အကြိတ်နဲ့အတူသွားတွေဟာ ညာဘက် အောက်မေးရိုးမှာ ရှိနေခဲ့ပါတယ်။
Ko John

အိန္ဒိယဆရာဝန်တွေက အသက်ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးရဲ့ ပါးစပ်အတွင်းမှ အကြိတ်တစ်ခုကို ဖယ်ရှားခဲ့ရာ ထိုအကြိတ်နဲ့အတူ သွားအချောင်းရေ ၅၂၆ ချောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အိန္ဒိယတောင်ပိုင်း ချင်နိုင်းမြို့မှ ဆရာဝန်အဖွဲ့က ခုနစ်နှစ်သားရဲ့ ပါးစပ်အတွင်း သွားအချောင်းရေ ၅၂၆ ချောင်းနဲ့အတူ အကြိတ်တစ်ခုကို ဖယ်ရှားပေးခဲ့ကြောင်း သြဂုတ် ၂ ရက်နေ့မှာ ပြောကြားပါတယ်။ ခုနစ်အောင်စ အလေးချိန်ရှိတဲ့ အကြိတ်နဲ့အတူသွားတွေဟာ အဆိုပါ ယောက်ျားလေးရဲ့ ညာဘက် အောက်မေးရိုးမှာ ရှိနေခဲ့ကြောင်း ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ Saveetha Dental College and Hospital မှ ဆရာဝန် Senthilnathan P. က ပြောပါတယ်။

"သူက သူ့ရဲ့မေးရိုးမှာ ရောင်နေလို့ လာပြခဲ့တာပါ၊ စစ်ဆေးကြည့်လိုက်တော့ အကြိတ်တစ်ခုကို တွေ့ရပါတယ်၊ အဲဒီအကြိတ်ကို ဖယ်ရှားလိုက်တော့ အကြိတ်ထဲမှာ မြုပ်ဝင်နေပြီး သွာဖုံးအပေါ်ကို မထွက်လာသေးတဲ့ သွားအငုပ်လေးတွေ ရာနဲ့ချီ တွေ့ခဲ့ရပါတယ်" လို့ ဆရာဝန် Senthilnathan P. က ရှင်းပြပါတယ်။

(Photo: Reuters)

အဆိုပါ ယောက်ျားလေးဟာ အသက်သုံးနှစ်အရွယ်မှာကတည်းက မေးရိုးမှာ ရောင်နေတာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၎င်းရဲ့ ပါးစပ်အတွင်းမှ အကြိတ်ကို ပြီးခဲ့တဲ့လအတွင်း ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး သွားအချောင်းရေ ၅၂၆ ချောင်းအထိ တွေ့ရှိရမှုဟာ ကမ္ဘာတစ်ဝှမ်း ဆေးဘက်ဆိုင်ရာ စံချိန်တင်ခဲ့မှုဖြစ်ကြောင်း အိန္ဒိယဆရာဝန်တွေက ယုံကြည်ထားပါတယ်။

(Photo: Reuters)

သွားဖုံးအပေါ်ကို မထွက်လာသေးတဲ့ သွားတွေနဲ့အတူ အကြိတ်ဖြစ်မှုဟာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်တယ်လို့ဆိုပါတယ်။ ဆရာဝန်တွေက ခွဲစိတ်ကုသပေးလိုက်တဲ့ ဆိုပါ ယောက်ျားလေးဟာ ပုံမှန်အတိုင်းဖြစ်သွာပြီး သုံးရက်အတွင်း ဆေးရုံမှဆင်းနိုင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က