စက်ရုံမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
Ko John

အိန္ဒိယအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဓာတုဗေဒစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုကြောင့် အနည်ဆုံး လူ ၁၂ ဦး သေဆုံးပြီး ၅၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

(Photo: India Today)

ယနေ့ (သြဂုတ် ၃၁ ရက်) ဖြစ်ပွားခဲ့တဲ့ ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုအတွင်း လူ ၁၂ ဦး သေဆုံးကြောင်း Dhule ခရိုင် Shirpur မြို့ရှိ ခရိုင်ဆေးရုံခွဲမှ တာဝန်ရှိသူ DN Wagh က အတည်ပြုပါတယ်။ "ဒီဆေးရုံမှာ ဒဏ်ရာရသူ ၃၇ ဦးယောက်ရှိပါတယ်၊ နောက်ထပ် ဒဏ်ရာရ လူနာ ၁၂ ယောက်ကိုတော့ လွှဲပြောင်းပေးခဲ့ပါတယ်" လို့ ၎င်းက ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: ANI)

ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ၃၀ ဝန်းကျင်က အဆိုပါ ဓာတုဗေဒစက်ရုံမှာ ပထမဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိ Sanjay Ahire က ဆိုပါတယ်။ စက်ရုံပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာမှ ဗီဒီယိုမှတ်တမ်းတွေကို ဒေသခံ သတင်းဌာနတွေက ထုတ်လွှင့်ခဲ့ရာ ထူထပ်တဲ့ မီးခိုးထုကြီး စက်ရုံကနေ ထွက်နေတာတွေ့ရပါတယ်။

"လီတာ ၂၀၀ ဆံ့တဲ့ ဓာတုဗေဒ စည်ပေပါတစ်လုံး ပထမဆုံး ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့ပါတယ်၊ ပြီးတော့ စက်ရုံရဲ့ တခြားနေရာတွေကိုပါ မီးကူးစက်သွားပြီး ပေါက်ကွဲမှုတွေ ထပ်ဖြစ်ခဲ့ပါတယ်" လို့ Sanjay Ahire က ဆိုပါတယ်။

(Photo: India Today)

ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားစဉ် စက်ရုံအတွင်း အလုပ်သမား ၁၀၀ ထက်မနည်း ရှိနေခဲ့ကြောင်း India Today သတင်းက ပြောပါတယ်။ အိန္ဒိယသတင်းအချို့ကတော့ ဓာတုဗေဒစက်ရုံမှာ ဂက်စ်အိုးများ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းနဲ့ လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က