ယခုနှစ် အစပိုင်းကတည်းက ကူးစက်ဖြစ်ပွားနေခဲ့ပါတယ်။

နိုင်ငံခြားခရီးသွားတွေ လာရောက်မှုများပြားတဲ့ အိန္ဒိယအနောက်ပိုင်း ပြည်နယ်တစ်ခုမှာ ယခုနှစ် အစပိုင်းကတည်းက ကူးစက်ဖြစ်ပွားနေခဲ့တဲ့ ဝက်တုပ်ကွေးရောဂါကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁,၀၀၀ ကျော်မှာ အဆိုပါရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

(Photo: AFP/Noah Seelam) 

ယမန်နှစ်အတွင်းကလည်း အိန္ဒိယမှာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့တဲ့ ဝက်တုပ်ကွေးခေါ် A (H1N1) ဗိုင်းရပ်စ်ကြောင့် လူ ၁,၁၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လူဦးရေ ၁၅,၀၀၀ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ရာဂျက်စတန်နဲ့ နယူးဒေလီ အပါအဝင် အိန္ဒိယအနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆောင်းရာသီကာလဖြစ်တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ဝက်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်လေ့ရှိကြောင်းလည်း သိရပါတယ်။



သဲကန္တာရနဲ့ နန်းတော်တွေရှိတာကြောင့် ထင်ရှားကျော်ကြားတဲ့ ရာဂျက်စတန်ပြည်နယ်မှာ ဆရာဝန်တွေကို ခွင့်မယူမီ ကြိုတင်ခွင့်ပြုချက်တောင်းခံရန် အာဏာပိုင်တွေက ပြောကြားထားပြီး တစ်အိမ်တက်ဆင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူရှိ မရှိ ကွင်းဆင်းစစ်ဆေးရန် ပြင်ဆင်နေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(Image: Wikipedia)

ကျန်းမာရေးဌာနက ဒေသခံတွေကို A (H1N1) ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်မှုနဲ့ ကုသမှုဆိုင်ရာ အသိပညာပေးတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နေပါတယ်။ လူဦးရေ ၅,၁၀၀ ကျော်ကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ဇန်နဝါရီ ၁ ရက်ကနေ ၁၇ ရက်အတွင်း ရာဂျက်စတန်မှာ လူ ၄၀ သေဆုံးခဲ့ပြီး ကူးစက်ခံထားရသူ ၁,၀၃၆ ဦး စစ်ဆေးတွေ့ရှိရတယ်" လို့ ရာဂျက်စတန်ပြည်နယ် ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Dail Pakistan)

ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူတွေအနက် အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သူ Amit Shah လည်း ပါဝင်ခဲ့ပြီး ဆေးရုံတက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရာဂျက်စတန်ပြည်နယ် Jodhpur ခရိုင်မှာ ဝက်တုပ်ကွေးကြောင့် လူ၁၆ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၂၂၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ ပြည်နယ်အတွင်း သေဆုံးမှုအများဆုံး နေရာဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က