လူဦးရေ ၆၀ တင်ဆောင်နိုင်တာဖြစ်ပေမဲ့ ၈၆ ဦးအထိ အဆမတန် တင်ဆောင်လာခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ လူများအဆမတန် တင်ဆောင်မောင်းနှင်လာတဲ့ ဘတ်စ်ကာတစ်စီး လမ်းဘေးကိုထိုးကျခဲ့မှုကြောင့် ၅၃ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Photo: ANI





အရှိန်လွန်မောင်းနှင်လာတဲ့ အဆိုပါ ဘတ်စ်ကားဟာ ကျဉ်းမြောင်းတဲ့ ကျေးရွာလမ်းမပေါ်မှာ လမ်းချော်သွားခဲ့ပြီးနောက် ဘေးကိုထိုးကျသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လမ်းဘေးထိုးကျခဲ့တဲ့ ဘတ်စ်ကားဟာ လူဦးရေ ၆၀ တင်ဆောင်နိုင်တာဖြစ်ပေမဲ့ မတော်တဆမှု ဖြစ်ပွားခဲ့စဉ်က လူ ၈၆ ဦးအထိ အဆမတန် တင်ဆောင်လာခဲ့ကြောင်း သိရပါတယ်။ ယနေ့ (စက်တင်ဘာ ၁၁ ရက်) မတော်တဆမှုဖြစ်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ အများအပြားဟာ ဘုရားဖူးခရီးသည်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဘတ်စ်ကားမတော်တဆမှုမှာ ဒဏ်ရာရခဲ့သူတွေကို အနီးအနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လူများအဆမတန် တင်ဆောင်လာပြီး လမ်းဘေးထိုးကျခဲ့တဲ့ ဘတ်စ်ကားထဲမှ လူတွေဟာ တစ်ဦးအပေါ်တစ်ဦး လဲကျနေခဲ့ကြောင်း အခင်းဖြစ်နေရာကို လာရောက်ကူညီခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

Photo: Getty Images



ဘတ်စ်ကား မတော်တဆမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို လျော်ကြေးငွေ အိန္ဒိယရူပီး ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၈၈၂) ပေးအပ်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ချန်ဒရာရှက်ခါ ရာအိုက ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ လမ်းမပေါ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လေးမိနစ်လျှင်တစ်ကြိမ်နှုန်းအထိ ဖြစ်ပွားနေပါတယ်။

အိန္ဒိယကျေးလက်ဒေသတွေမျာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားများဟာလည်း အိုဟောင်းနေပြီး ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘတ်စ်ကား အများအပြားဟာလည်း ဘေးကင်းလုံခြုံမှုဆိုင်ရာ အခြေခံ သတ်မှတ်ချက်တွေကို လိုက်နာကြခြင်းမရှိကြောင်း သိရပါတယ်။

Photo: ITV



အိန္ဒိယဘတ်စ်ကားတွေမှာ လူများစုံပြုံလိုက်ပါကြခြင်း သို့မဟုတ် ထိုင်ခုံနေရာမရပါက ကားအမိုးပေါ်ကနေ လိုက်ပါစီးနင်းကြခြင်းတို့ကို မြင်တွေ့နေကြမြဲ ဖြစ်ပါတယ်။

လမ်းမပေါ် မတော်တဆမှုတွေဟာ ပြုပြင်ထိန်းသိမ်းမှုနည်းပါးတဲ့ မော်တော်ယာဉ်များ၊ အရည်အသွေးညံ့ဖျင်းတဲ့ ယာဉ်မောင်းနဲ့ လမ်းမများကြောင့် ဖြစ်ပွားလေ့ရှိကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က