆ ဦး စစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံသူ ၆,၅၈၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ စင်ကာပူပြီးပါက ကူးစက်ခံရသူဦးရေ ၅,၀၀၀ အထက်ရှိနေတဲ့ ကူးစက်မှုအများဆုံး နိုင်ငံတွေကတော့ အင်ဒိုနီးရှားမှာ ၆,၅၇၅ ဦး၊ ဖိလစ်ပိုင်မှာ ၆,၂၅၉ ဦးနဲ့ မလေးရှားမှာ ၅,၃၈၉ ဦး ဖြစ်ပါတယ်။
မြန်မာနဲ့ကပ်လျက် ထိုင်းနိုင်ငံမှာတော့ ယနေ့ညနေပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၂,၇၆၅ ဦး၊ သေဆုံးသူ ၄၇ ဦးနဲ့ ပြန်လည်သက်သာသူ ၁,၉၂၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုဦးရ ရာဂဏန်းအရေအတွက်ရှိတဲ့ နိုင်ငံတွေအဖြစ် ဗီယက်နမ်မှာ ၂၆၈ ဦး၊ ဘရူနိုင်းမှာ ၁၃၆ ဦး၊ ကမ္ဘောဒီးယားမှာ ၁၂၂ ဦးနဲ့ မြန်မာမှာ ၁၀၇ ဦး စစ်ဆေးအတည်ပြုထားပါတယ်။
(Photo: Reuters)
ဗိုင်းရပ်စ်ကူးစက်မှု ဆယ်ဂဏန်းရှိတဲ့ အရှေ့တောင်အာရနိုင်ငံအဖြစ် လာအိုမှာ ၁၉ ဦးနဲ့ အရှေ့တီမောမှာ ၁၈ ဦး တွေ့ရှိထားပါတယ်။ အရှေ့တောင်အာရှဒေသမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံမှာ အင်ဒိုနီးရှားဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ ၅၈၂ ဦး သေဆုံးခဲ့ပြီး ဖိလစ်ပိုင်ကတော့ သေဆုံးမှု ဒုတိယအများဆုံးအဖြစ် ၄၀၉ ဦး သေဆုံးခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ယနေ့ တစ်ရက်တည်း COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် ၁၂ ဦး တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးမှုရှိတဲ့ အခြား အရှေ့တောင်အာရှနိုင်ငံတွေအဖြစ် ယနေ့ ညနေပိုင်းအထိ စာရင်းတွေအရ မလေးရှားမှာ ၈၉ ဦး၊ ထိုင်းမှာ ၄၇ ဦး၊ စင်ကာပူမှာ ၁၁ ဦး၊ မြန်မာမှာ ၅ ဦးနဲ့ ဘရူနိုင်းမှာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: Duwun)
အရှေ့တောင်အာရှ နိုင်ငံများအနက် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အရှေ့တီမော နိုင်ငံတွေမှာတော့ COVID-19 ကြောင့် သေဆုံးမှုမရှိသေးပါဘူး။ ယနေ့ ညပိုင်းအထိ အရှေ့တောင်အာရှ နိုင်ငံအသီးသီးက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံသူ စုစုပေါင်း ၂၈,၂၅၂ ဦး၊ သေဆုံးသူ ၁,၁၄၄ ဦးနဲ့ ပြန်လည်သက်သာသူ ၇,၅၅၅ ရှိကြောင်း သိရပါတယ်။
အရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 အခြေအနေ
(ဧပြီ ၁၉ ရက် ည ၁၁ နာရီ ၁၅ မိနစ် update ဖြစ်ပါတယ်)
- စင်ကာပူ - (ကူးစက် -၆,၅၈၈၊ သေဆုံး - ၁၁၊ ပြန်လည်သက်သာ - ၇၄၀)
- အင်ဒိုနီးရှား - (ကူးစက် - ၆,၅၇၅၊ သေဆုံး - ၅၈၂၊ ပြန်လည်သက်သာ - ၆၈၆)
- ဖိလစ်ပိုင် - (ကူးစက် - ၆,၂၅၉၊ သေဆုံး - ၄၀၉၊ ပြန်လည်သက်သာ - ၅၇၂)
- မလေးရှား - (ကူးစက် - ၅,၃၈၉၊ သေဆုံး - ၈၉၊ ပြန်လည်သက်သာ - ၃,၁၉၇)
- ထိုင်း - (ကူးစက် - ၂,၇၆၅၊ သေဆုံး - ၄၇၊ ပြန်လည်သက်သာ - ၁,၉၂၈)
- ဗီယက်နမ် - (ကူးစက် - ၂၆၈၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၀၃)
- ဘရူနိုင်း - (ကူးစက် - ၁၃၈၊ သေဆုံး - ၁၊ ပြန်လည်သက်သာ - ၁၁၅)
- ကမ္ဘောဒီးယား - (ကူးစက် - ၁၂၂၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁၀၅)
- မြန်မာ - ကူးစက် - ၁၁၁၊ သေဆုံး - ၅၊ ပြန်လည်သက်သာ - ၇)
- လာအို - (ကူးစက် - ၁၉၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂)
- အရှေ့တီမော - (ကူးစက် - ၁၈၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၁)