အီရန် နေရာဒေသ အများအပြားမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေကြီးမှုတွေ ဖြစ်ပေါ်နေတဲ့ အီရန်နိုင်ငံ မြို့ငယ်နဲ့ကျေးရွာတွေမှ ဒေသခံတွေကို နောက်ထပ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးနေရပြီး မိုးဆက်လက်ရွာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(Photo: Reuters)

အီရန်မှာ သီတင်းသုံးပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့မှုကြောင့် နိုင်ငံရဲ့ နေရာဒေသ အများအပြားဟာ ရေကြီးမှုကြုံခဲ့ရပြီး လက်ရှိအချိန်အထိ လူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရန် အနောက်တောင်ပိုင်း ဒေသတွေမှာ နောက်ထပ် မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပြီး လူဦးရေ ၄၀၀,၀၀၀ ဟာ ရေကြီးမှုအန္တရာယ်ရှိနေပါတယ်။



ဒေသခံတွေအနက် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ရေဘေးကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းစေခဲ့ပြီး အမျိုးသားတွေကိုတော့ ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ကူညီကြရန် အာဏာပိုင်တွေက ပြောကြားထားပါတယ်။
(Photo: Mehdi Pedramkhoo)

ရေကြီးမှုအန္တရာယ်ရှိတာကြောင့် အီရတ်နဲ့နယ်စပ် အီရန်အနောက်မြောက်ပိုင်း Khuzestan ပြည်နယ်မှာ ရွှေ့ပြောင်းမှုတွေ အဓိက လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ Karkheh မြစ်ကြောင်းတစ်လျှောက် မြို့ကြီးမြို့ငယ် ခြောက်ခုမှာ ရွှေ့ပြောင်းမှုတွေကို အလျင်အမြန် လုပ်ဆောင်ခဲ့ကြောင်း Khuzestan ပြည်နယ် အုပ်ချုပ်ရေးမှူး Gholamreza Shariati က ပြောပါတယ်။

ရေကြီးမှုအခြေအနေဟာ အရေးပေါ်ဖြစ်နေကြောင်း၊ ရေကြီးမှုတွေ ပြန်ဖြစ်လာမည်ကို စိုးရိမ်မှုတွေရှိနေသည့်တိုင် ရေသိုလှောင်နိုင်မှု ပမာဏထက် ပိုများလာတာကြောင့် Karkheh ဆည်ကို ရေဖောက်ထုတ်ခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း Khuzestan ပြည်နယ်ရှိ ကျေးရွာ ၇၀ ဝန်းကျင်မှ ဒေသခံတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ လတ်ရှိအချိန်အထိ Khuzestan ပြည်နယ်မြို့တော် Ahvaz မြို့မှာတော့ ရွှေ့ပြောင်းရန်ညွန်ကြားထားခြင်း မရှိသေးဘူးလို့ဆိုပါတယ်။

ရေကြီးမှုတွေကြောင့် အီရတ်နိုင်ငံက အီရန်နဲ့နယ်စပ်ကို နောက်ထပ် အသိပေးမှု မထုတ်ပြန်မချင်း ခရီးသည်နဲ့ကုန်စည် ဖြတ်သန်းမှုမပြုရန် ပိတ်ပင်ထားပါတယ်။ အီရန် အရှေ့မြောက်ပိုင်းမှာ မတ်လ ၁၉ ရက်နေ့က ရေကြီးမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၅ ရက်မှာတော့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

(Photo: BBC)

ဧပြီ ၁ ရက်နေ့ကလည်း အဆိုပါ ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုတွေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။ Lorestan ပြည်နယ်ဟာ ရေကြီးမှု အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရပြီး မြို့ရွာများကြား ဆက်သွယ်ရေးလမ်းများ ပြတ်တောက်သွားခဲ့ပါတယ်။ အီရန်နိုင်ငံ လမ်းများအားလုံးရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ လမ်းအရှည် မိုင်ပေါင်း ၇,၅၀၀ ခန့်ဟာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ကြောင်းသိရပါတယ်။

(Photo: Saeed Soroush)

ရေကြီးမှုကြောင့် အီရန်နိုင်ငံတစ်ဝှမ်းရှိ ထောင်နဲ့ချီတဲ့ လမ်းမများ၊ တံတားများနဲ့ အဆောက်အအုံများ ပျက်စီးခဲ့ပါတယ်။ ရေဘေးသင့် အီရန်ပြည်သူ ၈၆,၀၀၀ ဟာ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပြီး ၎င်းတို့အနက် လူဦးရေ ၁,၀၀၀ ကို လေကြောင်းမှတစ်ဆင့် ရေးဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က