အီရန်မှာ အရက်ကို ဥပဒေဖြင့်ပိတ်ပင်ထားပေမဲ့ တရားမဝင် အရက်ပုန်းချက်မှုနဲ့ သောက်သုံးမှုတွေ ကျယ်ပြန့်စွာရှိနေပါတယ်။

အီရန်နိုင်ငံမှာ အဆိပ်အတောက်စေတဲ့ အရက်ပုန်းသောက်ပြီးနောက် လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။


အီရန်မှာ သိမ်းဆည်းထားသည့် အရက်ပုလင်းများ (Photo: The Financial Express)



တရားမဝင် ချက်လုပ်ထားတဲ့ အရက်သောက်ပြီးနောက် လူ ၁၆ ဦး မျက်စိကွယ်သွားခဲ့ကြောင်းနဲ့ အခြား လူ ၁၇၀ ဟာလည်း ကျောက်ကပ်ဆေးကြောမှု ခံယူနေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Iraj Harirchi က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်အတွင်း ပြည်နယ်ငါးခုမှ လူ ၄၆၀ ထက်မနည်း အရက်ပုန်းသောက်ပြီးနောက် ဆေးရုံတက်ခဲ့ရကြောင်းနဲ့ အသက်အငယ်ဆုံးအဖြစ် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

သိမ်းဆည်းထားသည့် ဘီယာဘူးများကို ဖွင့်ထုတ်ပစ်စဉ် (Photo: Getty Images)



အီရန်နိုင်ငံမှာ အရက်ကို ဥပဒေဖြင့် တားမြစ်ပိတ်ပင်ထားပေမဲ့ တရားမဝင် အရက်ပုန်းချက်လုပ်ရောင်းချမှုနဲ့ သောက်သုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။ အရက်ချက်လုပ်ရာမှာ အီသနော (ethanol) အစား အဆိပ်သင့်စေနိုင်တဲ့ မက်သနော (methanol) ကို ထည့်သွင်းအသုံးပြုကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အီရန်တောင်ပိုင်း Bandar Abbas မြို့မှာ တရားမဝင် အရက်ပုန်းချက်လုပ်တဲ့ စုံတွဲတစ်တွဲကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။

အီရန်အာဏာပိုင်တွေက သိမ်းဆည်းခဲ့သည့် အရက်များ (Photo: RFI)



အီရန်မှာ အရက်ပုန်းသောက်မှုကြောင့် သေဆုံးမှုနဲ့ ကျန်မာရေးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပေမဲ့ ယခုတစ်ကြိမ် ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုနဲ့ အရက်အဆိပ်သင့်မှုဖြစ်ခဲ့တဲ့ ပြည်နယ်အရေအတွက်မှာ အံ့အားသင့်ဖွယ် များပြားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်မှာ ငွေတန်ဖိုးကျဆင်းသွားမှုနဲ့အတူ လူအများအပြးက နိုင်ငံခြားမှတင်သွင်းလာတဲ့ တန်ဖိုးကြီးအရက်တွေအစား ဈေးသက်သာတဲ့ အိမ်ချက်အရက်တွေကို ပြောင်းလဲသောက်သုံးလာကြပါတယ်။

အီရန်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်တွေရဲ့ အဆိုအရ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၃၀ တန်ဖိုးရှိ အရက်ပုလင်း သန်း ၈၀ ကို နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က