အောက်တိုဘာလအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
Ko John

အီရတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ တစ်ကျော့ပြန် အရှိန်မြင့်ဖြစ်ပွားခဲ့ပြီး တစ်ရက်အတွင်း လူ ၄၀ နီးပါး သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AP)

ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန်ကျင့်ရေး ဆန္ဒပြမှုများအတွင်း အီရတ်တောင်ပိုင်း နာဆီရီယာမြို့မှာ တံတားများပေါ်ရှိ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းခဲ့စဥ် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အီရတ်မြို့တော် ဘဂ္ဂဒက်မှာလည်း ဆန္ဒပြသူလေးဦးနဲ့ နာဂျက်ဖ်မြို့မှာလည်း ဆန္ဒပြ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နာဂျက်ဖ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအဓိကရုဏ်းအတွင်း အီရန်ကောင်စစ်ဝန်ရုံး မီးလောင်ခဲ့ပါတယ်။ အီရတ်နိုင်ငံမှာ အလုပ်အကိုင်ပိုမိုရရှိရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အစိုးရဝန်ဆောင်မှုများအတွက် ပြည်သူတွေက လမ်းမများပေါ်ထွက်ကာ ဆန္ဒပြနေခဲ့ကြပါတယ်။

(Photo: AP)

ဆူပူအုံကြွမှုတွေကို ဖြိုခွင်းရန်အတွက် စစ်သားများပါဝင်တဲ့ အရေးအခင်း တုံ့ပြန်ဆောင်ရွက်တဲ့အဖွဲ့များကို ဖွဲ့စည်းထားကြောင်း အီရတ်စစ်တပ်က ကြေညာထားပါတယ်။ စစ်တပ်ကဦးဆောင်တဲ့ အရေးပေါ်အခြေအနေ ကိုင်တွယ်ဆောင်ရွက်ရေးအဖွဲ့က လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အီရတ်မှာ အောက်တိုဘာလအတွင်းမှစပြီး ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ရာ လူ ၃၅၀ ဦးထက်မနည်း သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က