ရဲတပ်ဖွဲ့က လူတစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဥ် အိမ်ဖြူတော်အပြင်ဘက်မှာ ပတ်ဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သတင်းစာရှင်းလင်းပွဲ ခေတ္တရပ်နားခဲ့ရပြီး သမ္မတကို လုံခြုံရေးက ရုတ်တရက် လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

(Photo: AFP)

သမ္မတထရန့်က ဩဂုတ် ၁၀ ရက်နေ့မှာ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဥ် အိမ်ဖြူတော်အပြင်ဘက် ပတ်ဝန်းကျင်မှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထရန့်က သတင်းစာရှင်းလင်းပွဲကနေ ထွက်ခွာသွားခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ ပြန်ရောက်လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လူတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်းနဲ့ ၎င်းကို ဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း သမ္မတထရန့်က ပြောခဲ့ပါတယ်။

(Photo: AP)

"အိမ်ဖြူတော်အပြင်ဘက်မှာ ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့တာပါ၊ ကောင်းစွာထိန်းချုပ်ထားပြီလို့ ထင်ပါတယ်၊ ဒါပေမဲ့ အမှန်တစ်ကယ် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ တစ်စုံတစ်ယောက်ကို ဆေးရုံပို့လိုက်ပါတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ အခြေအနေကိုတော့ ကျွန်တော် မသိပါဘူး" လို့ ထရန့်က သတင်းစာရှင်းလင်းပွဲကို ပြန်ရောက်လာစဥ် ပြောခဲ့ပါတယ်။ ၎င်းကို သတင်းစာရှင်းလင်းပွဲက‌နေ ဘဲဥပုံရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့လည်း ထရန့်က ဆိုပါတယ်။



(Map: Google)

Secret Service က Twitter ရေးသားထားမှုအရ ၁၇ လမ်းနဲ့ ပင်ဆယ်ဗေးနီးယားလမ်းထောင့်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ အကြောင်းရင်းနဲ့ ပစ်ခတ်ခံရသူရဲ့ အချက်အလက်ကို မသိကြောင်း၊ သို့သော် ထိုပုဂ္ဂိုလ်ဟာ လက်နက်ကိုင်ဆောင်ထားတယ်လို့ ထရန့်က ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲကို ပြန်ရောက်လာခဲ့ပြီးနောက် ယခုဖြစ်ရပ်ကြောင့် တုန်လှုပ်သွားခဲ့ခြင်းရှိ မရှိ ထရန့်ကို မေးမြန်းခဲ့ရာမှာတော့ "ကမ္ဘာကြီးက အမြဲတမ်း အန္တရာယ်ရှိတဲ့ နေရာပါ၊ ဒါက ထူးခြားတဲ့အရာ မဟုတ်ပါဘူး" လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။ Secret Service နဲ့ အလွန်လုံခြုံတယ်လို့ ခံစားရကြောင်းလည်း အမေရိကန်သမ္မထရန့်က ပြောခဲ့ပါတယ်။

Source: Reuters, CNBC

Share

Loading Next Article...
က္က