loading...

loading...

loading...

တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်ရှိနေပါတယ်။
Ko John

COVID-19 ရောဂါဗိုင်းရပ်စ်အခြေအနေ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ အီတလီနိုင်ငံမှာ မတ်လ ၂၂ ရက်နေ့ကလည်း နောက်ထပ် ၆၅၁ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၅,၄၇၆ ဦးအထိ ရှိလာခဲ့ပါတယ်။

(Photo: AP)

အီတလီမှာ မတ်လ ၂၁ ရက်နေ့က ဗိုင်ရပ်စ်ကြောင့် နေ့စဥ် သေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ၇၉၃ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ အီတလီနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ အပါအဝင် အခြား နိုင်ငံများအားလုံးထက် ပိုမိုများပြားပါတယ်။

မတ်လ ၂၂ ရက် ညပိုင်းအထိ စာရင်းတွေအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၉,၁၃၈ ဦးအထိ ရှိလာခဲ့ပြီး ပြန်လည်သက်သာသူ ၇,၀၂၄ ဦးရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ယခင်ကထက် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

လာမယ့် ရက်များအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့ကျသွားမယ်လို့ အားလုံးက မျှော်လင့်ကြောင်း အီတလီ ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲ Angelo Borrelli သတင်းထောက်တွေကို ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ ဆက်လက်ရှိနေခဲ့ပါတယ်။ မီလန်မြို့ပတ်ဝန်းကျင် မြောက်ပိုင်း Lombardy နယ်မြေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်ပွားနေတာ ဖြစ်ပါတယ်။

(Photo: IPA/Back Grid)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၂ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁၆,၅၃၉ ဦးနဲ့ သေဆုံးသူ ၁၄,၃၆၅ ဦးအထိ ရှိလာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က