ကျောင်းသူကျောင်းသား အများစုဟာ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကောလိပ်ကျောင်းဖွင့်ထားတဲ့ အဆောက်အအုံ မီးလောင်မှုတွင်း ကျောင်းသူကျောင်းသား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Getty Images)

အိန္ဒိယအနောက်ပိုင်း စူရတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ မီးလောင်မှုအတွင်း ကျောင်းသူကျောင်းသားတွေက အဆောက်အအုံကနေ ခုန်ချခဲ့ကြတာကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်ခဲ့ရပါတယ်။ အဆောက်အအုံရဲ့ ပြတင်းပေါက်တွေကနေ မီးခိုးများစွာ ထွက်နေခဲ့တာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။



သေဆုံးခဲ့ကြတဲ့ ကျောင်းသူကျောင်းသား အများစုဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး အဆောက်အအုံ အပေါ်ဆုံးထပ်မှာ စာသင်နေကြစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို လတ်တလော အတိအကျ မသိရသေးပေမဲ့ အာဏာပိုင်တွေကတော့ အဆောက်အအုံ အမိုးထဲမှာ အသုံးပြုထားတဲ့ ပစ္စည်းကြောင့် စာသင်ခန်းတွေကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

(Photo: NDTV)

မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူ ၂၀ ဦးထက်မနည်းရှိပြီး ၎င်းတို့ကို ဂူဂျာရတ်ပြည်နယ် ဆေးရုံမှာ ကုသပေးနေကြောင်း သိရပါတယ်။ "ကျောင်းသူကျောင်းသားတွေက မီးလောင်မှုကြောင့်နဲ့ အဆောက်အအုံကနေ ခုန်ချခဲ့ကြတာကြောင့် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်" လို့ ဒေသခံ မီးသတ်တပ်ဖွဲ့အရာရှိ Deepak Sapthaley က AFP သတင်းဌာနကို ပြောပါတယ်။

မီးလောင်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာ အသက် ၂၀ နှစ်အောက်အရွယ်တွေဖြစ်ပြီး အများအပြားဟာ စာသင်ခန်းများအနီးရှိ လှေခါးကို မီးကူးလောင်မှုကြောင့် ပိတ်မိခဲ့ကြတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် အဆောက်အအုံအတွင်း လူ ၅၀ သို့မဟုတ် ၆၀ ဦးရှိနေနိုင်တယ်လို့ မီးသတ်အရာရှိက ပြောပါတယ်။

(Photo: ANI)

ယခု မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ညွန်ကြားထားကြောင်းနဲ့ သုံးရက်အတွင်း အစီရင်ခံစာ ရရှိနိုင်ကြောင်း ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေးရူပန်နီရဲ့ ရုံးခန်းမှ ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။ အိန္ဒိယမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ဒေလီမြို့ရှိ ဟိုတယ်တစ်လုံး မီးလောင်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က