ဘီယာစက်ရုံ ဝန်ထမ်းဟောင်းက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် နာမည်ကြီး ဘီယာစက်ရုံတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဖေဖေါ်ဝါရီ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲအစောပိုင်းက ဝစ်ကွန်ဆင်ပြည်နယ် မီလ်ဝေါကီးမြို့ရှိ Molson Coors ဘီယာစက်ရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထိုမြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲ အယ်လ်ဖွန်ဆိုမိုရာလက်စ်က သတင်းထောက်တွေကို ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားစဥ်က ဘီယာစက်ရုံမှာ ဝန်ထမ်း ၁,၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။ သေနတ်သမားဟာ ဘီယာစက်ရုံမှာ ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်အဆုံးစီရင်သွားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: AP)

သေနတ်သမားဟာ အသက် ၅၁ နှစ်အရွယ် မီလ်ဝေါကီးမြို့ခံ ဘီယာစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘီယာစက်ရုံအနီးရှိ စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဝင်အထွက် ပိတ်ပင်ထားကြောင်း အမေရိကန်မီဒီယာက ပြောပါတယ်။



ကနေဒါ-အမေရိကန် ဖက်စပ်ကုမ္ပဏီ Molson Coors ကုမ္ပဏီက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ မိမိတို့ရဲ့ ထိပ်တန်ဦးစားပေးဟာ မိမိတို့ ဝန်ထမ်းတွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ Molson Coors က Coors နဲ့ Miller အမှတ်တံဆိပ် ဘီယာများကို ထုတ်လုပ်ရောင်းချနေပြီး ကမ္ဘာ့ ခုနစ်ခုမြောက် အကြီးဆုံး ဘီယာစက်ရုံလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က