အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန စီစဉ်ကျင်းခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက စီစဉ်ကျင်းပတဲ့ လေကြောင်းပြပွဲတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း ကားအစီးရေ ၃၀၀ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မီးသတ်ဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

(Photo: Reuters)

ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) ဖြစ်ပွားခဲ့တဲ့ လေကြောင်းပြပွဲမှာ မီးလောင်မှုဟာ မြက်ခြောက်တွေ မီးလောင်ရာမှ လေပြင်းတိုက်ခတ်မှုကြောင့် ကူးစက်လောင်ကျွမ်းခဲ့ပုံရတယ်လို့ အိန္ဒိယတောင်ပိုင်း Bengaluru မြို့မှ မီးသတ်အရာရှိက ဆိုပါတယ်။ လေကြောင်းပြပွဲကို အဆိုပါမြို့မှာ စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။



မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိခဲ့ဘူးလို့ မီသတ်အရာရှိက ဖြည့်စွက်ပြောခဲ့ပါတယ်။ Reuters ရဲ့ မိတ်ဖက် ANI သတင်းဌာနမှ ဓာတ်ပုံတွေအရ မီးလောင်ပျက်စီးတေဲ့ ကားတန်းရှည်နဲ့ ကြီးမားတဲ့ မီးတောက်တွေ၊ မီးခိုးလုံးတွေကို တွေ့ရပါတယ်။

(Photo: Reuters)

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ Aero India လေကြောင်းပြပွဲကို အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန စီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ကမ္ဘာ့အကြီးဆုံး လေကြောင်းပြပွဲတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့ပေမဲ့ ယခုနှစ်မှာ မတော်တဆမှုတွေကြောင့် ပြဿနာကြုံနေခဲ့ရပါတယ်။

အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) ကလည်း Aero India လေကြောင်းပြပွဲအတွက် အစမ်းလေ့ကျင့်ပျံသန်းနေစဉ် အိန္ဒိယလေတပ်မှ လေယာဉ်နှစ်စီး တိုက်မိခဲ့မှုကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: ANI)

လကြောင်းပြပွဲမှာ ယနေ့ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ပတ်သက်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးပြောကြားခဲ့ခြင်း မရှိဘူးလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ လေကြောင်းပြွပွဲကို ဖေဖေါ်ဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က