သူလျှိုလုပ်မှုဖြင့် ကြားနာစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
Ko John

အီဂျစ်နိုင်ငံမှာ ၂၀၁၃ ခုနှစ်အတွင်း စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖြုတ်ချခံရတဲ့ သမ္မတဟောင်း မိုဟမ်မက်မော်စီဟာ တရားရုံးမှာ ကြားနာစစ်ဆေးနေစဉ်အတွင်း လဲကျပြီးနောက် သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(၂၀၁၄ ခုနှစ်အတွင်း တရားရုံးမှာတွေ့ရသည့် မော်စီ) (Photo: AP)

မော်စီဟာ လက်ရှိမှာ အီဂျစ်အစိုးရက ပိတ်ပင်ထားတဲ့ မွတ်စလင်မ်ညီအစ်ကိုတော်များအဖွဲ့ (Muslim Brotherhood) ရဲ့ ထင်ရှားတဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် မော်စီဟာ ၎င်းအပေါ် စွဲချက်တင်ထားတဲ့ သူလျှိုလုပ်မှုနဲ့ပတ်သက်ပြီး ယမန်နေ့ (ဇွန်လ ၁၇ ရက်) ကိုင်ရိုမြို့ရှိ တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက် လဲကျသွားခဲ့ပါတယ်။

ထိုနောက် မော်စီကို ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဒေသစံတော်ချိန် ညနေ ၄း၅၀ မှာ သေဆုံးကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဆေးစစ်ချက်တွေအရ သမ္မတဟောင်းမော်စီထံမှာ လတ်တလော ပြင်ပဒဏ်ရာရရှိထားခြင်းမျိုး မရှိဘူးလို့ဆိုပါတယ်။

(၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးခဲ့စဉ်) (Photo: AP)

"မော်စီဟာ သူ့ကိုစွဲဆိုထားတဲ့ သူလျှိုလုပ်မှုနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးတဲ့ တရားခွင်ကိုတက်ရောက်နေစဉ် ဒီနေ့ သေဆုံးသွားပါတယ်၊ ကြားနာစစ်ဆေးမှုအတွင်း သူ့အနေနဲ့ တရားသူကြီးကို စကားပြောခွင့်ရခဲ့ပါတယ်" လို့ အီဂျစ်အစိုးပိုင် ရုပ်မြင်သံကြားဌာနက သတင်းကြေညာရာမှာ ပြောခဲ့ပါတယ်။

"တရားရုံးကြားနာမှု ရပ်ဆိုင်းခဲ့ပြီးနောက် သမ္မတဟောင်းမော်စီဟာ လဲကျသွားခဲ့ပြီး သေဆုံးခဲ့ပါတယ်၊ သူ့ရဲ့အလောင်းကို ဆေးရုံတစ်ရုံသို့ ယူဆောင်သွားခဲ့ပါတယ်" လို့လည်း အီဂျစ်အစိုးရသတင်းက ဆိုပါတယ်။ မော်စီရဲ့သားဖြစ်သူ အဗ္ဗဒူလာ မိုဟမ်မက်မော်စီက ဖခင်ရဲ့အလောင်းကို မည်သည့်နေရာမှာထားရှိကြောင်း မိသားစုက မသိရသေးဘူးလို့ မော်စီ သေဆုံးပြီးနောက် မကြာမီ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ အာဏာပိုင်တွေ မော်စီကို ၎င်းမိသားစုရဲ့ သင်္ချိုင်းနေရာမှာ မြှုပ်နှံခွင့်မပြုကြောင်းလည်း အဗ္ဗဒူလာက ဖြည့်စွက်ပြောပါတယ်။

(၂၀၁၃ ခုနှစ်မှာ အကြီးအကျယ် မော်စီကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့စဉ်) (Photo: Getty Images)

အီဂျစ်သမ္မတဟောင်း မော်စီဟာ သွေးတိုး၊ ဆီးချို၊ အသည်းနဲ့ ကျောက်ကပ် အပါအဝင် ကျန်းမာရေးပြဿနာများ ရှိခဲ့တယ်လို့ဆိုပါတယ်။ မော်စီကိုထောက်ခံသူတွေနဲ့ ၎င်းရဲ့မိသားစုက မော်စီဟာ အကျဉ်းထောင်ထဲမှာ ဆေးကုသမှုမရခဲ့ကြောင်းနဲ့ တစ်ဦးတည်း တိုက်ပိတ်အကျဉ်းချခံခဲ့ရတယ်လို့ ပြောကြပါတယ်။ မော်စီဟာ ၂၀၁၂ ခုနှစ်မှာ အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီစနစ်အရ ပထမဆုံးရွေးကောက်ခံ သမ္မတဖြစ်ခဲ့ပါတယ်။

သို့သော် ရွေးကောက်ခံသမ္မတဖြစ်ပြီးနောက် တစ်နှစ်မျှအကြာမှာတော့ ၎င်းကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ကာ စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖြုတ်ချခံခဲ့ရပါတယ်။ ထို့နောက် မော်စီကို စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားမဝင်အုပ်စုကို ဦးဆောင်မှု၊ ၎င်းရဲ့အစိုးကို ကန့်ကွက်ဆန္ဒပြသူများအား ဖမ်းဆီးနှိပ်စက်မှုနဲ့ နိုင်ငံရဲ့လျှို့ဝှက်ချက်များ ပေါက်ကြားစေမှု အပါအဝင် စွဲချက်များဖြင့် ထောင်ဒဏ် ၄၅ နှစ်ကျော် ချမှတ်ထာ


ဆက်စပ်အကြောင်းအရာများ


Author


က္က