လူ ၂၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်မှာ တရားမဝင် ချက်လုပ်ထားတဲ့ အဆိပ်သင့်အရက်သောက်သုံးမှုကြောင့် ၁၃၃ ဦးထက်မနည်း ေသဆုံးခဲ့ပြီး အခြား လူ ၂၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားရတယ်လို့ အစိုးရဝန်ကြီးတစ်ဦးက ယနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) ပြောပါတယ်။

(Photo: STR/AFP)

ယခုဖြစ်ရပ်ဟာ အိန္ဒိယမြောက်ပိုင်းမှာ ချက်အရက်သောက်ပြီး အဆိပ်သင့်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့မှုဖြစ်ပြီး သီတင်းနှစ်ပတ်မပြည့်မီမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။



"၁၀ မိနစ်တိုင်းမှာ မတူတဲ့နေရာတွေကနေ အရက်အဆိပ်သင့်ပြီး သေဆုံးမှုသတင်းတွေ ကျွန်တော်တို့ရနေပါတယ်၊ လူ ၂၀၀ ကျော်လောက်ကိုလည်း ဆေးရုံတင်ထားရပါတယ်" လို့ အာဆမ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဘီဆွာဆာမာက Reuters သတင်းဌာနကို အစောပိုင်းမှာ ဖုန်းဖြင့်ပြောခဲ့ပါတယ်။

(Photo: AFP)

ပြည်နယ်အရှေ့ပိုင်း စီးပွားရေးအချက်အချာမြို့ Guwahati မြို့မှ ၁၈၆ မိုင်ကျော်အကွာ Jorhat မြို့ရှိ အရက်အဆိပ်သင့်လူနာများထံ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် "အနီးအနား နေရာဒေသတွေကနေ ဆရာဝန်တွေနဲ့ ဆေးဘက်ဝန်ထမ်းတွေလည်း ဒီမြို့ကို အမြန်ရောက်လာပြီး ကူညီပေးနေကြတယ်" လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယမှာ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သွင်းကာ တရားမဝင် ချက်လုပ်တဲ့အရက် သောက်သုံးရာမှ လူသေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ထိုသို့ ချက်အရက်သောက်ပြီး သေဆုံးမှုတွေအနက် ၂၀၁၁ ခုနှစ်က အနောက်ဘင်ဂေါပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ ၁၇၂ ဦးသေဆုံးတဲ့ ဖြစ်ရပ်ဟာ လတ်တလောနှစ်များအတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က