ယာယီတဲများပေါ်ကို နံရံပြိုကျသွားခဲ့ပါတယ်။

အိန္ဒိယအနောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ နံရံပြိုကျခဲ့မှုကြောင့် ကလေးသုံးဦး အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် Pune မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး အလုပ်သမားတွေ နေထိုင်ကြတဲ့ ယာယီတဲများပေါ်သို့ နံရံပြိုကျခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇွန် ၂၉ ရက်) ပြောပါတယ်။ ယနေ့ မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က နံရံပြိုကျခဲ့စဉ် ယာယီတဲများအတွင်း ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့ ၎င်းတို့မိသားစုတွေ အိပ်ပျော်နေခဲ့ကြတယ်လို့ ဆိုပါတယ်။



နံရံနဲ့ ရွှံ့နွံ့တွေအောက် ရောက်သွားခဲ့သူတွေကို ကယ်တင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ အလုပ်သမားသုံးယောက်ကို ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်" လို့ မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ အိုင်တီနဲ့ ကားကုမ္ပဏီတွေ အခြေစိုက်ကြတဲ့ Pune မြို့မှာ ယမန်နေ့ (ဇွန် ၂၈ ရက်) မွန်းလွဲပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး မိုးရေကြောင့် တည်ဆောက်မှုအားနည်းချက်ရှိတဲ့ နံရံကို ပြိုကျစေခဲ့နိုင်ကြောင်း Pune မြို့ အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ခဲ့ပါတယ်။

ိန္ဒိယမှာ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် တည်ဆောက်မှုအားနည်းချက်ရှိတဲ့ အဆောက်အအုံနဲ့ နံရံပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်လေ့ရှိကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က