အောက်တိုဘာ ၄ ရက် တစ်ရက်တည်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံမှာ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ဖြစ်ပွားနေခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း သေဆုံးသူအရေအတွက် ၁၀၀ နီးပါးအထိရှိလာကြောင်း လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

(Photo: Thaier Al-Sudani/Reuters)

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ပြင်းထန်နေခဲ့ပြီ ဆန္ဒပြမှုတွေ ငါးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့က ဘဂ္ဂဒက်မြို့မှာ လူငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အီရတ်စစ်တပ်က အစောပိုင်း ပြောကြားခဲ့မှုအရ ဘဂ္ဂဒက်မြို့မှာ မည်သည်မှန်းမသိရတဲ့ စနိုက်ပါသေနတ်သမားတွေ ပစ်ခတ်မှုကြောင့် ရဲအရာရှိ နှစ်ဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေရဲ့ သဘာဝကျတဲ့ တောင်းဆိုမှုတွေကို အစိုးရအနေနဲ့ နားထောင်ခဲ့ကြောင်း သို့သော် တည်ငြိမ်အေးဆေးမှုရှိကြရန် အီရတ်ဝန်ကြီးချုပ် အဒဲလ်အဗ္ဗဒဲလ်မာဟ်ဒီက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ 



(Photo: Hadi Mizban/AP)

အီရတ်မှာ လူငယ်များ အလုပ်လက်မဲ့နှုန်းမြင့်တက်နေမှု၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ညံ့ဖျင်းနေမှုနဲ့ ကာလရှည်ကြာ အဂတိလိုက်စားမှုတို့ကို မကျေနပ်ကြရာက အောက်တိုဘာ ၁ ရက်နေ့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ယခု ဆန္ဒပြမှုတွေဟာ တစ်နှစ်နီးပါးကြာ အာဏာရခဲ့တဲ့ ဝန်ကြီးချုပ်မာဟ်ဒီရဲ့ နုနယ်တဲ့ အစိုးရအတွက် ပထမဆုံးအကြိမ် အဓိက စိန်ခေါ်မှုကြီးလည်း ဖြစ်လာပါတယ်။ အီရတ်ဝန်ကြီးချုပ်က တည်ငြိမ်အေးဆေးကြရန်နဲ့ သည်းခံကြရန် ပန်ကြားခဲ့ပေမဲ့ အီရတ်ပြည်သူတွေက သောကြာနေ့ (အောက်တိုဘာ ၄ ရက်) မှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။

(Photo: Khalid Mohammed/AP)

အီရတ်မြို့တော် ဘဂ္ဂဒက်မြို့မှာ အချိန်အကန့်အသတ်မရှိ ကာဖျူးအမိန့်ထုတ်ပြန်ထားပြီး အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားခဲ့ပေမဲ့ ဆန္ဒပြသူတွေ စုရုံးကြခြင်းကို မတားဆီးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ Reuters သတင်းမှာဖော်ပြမှုအရ ဘဂ္ဂဒက်မြို့ရှိ Tahrir ရင်ပြင်ကို လာရောက်စုရုံးရန် ကြိုးပမ်းခဲ့တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျည်ဆန်အစစ်များသုံးပြီး ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ အီရတ်မှာ ဆူပူအုံကြွ ဆန္ဒပြမှုအများအပြားကို Tahrir ရင်ပြင်နေရာမှာ အဓိကထား ပြုလုပ်ကြခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: Alaa al-Marjani/Reuters)

ဘဂ္ဂဒက်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြအဓိကရုဏ်းများအတွင် ယမန်နေ့တစ်ရက်တည်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆေးရုံနဲ့ လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ထိုအတောအတွင်း ကုလသမဂ္ဂက အီရတ်မှာ လူ့အသက်များ အဓိပ္ပါယ်မဲ့ ဆုံးရှုံးနေရမှုကို ရပ်တန့်နိုင်ရေး ဆန္ဒပြအဓိကရုဏ်းတွေကို အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က