မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုအတွင်း ပြိုကျခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ်မှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွက်ဖျင်တဲကြီးတစ်ခု ပြိုကျသွားခဲ့မှုတွင်း လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: AFP)

တနင်္ဂနွေနေ့ (ဇွန် ၂၃ ရက်) က ရွက်ဖျင်တဲကြီး ပြိုကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် အချို့ဟာ လျှပ်စစ်ဝါယာကြိုးများနဲ့ထိမိပြီး ဓာတ်လိုက်သေဆုံးခဲ့ကြောင်းနဲ့ အခြား လူတွေကတော့ ရွက်ဖျင်တင်အပျက်အစီးတွေ ပြုတ်ကျမှုကြောင့် သေဆုံးခဲ့တယ်လို့ Reuters သတင်းက ပြောပါတယ်။ ရွက်ဖျင်တဲကြီး ပြိုကျမှုအတွင်း လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။



အိန္ဒိယသတင်းဌာန Hindustan Times ရဲ့ အဆိုအရ ရွက်ဖျင်တဲကြီး ပြိုကျခဲ့စဉ် လူ ၃၀၀ က ထိုတဲအတွင်း ဘာသာရေးအခမ်းအနားအတွက် စုရုံးရောက်ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။ ရာဂျက်စတန်ပြည်နယ် ဘာမာဒေသမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

(Photo: AFP)

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရာသီဥတုစွတ်စုနေတဲ့ အခြေအနေမှာ ယခု ဘာသာရေးပွဲကို စီစဉ်သူတွေက မည်သည့်အတွက် လျှပ်စစ်ဓာတ်အား မဖြတ်တောက်ထားခဲ့ကြောင်း ရာဂျက်စတန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Bhanwar Lal Meghwal က မေးခွန်းထုတ်ခဲ့ပါတယ်။

ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ယခု မတော်တဆမှုကို ကံဆိုးမှုဖြစ်ကြောင်းနဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း Twitter မှာ ရေးသားထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က