အိန္ဒိယမှာ ကူးစက်ခံရသူ စုစုပေါင်း ၃.၃ သန်းကျော်လွန်ပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် COVID-19 ကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ယနေ့ (ဩဂုတ် ၂၇ ရက်) ထုတ်ပြန်မှုအရ နောက်ထပ် ကူးစက်လူနာသစ် ၇၅,၇၆၀ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

(Image: Worldometers webpage screengrab)

အိန္ဒိယမှာ နေ့အလိုက် COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ နေ့တွေမှာ ဆက်တိုက် ၆၀,၀၀၀ အထက်မှာ ဖြစ်နေခဲ့ပြီး ယနေ့စာရင်းတွေအရ ကူးစက်ခံရသူ စုစုပေါင်း ၃.၃ သန်းကျော်လွန်ပြီလည်း ဖြစ်ပါတယ်။ COVID-19 ကြောင့် အိန္ဒိယမှာ သေဆုံးသူဦးရေဟာလည်း ၂၄ နာရီအတွင်း ၁,၀၂၃ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၆၀,၄၇၂ ဦးရှိလာပါတယ်။



အိန္ဒိယမှာ နေ့အလိုက် ကူးစက်မှုဟာ ဩဂုတ် ၇ ရက်နောက်ပိုင်း ကမ္ဘာတစ်ဝန်း အမြင့်ဆုံးဖြစ်လာကြောင်း Reuters သတင်းဌာနရဲ့ စာရင်းအရ သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းနဲ့ နယူးဒေလီ မြို့တွေမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယဟာ အာရှဒေသတွင်း ကူးစက်မှုအဆိုးဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ၈ လအတွင်း ကမ္ဘာ့လူဦးရေ ၂၄ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၈၃၀,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာသူ ၁၆.၈ သန်းကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က