တောင်တန်းဒေသရှိ တောတွင်းနေအိမ်မှာ အကင်ကင်စားခဲ့ကြပါတယ်။

အီတလီနိုင်ငံ ကိုမိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရသူ ကျောင်သားနှစ်ဦးကို တစ်ဦးလျှင် ယူရိုငွေ ၁၃.၅ သန်း ငွေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Getty Images)

ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က တောမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့စဉ် အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားနှစ်ဦးဟာ ၎င်းတို့ထဲမှ တစ်ဦးရဲ့အဘိုးဖြစ်သူ ပိုင်ဆိုင်တဲ့ တောင်တန်းဒေသရှိ တောတွင်းနေအိမ်မှာ အသားကင်စားနေခဲ့ကြတယ်လို့ ဆိုပါတယ်။



တောမီးလောင်မှုအတွက် ကျောင်းသားနှစ်ဦး ပေးဆောင်ရမယ့် အလွန်များပြားတဲ့ ငွေဒဏ်ပမာဏဟာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးရမှုအပေါ် အခြေခံပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက တွက်ချက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ငွေဒဏ်ချမှတ်ခံရတဲ့ ကျောင်သားနှစ်ဦးအနက် တစ်ဦးက ၎င်းတို့ဟာ အခြားသူတွေအတွက်ပါ ပြစ်ဒဏ်ခံလိုက်ရတာ ဖြစ်တယ်လို့ အီတလီမီဒီယာကို ဖွင့်ဟခဲ့ပါတယ်။

(Photo: FoxNews)

ကျောင်းသားတစ်ဦးက တောမီးလောင်ခဲ့မှုအတွက် အလွန်ဝမ်းနည်းမိကြောင်း သို့သော် တောမီးလောင်မှု ဖြစ်ပွားရတဲ့ အခြား အကြောင်းရင်းတွေလည်း ရှိခဲ့သေးတယ်လို့ အီတလီသတင်းစာ La Stampa ကို ပြောခဲ့ပါတယ်။

"ကျွန်တော်တို့က ရှင်းပြလို့မရနိုင်တဲ့ တောမီးလောင်မှုမှာ အချောင်ခံလိုက်ရသူတွေပါ၊ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့က အမှန်တစ်ကယ်ခံရသူတွေပါဗျာ၊ ကျွန်တော်တို့ မီးသတ်ကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း မီးငြှိမ်းသတ်ခဲ့ပါတယ်" လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

(Photo: Vigili del Fuoco)

မည်သို့ဆိုစေ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ မီးတောက်ကူးစက်လာရာ လမ်းကြောင်းကို လိုက်လံစစ်ဆေးရာမှာ ကျောင်းသားနှစ်ဦး အကင်ကင်စားကြတဲ့ မီးခဲတွေမှဖြစ်ကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။ ၎င်းတို့နှစ်ဦးက အလွန်ပူပြင်းနေချိန်မှာ အကင်ကင်စားနေခဲ့ကြတယ်လို့လည်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောခဲ့ပါတယ်။

တောမီးလောင်မှုနဲ့ပတ်သက်ပြီး ကျောင်းသားနှစ်ဦးနဲ့ အိမ်ပိုင်ရှင်မှာ တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလအတွင်း Monte Berlinghera တောင်းတန်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုဟာ ရက်အနည်းငယ်ကြာခဲ့ပြီး သစ်တောဧရိယာ ဧက ၂,၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က