ဘူတာရုံကို လမ်းလျှောက်သွားနေကြစဥ် ခြေကုန်လက်ပန်းကျပြီး ရထားလမ်းပေါ်မှာ အိပ်ပျော်သွားခဲ့ကြပါတယ်။
Ko John

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်မှာ အိပ်ပျော်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးကို ကုန်စည်ရထားတစ်စင်းက ကြိတ်သွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။

(Photo: Reuters)

ရွှေ့ပြောင်းလုပ်သားတွေဟာ သောကြာနေ့ (မေ ၇ ရက်) က ဘူတာရုံကို လမ်းလျှောက်သွားရန် ကြိုးပမ်းနေကြစဥ် ခြေကုန်လက်ပန်းကျပြီး ရထားလမ်းပေါ်မှာ အိပ်ပျော်နေခဲ့ကြစဥ် ရထားကြိတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့က ဘူတာရုံကနေ ရထားစီးပြီး အိမ်ပြန်နိုင်ရန် မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ COVID-19 ထိန်းချုပ်ရေး lockdown အစီအမံကာလအတွင်း ၎င်းတို့ နေအိမ်ရှိရာ ကျေးရွာများသို့ပြန်ကြမယ့် ရွှေ့ပြောင်းလုပ်သားတွေကို အထူးရထားများစီစဥ်ပြီး ပို့ဆောင်ပေးနေပါတယ်။ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာက lockdown လုပ်ထားစဥ်အတွင်း မြို့ကြီးတွေကနေ ခြေလျင်ထွက်ပြေးလာခဲ့ကြတာပါတယ်။

(Photo: The Indian Express)

အိန္ဒိယ ရွှေ့ပြောင်းလုပ်သားတွေဟာ ဝင်ငွေပိုမိုရရှိ မျှော်လင့်ချက်များဖြင့် ၎င်းတို့ရဲ့နေရပ် ကျေးလက်ဒေသများမှ မြို့ကြီးများသို့လာရောက်ကာ အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ မတ်လ ၂၄ ရက်နေ့မှ ညပိုင်းမှစပြီး lockdown အစီအမံအရ စက်ရုံ၊ အလုပ်ရုံများ ပိတ်ပင်လိုက်ရာ ရွှေ့ပြောင်းလုပ်သားအများစုဟာ အစာရေစာငတ်ပြတ်မှာကို စိုးရိမ်ပူပန်ခဲ့ကြပြီး ၎င်းတို့ရဲ့နေရပ် ကျေးရွာများသို့ လမ်းလျှောက်ပြန်ရန် ကြိုးပမ်းလာခဲ့ကြကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

Lockdown လုပ်လိုက်တာကြောင့် ဘတ်စ်ကားနဲ့ ရထား ပြေးဆွဲမှုများ ရပ်ဆိုင်းလိုက်ရာ ရွှေ့ပြောင်းလုပ်သားတွေဟာ နေရပ်ပြန်ကြရန် လမ်းလျှောက်သွားရန်သာ တတ်နိုင်တော့လည်း ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားများစွာ ထိုသို့ အခက်အခဲကြုံရမှုအပေါ် အိန္ဒိယနိုင်ငံအတွင်း ဒေါသတကြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ယခုလ အစောပိုင်းမှာတော့ အစိုးရက lockdown အစီအမံအရ ပိတ်ပင်ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးလာခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရန် အထူးရထားများနဲ့ ဘတ်စ်ကားများ စီစဥ်ပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က